ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်နည်းပြတွေအတွက် သတိပြုစရာ သင်္ချိုင်းဖြစ်လာ

ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့နည်းပြတွေရော အသင်းငယ်တွေရဲ့နည်းပြတွေပါ သတိထားရမှာကတော့ လီဗာပူးလ်နဲ့ရင်ဆိုင်ရင် မပေါ့ဆကြဖို့ပါပဲ။ ဘုန်းမောက်နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့

စကော့ပါကားဟာ ကြိုးကြာနီတွေကိုရှုံးနိမ့်တဲ့နောက် ထုတ်ပယ်ခံရတဲ့ ၆ ဦးမြောက် ပရီးမီးယားလိဂ်နည်းပြအဖြစ် မှတ်တမ်းဝင်သွားလို့ပါ။ ပြီးခဲ့တဲ့စနေမှာ လီဗာပူးလ်ကို ၉-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့နောက် ဘုန်းမောက်ဟာ

သူတို့နည်းပြကို အင်္ဂါနေ့မှာထုတ်ပယ်ခဲ့ပါတယ်။ ဒါဟာ ဆွမ်ဆီးနည်းပြဟောင်း ဖရန်စစ္စကိုဂိုင်ဒိုလင်၊ ဝက်စ်ဟမ်းနည်းပြဟောင်း ဆလာဗန်ဘီလစ်၊ ဖူလ်ဟမ်နည်းပြဟောင်း ဂျိုကာနိုဗစ်တို့နောက်ကို စကော့ပါကား

လိုက်ခဲ့ရတာပါ။ ဒါတင်မကသေးပါဘူး။ စပါယ်ရှယ်ဝမ်းလို့နာမည်ကျော်တဲ့ ဟိုဆေးမော်ရင်ညိုလည်း ၂၀၁၈ ဒီဇင်ဘာတုန်းက အန်ဖီးလ်မှာ ၃-၁ ဂိုးနဲ့ရှုံးတဲ့နောက် မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပြီးတော့ အဲဗာတန်နည်းပြဟောင်း မာကိုဆေးလ်ဗား ရှိပါသေးတယ်။ ၂၀၁၉ မာဆေးဆိုက်ဒါဘီမှာ လီဗာပူးလ်ကိုရှုံးတဲ့နောက် သူလည်း ဂွတ်ဒီဆင်ပါ့ခ်ကနေ လစ်ခဲ့ရပါတယ်။ လာမယ့် မာဆေးဆိုက်ဒါဘီမှာ

ဂျာဂင်ကလော့ပ်ရဲ့လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် ဖရန့်လမ်းပတ်အတွက်တောင် မျက်ခုံးလှုပ်ချင်စရာကောင်းနေပါတယ်။ တော်ဖီတွေဟာ ဒီရာသီမှာ နိုင်ပွဲမရသေးဘဲ( လိဒ်နဲ့ပွဲမတိုင်ခင် ) တန်းဆင်းဇုန်ထဲ ရောက်နေတာပါ။

သူတို့ရဲ့အထက်က ဘုန်းမောက်ဟာ ရာသီအဖွင့် ၄ ပွဲမှာ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့နဲ့ ပွဲကျပ်ကစားခဲ့ရတာဖြစ်ပေမယ့် အသင်းပိုင်ရှင်တွေကတော့ ပရီးမီးယားလိဂ်ကိုတန်းပြန်တက်အောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြစကော့ပါကားကိုပဲ စတေးသွားခဲ့တာဖြစ်ပါတယ်။

(zawgyi)

ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြရဲ႕နည္းျပေတြေရာ အသင္းငယ္ေတြရဲ႕နည္းျပေတြပါ သတိထားရမွာကေတာ့ လီဗာပူးလ္နဲ႔ရင္ဆိုင္ရင္ မေပါ့ဆၾကဖို႔ပါပဲ။ ဘုန္းေမာက္နည္းျပရာထူးကေန

ထုတ္ပယ္ခံလိုက္ရတဲ့ စေကာ့ပါကားဟာ ႀကိဳးၾကာနီေတြကိုရႈံးနိမ့္တဲ့ေနာက္ ထုတ္ပယ္ခံရတဲ့ ၆ ဦးေျမာက္ ပရီးမီးယားလိဂ္နည္းျပအျဖစ္ မွတ္တမ္းဝင္သြားလို႔ပါ။ ၿပီးခဲ့တဲ့စေနမွာ လီဗာပူးလ္ကို ၉-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ေနာက္

ဘုန္းေမာက္ဟာ သူတို႔နည္းျပကို အဂၤါေန႔မွာထုတ္ပယ္ခဲ့ပါတယ္။ ဒါဟာ ဆြမ္ဆီးနည္းျပေဟာင္း ဖရန္စစၥကိုဂိုင္ဒိုလင္၊ ဝက္စ္ဟမ္းနည္းျပေဟာင္း ဆလာဗန္ဘီလစ္၊ ဖူလ္ဟမ္နည္းျပေဟာင္း ဂ်ိဳကာႏိုဗစ္တို႔ေနာက္ကို

စေကာ့ပါကား လိုက္ခဲ့ရတာပါ။ ဒါတင္မကေသးပါဘူး။ စပါယ္ရွယ္ဝမ္းလို႔နာမည္ေက်ာ္တဲ့ ဟိုေဆးေမာ္ရင္ညိဳလည္း ၂၀၁၈ ဒီဇင္ဘာတုန္းက အန္ဖီးလ္မွာ ၃-၁ ဂိုးနဲ႔ရႈံးတဲ့ေနာက္ မန္ယူနည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရပါတယ္။

ၿပီးေတာ့ အဲဗာတန္နည္းျပေဟာင္း မာကိုေဆးလ္ဗား ရွိပါေသးတယ္။ ၂၀၁၉ မာေဆးဆိုက္ဒါဘီမွာ လီဗာပူးလ္ကိုရႈံးတဲ့ေနာက္ သူလည္း ဂြတ္ဒီဆင္ပါ့ခ္ကေန လစ္ခဲ့ရပါတယ္။ လာမယ့္ မာေဆးဆိုက္ဒါဘီမွာ ဂ်ာဂင္ကေလာ့ပ္ရဲ႕လီဗာပူးလ္နဲ႔

ရင္ဆိုင္ရမယ့္ ဖရန႔္လမ္းပတ္အတြက္ေတာင္ မ်က္ခုံးလႈပ္ခ်င္စရာေကာင္းေနပါတယ္။ ေတာ္ဖီေတြဟာ ဒီရာသီမွာ ႏိုင္ပြဲမရေသးဘဲ( လိဒ္နဲ႔ပြဲမတိုင္ခင္ ) တန္းဆင္းဇုန္ထဲ ေရာက္ေနတာပါ။ သူတို႔ရဲ႕အထက္က ဘုန္းေမာက္ဟာ

ရာသီအဖြင့္ ၄ ပြဲမွာ မန္စီးတီး၊ အာဆင္နယ္၊ လီဗာပူးလ္တို႔နဲ႔ ပြဲက်ပ္ကစားခဲ့ရတာျဖစ္ေပမယ့္ အသင္းပိုင္ရွင္ေတြကေတာ့ ပရီးမီးယားလိဂ္ကိုတန္းျပန္တက္ေအာင္ ဦးေဆာင္ေပးခဲ့တဲ့ နည္းျပစေကာ့ပါကားကိုပဲ စေတးသြားခဲ့တာျဖစ္ပါတယ္။