ဂျာဂင်ကလော့ပ်တောင် ကြွေသွားပြီး တလေးတစားလာနှုတ်ဆက်ခဲ့ရတဲ့ မီထရိုဗစ်

ဖူလ်ဟမ်နဲ့ လီဗာပူးလ်တို့ ၂ ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ နှစ်ဖက်အသင်းနည်းပြနဲ့အဖွဲ့ဝင်တွေ၊ ကစားသမားတွေ ထုံးစံအတိုင်း နှုတ်ဆက်ခဲ့ကြပါတယ်။ ဒီနေရာမှာ

လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ် ထူးထူးခြားခြား နှုတ်ဆက်ခဲ့သူတစ်ယောက်ရှိပါတယ်။ ပြိုင်ဘက်တိုက်စစ်မှူး မီထရိုဗစ်ပါ။ ဂျာမန်သားဟာ ဖူလ်ဟမ်တိုက်စစ်မှူးနဲ့

လက်ဝါးချင်းရိုက်ပြီးတဲ့နောက် ပါးကိုချစ်စနိုးနဲ့ ခပ်ဖွဖွလှမ်းရိုက်သွားခဲ့ပါတယ်။ သူ့မျက်ဝန်းမှာ ဆားဘီးယားတိုက်စစ်မှူးအပေါ် အထင်ကြီးမှုတွေပေါ်လွင်နေသလို

ပြုံးရယ်ပြီးနှုတ်ဆက်သွားခဲ့တာပါ။ တကယ်တော့ ဂျာဂင်ကလော့ပ်သာမက ပရိသတ်အားလုံးကပါ မီထရိုဗစ်ကို လေးစားခဲ့ကြရတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးဟာ

ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုး ၂ ဂိုးလုံး သွင်းပေးနိုင်ခဲ့သူပါ။ လီဗာပူးလ်နောက်ခံလူအာနိုးလ်နဲ့ အပြိုင်ခေါင်းတိုက်ပြီး ပထမဂိုးသွင်းပေးခဲ့တာ၊ ပင်နယ်တီပေးရတဲ့အထိ ဗန်ဒိုက်ပျာသွားအောင်

ဖြတ်ကျော်ဆွဲပြေးပြခဲ့တာ၊ ဘော်ဒီချင်းယှဉ်တိုက်ရာမှာ ဟန်ဒါဆန်လွင့်သွားလောက်အောင် ကြံ့ခိုင်မှုပြခဲ့တာ စတာတွေက ပရိသတ်တွေရင်ထဲရောက်ခဲ့ပါတယ်။

တနည်းအားဖြင့် ချန်ပီယံရှစ်မှာ ဖူလ်ဟမ်ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်ကိုတန်းတက်နိုင်အောင် ၄၃ ဂိုးသွင်းပေးခဲ့တဲ့ခြေစွမ်းကို မီထရိုဗစ် ဆက်လက်ပြသနိုင်ခဲ့တာပါ။

(zawgyi)

ဖူလ္ဟမ္နဲ႔ လီဗာပူးလ္တို႔ ၂ ဂိုးစီသေရက်တဲ့ပြဲအၿပီးမွာ ႏွစ္ဖက္အသင္းနည္းျပနဲ႔အဖြဲ႕ဝင္ေတြ၊ ကစားသမားေတြ ထုံးစံအတိုင္း ႏႈတ္ဆက္ခဲ့ၾကပါတယ္။ ဒီေနရာမွာ လီဗာပူးလ္နည္းျပ

ဂ်ာဂင္ကေလာ့ပ္ ထူးထူးျခားျခား ႏႈတ္ဆက္ခဲ့သူတစ္ေယာက္ရွိပါတယ္။ ၿပိဳင္ဘက္တိုက္စစ္မႉး မီထ႐ိုဗစ္ပါ။ ဂ်ာမန္သားဟာ ဖူလ္ဟမ္တိုက္စစ္မႉးနဲ႔ လက္ဝါးခ်င္း႐ိုက္ၿပီးတဲ့ေနာက္

ပါးကိုခ်စ္စႏိုးနဲ႔ ခပ္ဖြဖြလွမ္း႐ိုက္သြားခဲ့ပါတယ္။ သူ႔မ်က္ဝန္းမွာ ဆားဘီးယားတိုက္စစ္မႉးအေပၚ အထင္ႀကီးမႈေတြေပၚလြင္ေနသလို ၿပဳံးရယ္ၿပီးႏႈတ္ဆက္သြားခဲ့တာပါ။ တကယ္ေတာ့

ဂ်ာဂင္ကေလာ့ပ္သာမက ပရိသတ္အားလုံးကပါ မီထ႐ိုဗစ္ကို ေလးစားခဲ့ၾကရတာျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ဖူလ္ဟမ္အတြက္ ဦးေဆာင္ဂိုး ၂ ဂိုးလုံး

သြင္းေပးႏိုင္ခဲ့သူပါ။ လီဗာပူးလ္ေနာက္ခံလူအာႏိုးလ္နဲ႔ အၿပိဳင္ေခါင္းတိုက္ၿပီး ပထမဂိုးသြင္းေပးခဲ့တာ၊ ပင္နယ္တီေပးရတဲ့အထိ ဗန္ဒိုက္ပ်ာသြားေအာင္ ျဖတ္ေက်ာ္ဆြဲေျပးျပခဲ့တာ၊ ေဘာ္ဒီခ်င္းယွဥ္တိုက္ရာမွာ

ဟန္ဒါဆန္လြင့္သြားေလာက္ေအာင္ ႀကံ့ခိုင္မႈျပခဲ့တာ စတာေတြက ပရိသတ္ေတြရင္ထဲေရာက္ခဲ့ပါတယ္။

တနည္းအားျဖင့္ ခ်န္ပီယံရွစ္မွာ ဖူလ္ဟမ္ဗိုလ္စြဲၿပီး ပရီးမီးယားလိဂ္ကိုတန္းတက္ႏိုင္ေအာင္ ၄၃ ဂိုးသြင္းေပးခဲ့တဲ့ေျခစြမ္းကို မီထ႐ိုဗစ္ ဆက္လက္ျပသႏိုင္ခဲ့တာပါ။