ဂေးတစ်ယောက်ပါလို့ ပွင့်ထွက်လာတဲ့ ပထမဆုံး ဖီဖာဒိုင်လူကြီး

ဂျက်စတင်ဖာရှာနူကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဂေးတစ်ယောက်လို့ ဖွင့်ဟဝန်ခံခဲ့ဖူးတဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားလေ။ မန်စီးတီး၊ ဝက်စ်ဟမ်း၊ နယူးကာဆယ်

စတဲ့အသင်းတွေမှာကစားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ အုံ့ပုံးကစားသမားတွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လိင်တူချစ်သူပါလို့ လူသိရှင်ကြားဝန်ခံရဲတဲ့

ဘောလုံးလောကသားတွေကတော့ လက်ချိုးရေလို့ရလောက်အောင် ရှားပါတယ်။ အခုနောက်ဆုံး ပွင့်ထွက်လာသူကတော့ ဘောလုံးသမားမဟုတ်ဘဲ ဒိုင်လူကြီးတစ်ဦးဖြစ်နေပါတယ်။

သူ့နာမည်က အီဂေါဘီနီဗန်နူတိုပါ။ အသက် ၄၁ နှစ်အရွယ် ဘရာဇီးလ်သားဟာ ဂေးတစ်ဦးပါလို့ဝန်ခံတဲ့ ဖီဖာအဆင့် ပထမဆုံးပရော်ဖက်ရှင်နယ်ဒိုင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

“ ငယ်ငယ်ကတည်းက ကျွန်တော်ဟာ ဂေးတစ်ယောက်ဆိုတာ သိခဲ့ပါတယ်။ အမျိုးသားအားကစားရဲ့ပြယုဂ်ဖြစ်တဲ့ ဘောလုံးဟာ ကျွန်တော့်ရဲ့ဘဝမှန်ကိုဖုံးကွယ်ထားဖို့ အကောင်းဆုံးနေရာဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော့်ရဲ့ရေရှည်ရွေးချယ်မှုအရ ကစားနေလို့တော့ အဆင်မပြေဘူးလေ။ ဒါကြောင့် ဒိုင်လူကြီးတစ်ယောက်ဖြစ်ခဲ့တာပါ။ ၂၃ နှစ်လောက် ခရာကိုင်ခဲ့ပေမယ့် ဒါဟာ ကျွန်တော့်ရဲ့ဘဝမှန် မဟုတ်ခဲ့ပါဘူး။

ဂေးတွေဟာ သူတို့နေချင်တဲ့ ဘဝမှန်မှာ နေခွင့်မရခဲ့ကြပါဘူး။ ကျွန်တော် ဘောလုံးကိုမုန်းတယ် ” လို့ ဘီနီဗန်နူတိုက ဘရာဇီးလ်ရုပ်သံတစ်ခုနဲ့အင်တာဗျူးမှာ ဖွင့်ဟသွားခဲ့တာပါ။

(zawgyi)

ဂ်က္စတင္ဖာရွာႏူကို မွတ္မိၾကဦးမယ္ထင္ပါတယ္။ ေဂးတစ္ေယာက္လို႔ ဖြင့္ဟဝန္ခံခဲ့ဖူးတဲ့ ပထမဆုံး ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားေလ။ မန္စီးတီး၊ ဝက္စ္ဟမ္း၊ နယူးကာဆယ္

စတဲ့အသင္းေတြမွာကစားခဲ့တဲ့ အဂၤလန္တိုက္စစ္မႉးဟာ အုံ႔ပုံးကစားသမားေတြအတြက္ ေရွ႕ေဆာင္လမ္းျပျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ လိင္တူခ်စ္သူပါလို႔ လူသိရွင္ၾကားဝန္ခံရဲတဲ့

ေဘာလုံးေလာကသားေတြကေတာ့ လက္ခ်ိဳးေရလို႔ရေလာက္ေအာင္ ရွားပါတယ္။ အခုေနာက္ဆုံး ပြင့္ထြက္လာသူကေတာ့ ေဘာလုံးသမားမဟုတ္ဘဲ ဒိုင္လူႀကီးတစ္ဦးျဖစ္ေနပါတယ္။

သူ႔နာမည္က အီေဂါဘီနီဗန္ႏူတိုပါ။ အသက္ ၄၁ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားဟာ ေဂးတစ္ဦးပါလို႔ဝန္ခံတဲ့ ဖီဖာအဆင့္ ပထမဆုံးပေရာ္ဖက္ရွင္နယ္ဒိုင္အျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။

“ ငယ္ငယ္ကတည္းက ကြၽန္ေတာ္ဟာ ေဂးတစ္ေယာက္ဆိုတာ သိခဲ့ပါတယ္။ အမ်ိဳးသားအားကစားရဲ႕ျပယုဂ္ျဖစ္တဲ့ ေဘာလုံးဟာ ကြၽန္ေတာ့္ရဲ႕ဘဝမွန္ကိုဖုံးကြယ္ထားဖို႔ အေကာင္းဆုံးေနရာျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ ကြၽန္ေတာ့္ရဲ႕ေရရွည္ေ႐ြးခ်ယ္မႈအရ ကစားေနလို႔ေတာ့ အဆင္မေျပဘူးေလ။ ဒါေၾကာင့္ ဒိုင္လူႀကီးတစ္ေယာက္ျဖစ္ခဲ့တာပါ။ ၂၃ ႏွစ္ေလာက္ ခရာကိုင္ခဲ့ေပမယ့္ ဒါဟာ ကြၽန္ေတာ့္ရဲ႕ဘဝမွန္ မဟုတ္ခဲ့ပါဘူး။

ေဂးေတြဟာ သူတို႔ေနခ်င္တဲ့ ဘဝမွန္မွာ ေနခြင့္မရခဲ့ၾကပါဘူး။ ကြၽန္ေတာ္ ေဘာလုံးကိုမုန္းတယ္ ” လို႔ ဘီနီဗန္ႏူတိုက ဘရာဇီးလ္႐ုပ္သံတစ္ခုနဲ႔အင္တာဗ်ဴးမွာ ဖြင့္ဟသြားခဲ့တာပါ။