ဂျင်းမဟုတ်ကြောင်း နော်ဝေပိုင်တံခွန်နဲ့အတွေ့မှာ သက်သေပြသွားခဲ့တဲ့ ဥရုဂွေးပိုင်တံခွန်

ကင်းပါဝါမှာကစားခဲ့တဲ့ ရာသီကြိုကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးလ်က မန်စီးတီးကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါဟာ ကြိုးကြာနီတွေအတွက် ၂၀၀၆ နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်စွဲခြင်းပါ။

ပရိသတ်တွေကတော့ မန်စီးတီးတိုက်စစ်မှူးသစ်ဟာလန်းနဲ့ လီဗာပူးလ်တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ရဲ့ အားပြိုင်မှုကို စိတ်ဝင်စားဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်ဟာ

သူ့ရဲ့ ပေါင် ၈၅ သန်းတန်တိုက်စစ်မှူးကို ပွဲထွက်စာရင်းမှာ မသုံးခဲ့ပါဘူး။ အတွေ့အကြုံပိုရှိတဲ့ ဆာလက်၊ လူးဝစ္စဒိုင်ယက်ဇ်၊ ဖာမီနိုတို့ကို ပွဲထွက်စေခဲ့တာပါ။ လီဗာပူးလ်ဟာ ၂၁ မိနစ်မှာ အာနိုးလ်ရဲ့ဂိုးနဲ့

ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ ပရိသတ်အာရုံစိုက်ခြင်းခံနေရတဲ့ ဟာလန်းကတော့ အကောင်းဆုံးအခွင့်အရေးတစ်ကြိမ်ရပေမယ့် လီဗာပူးလ်ဂိုးသမားအက်ဒရီယန် တည့်တည့်ကို ကန်မိခဲ့ပါတယ်။

ရာသီကြိုကာလမှာ ခြေစမ်းပွဲ ၂ ပွဲသာကစားရသေးတဲ့ ဂွါဒီယိုလာရဲ့အသင်းဟာ ဒုတိယပိုင်းမှာတော့ လီဗာပူးလ်ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ ပိုလုပ်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် အယ်လ်ဗာရက်ဇ်ရဲ့ဂိုးနဲ့

ပြန်လည်ချေပနိုင်ခဲ့တာပါ။ ပထမဆုံးကန်သွင်းတဲ့ဖိုဒန် လူကျွံနေပေမယ့် VAR က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ VAR ရဲ့ပတ်သက်မှု နောက်ဆုံးအကြိမ် မဟုတ်ခဲ့ပါဘူး။

၈၃ မိနစ်မှာ နူနက်ဇ်ရဲ့ခေါင်းတိုက်ချက်ကိုကာကွယ်ရင်း ရူဘင်ဒိုင်ယက်စ် လက်ထိဘောဖြစ်ခဲ့ပါတယ်။ ဒိုင်လူကြီးခရိတ်ပေါဆန်က VAR အဆုံးအဖြတ်ခံယူပြီး ပင်နယ်တီပေးခဲ့သလို

ဆာလက်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ။ လီဗာပူးလ်ကို ပင်နယ်တီရအောင်လုပ်ပေးခဲ့တဲ့ နူနက်ဇ်ဟာ နာကျင်အချိန်ပိုမှာတော့ ကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဥရုဂွေးသားရဲ့ခေါင်းတိုက်ဂိုးဟာ လီဗာပူးလ်အတွက်အနိုင်သေချာစေခဲ့သလို ကာယကံရှင်အတွက်လည်း ဖိအားတွေလျော့စေခဲ့တာပါ။

(zawgyi)

ကင္းပါဝါမွာကစားခဲ့တဲ့ ရာသီႀကိဳကြန္ျမဴနတီဒိုင္းပြဲမွာ လီဗာပူးလ္က မန္စီးတီးကို ၃-၁ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒါဟာ ႀကိဳးၾကာနီေတြအတြက္ ၂၀၀၆ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဗိုလ္စြဲျခင္းပါ။

ပရိသတ္ေတြကေတာ့ မန္စီးတီးတိုက္စစ္မႉးသစ္ဟာလန္းနဲ႔ လီဗာပူးလ္တိုက္စစ္မႉးသစ္ ဒါဝင္ႏူနက္ဇ္ရဲ႕ အားၿပိဳင္မႈကို စိတ္ဝင္စားဆုံးျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ လီဗာပူးလ္နည္းျပဂ်ာဂင္ကေလာ့ပ္ဟာ

သူ႔ရဲ႕ ေပါင္ ၈၅ သန္းတန္တိုက္စစ္မႉးကို ပြဲထြက္စာရင္းမွာ မသုံးခဲ့ပါဘူး။ အေတြ႕အႀကဳံပိုရွိတဲ့ ဆာလက္၊ လူးဝစၥဒိုင္ယက္ဇ္၊ ဖာမီႏိုတို႔ကို ပြဲထြက္ေစခဲ့တာပါ။ လီဗာပူးလ္ဟာ ၂၁ မိနစ္မွာ အာႏိုးလ္ရဲ႕ဂိုးနဲ႔

ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ပရိသတ္အာ႐ုံစိုက္ျခင္းခံေနရတဲ့ ဟာလန္းကေတာ့ အေကာင္းဆုံးအခြင့္အေရးတစ္ႀကိမ္ရေပမယ့္ လီဗာပူးလ္ဂိုးသမားအက္ဒရီယန္ တည့္တည့္ကို ကန္မိခဲ့ပါတယ္။

ရာသီႀကိဳကာလမွာ ေျခစမ္းပြဲ ၂ ပြဲသာကစားရေသးတဲ့ ဂြါဒီယိုလာရဲ႕အသင္းဟာ ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္ဂိုးေပါက္ကို ၿခိမ္းေျခာက္မႈေတြ ပိုလုပ္လာႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အယ္လ္ဗာရက္ဇ္ရဲ႕ဂိုးနဲ႔

ျပန္လည္ေခ်ပႏိုင္ခဲ့တာပါ။ ပထမဆုံးကန္သြင္းတဲ့ဖိုဒန္ လူကြၽံေနေပမယ့္ VAR က ဂိုးအျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။ ဒါဟာ VAR ရဲ႕ပတ္သက္မႈ ေနာက္ဆုံးအႀကိမ္ မဟုတ္ခဲ့ပါဘူး။

၈၃ မိနစ္မွာ ႏူနက္ဇ္ရဲ႕ေခါင္းတိုက္ခ်က္ကိုကာကြယ္ရင္း ႐ူဘင္ဒိုင္ယက္စ္ လက္ထိေဘာျဖစ္ခဲ့ပါတယ္။ ဒိုင္လူႀကီးခရိတ္ေပါဆန္က VAR အဆုံးအျဖတ္ခံယူၿပီး ပင္နယ္တီေပးခဲ့သလို ဆာလက္က ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့တာပါ။

လီဗာပူးလ္ကို ပင္နယ္တီရေအာင္လုပ္ေပးခဲ့တဲ့ ႏူနက္ဇ္ဟာ နာက်င္အခ်ိန္ပိုမွာေတာ့ ကိုယ္တိုင္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ဥ႐ုေဂြးသားရဲ႕ေခါင္းတိုက္ဂိုးဟာ လီဗာပူးလ္အတြက္အႏိုင္ေသခ်ာေစခဲ့သလို ကာယကံရွင္အတြက္လည္း ဖိအားေတြေလ်ာ့ေစခဲ့တာပါ။