ဂျရူးနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကို ယူနိုက်တက် ငြင်းဆန်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့

အတွင်း တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပေမယ့်
အေစီမီလန်ဝါရင့်တိုက်စစ်မှူး ဂျရူးကိုတော့ ခေါ်ယူမှာ မဟုတ်ဘူးလို့
ငြင်းဆန်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နာမည်ကျော်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုနဲ့
လမ်းခွဲခဲ့ပြီးတဲ့နောက် နည်းပြအဲရစ်တန်ဟက်က တိုက်စစ်မှူးသစ်
ခေါ်ယူချင်နေပေမယ့် လာမယ့်လအတွင်း အသင်းပိုင်ရှင်အပြောင်းအလဲ
ဖြစ်နိုင်ခြေရှိမှုနဲ့အတူ ငွေကြေးအများကြီး သုံးခွင့်ရဖို့ မရှိဘဲ အငှားနဲ့သာ

ခေါ်ယူရမယ့်အနေအထားပါပဲ။

ယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းရဲ့ ပြင်သစ်ဝါရင့်တိုက်စစ်မှူးကြီး

ဂျရူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပေမယ့်
ယူနိုက်တက်ဘက်ကတော့ အဲဒီသတင်းတွေအပေါ် ငြင်းဆန်ခဲ့ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဂျရူးဟာ ဒီရာသီမှာ အေစီမီလန်အသင်း
အတွက် ခြေစွမ်းပြနေသလို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း
လက်ရွေးစင်အသင်းအတွက် ဂိုးတွေသွင်းယူနိုင်ခဲ့ပြီး ဂန္ထဝင်တိုက်စစ်မှူး
အွန်နရီကို ကျော်ဖြတ်ပြီးတော့ နိုင်ငံအသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမား
အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ဂျရူးရဲ့ စာချုပ်က ဒီရာသီကုန်မှာ သက်တမ်းပြည့်မှာဖြစ်ပြီး အေစီမီလန်
အသင်းဟာ သူ့ကို စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဂျရူးက ပယ်ချခဲ့ပါတယ်။

ဂျရူးကို ယူနိုက်တက်တို့ ခေါ်ယူမှာ မဟုတ်ပေမယ့် မေဂျာလိဂ်ကလပ်တချို့က
ချိတ်ဆက်နေတယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕
အတြင္း တိုက္စစ္မႉးတစ္ဦးေခၚယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ေပမယ့္
ေအစီမီလန္ဝါရင့္တိုက္စစ္မႉး ဂ်႐ူးကိုေတာ့ ေခၚယူမွာ မဟုတ္ဘူးလို႔
ျငင္းဆန္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ နာမည္ေက်ာ္တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒိုနဲ႔
လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ နည္းျပအဲရစ္တန္ဟက္က တိုက္စစ္မႉးသစ္
ေခၚယူခ်င္ေနေပမယ့္ လာမယ့္လအတြင္း အသင္းပိုင္ရွင္အေျပာင္းအလဲ

ျဖစ္ႏိုင္ေျခရွိမႈနဲ႔အတူ ေငြေၾကးအမ်ားႀကီး သုံးခြင့္ရဖို႔ မရွိဘဲ အငွားနဲ႔သာ
ေခၚယူရမယ့္အေနအထားပါပဲ။

ယူႏိုက္တက္အသင္းဟာ ေအစီမီလန္အသင္းရဲ႕ ျပင္သစ္ဝါရင့္တိုက္စစ္မႉးႀကီး
ဂ်႐ူးကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚလာေပမယ့္
ယူႏိုက္တက္ဘက္ကေတာ့ အဲဒီသတင္းေတြအေပၚ ျငင္းဆန္ခဲ့ပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဂ်႐ူးဟာ ဒီရာသီမွာ ေအစီမီလန္အသင္း
အတြက္ ေျခစြမ္းျပေနသလို ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္း
လက္ေ႐ြးစင္အသင္းအတြက္ ဂိုးေတြသြင္းယူႏိုင္ခဲ့ၿပီး ဂႏၴဝင္တိုက္စစ္မႉး
အြန္နရီကို ေက်ာ္ျဖတ္ၿပီးေတာ့ ႏိုင္ငံအသင္းရဲ႕ သြင္းဂိုးအမ်ားဆုံးကစားသမား

အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ဂ်႐ူးရဲ႕ စာခ်ဳပ္က ဒီရာသီကုန္မွာ သက္တမ္းျပည့္မွာျဖစ္ၿပီး ေအစီမီလန္

အသင္းဟာ သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ဂ်႐ူးက ပယ္ခ်ခဲ့ပါတယ္။
ဂ်႐ူးကို ယူႏိုက္တက္တို႔ ေခၚယူမွာ မဟုတ္ေပမယ့္ ေမဂ်ာလိဂ္ကလပ္တခ်ိဳ႕က
ခ်ိတ္ဆက္ေနတယ္လို႔ ESPN သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။