
လီဗာပူးလ်နာမည်ကျော်ဂိုးသမားဟောင်း မစ်ဂနိုလက်ဟာ ဘယ်လ်ဂျီယံ
ဘောလုံးသမိုင်းမှာ ဂုဏ်သိက္ခာမြင့်မားတဲ့ Golden Shoe award ကို
ဆွတ်ခူးခဲ့ပြီး ၁၉၈၇ နောက်ပိုင်း ဆုရရှိတဲ့ ပထမဆုံးဂိုးသမားအဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်။
Golden Shoe award ဟာ ဘယ်လ်ဂျီယံပရိုလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး
ကစားသမားကို ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး ဘယ်လ်ဂျီယံနာမည်ကျော်တွေ
ဖြစ်တဲ့ ကွန်ပနီ၊ ဝစ်ဆဲလ်၊ သော်ဂန်ဟာဇက်တို့ ဆွတ်ခူးခဲ့ဖူးပါတယ်။
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဘယ်လ်ဂျီယံဝါရင့်ဂိုးသမား
မစ်ဂနိုလက်ဟာ ၂၀၁၉ သြဂုတ်လတုန်းက လီဗာပူးလ်နဲ့လမ်းခွဲပြီး ပြည်တွင်း
ထိပ်သီးကလပ်ဖြစ်တဲ့ ကလပ်ဘရုချ်ကို ပြောင်းရွှေ့ခဲ့သလို ဒီရာသီမှာ
အသင်းအတွက် အကောင်းဆုံးလက်စွမ်းပြကစားနေပါတယ်။
ကလပ်ဘရုချ်အသင်းဟာ ဒီရာသီအစပိုင်း ဘယ်လ်ဂျီယံစူပါဖလား
ဆွတ်ခူးခဲ့ပြီး အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး
အကြိမ်အဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့်
လာမယ့်ဖေဖော်ဝါရီလအတွင်း ဘင်ဖီကာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
မစ်ဂနိုလက်ဟာ ကလပ်ဘရုချ်အသင်းမှာ ကစားနေတဲ့ (၄)ရာသီအတွင်း
အမှတ်ပေးဖလား(၃)ကြိမ်၊ ဘယ်လ်ဂျီယံစူပါဖလား(၁)ကြိမ် ရယူခဲ့ပြီး
သူ့ရဲ့ အတွေ့အကြုံကောင်းတွေနဲ့ အသင်းကို အများကြီးကူညီပေးနေ
တာကြောင့် အခုလို အကောင်းဆုံးဆု ဆွတ်ခူးနိုင်ခဲ့တာပါ။
[Zawgyi]
လီဗာပူးလ္နာမည္ေက်ာ္ဂိုးသမားေဟာင္း မစ္ဂႏိုလက္ဟာ ဘယ္လ္ဂ်ီယံ
ေဘာလုံးသမိုင္းမွာ ဂုဏ္သိကၡာျမင့္မားတဲ့ Golden Shoe award ကို
ဆြတ္ခူးခဲ့ၿပီး ၁၉၈၇ ေနာက္ပိုင္း ဆုရရွိတဲ့ ပထမဆုံးဂိုးသမားအျဖစ္
မွတ္တမ္းဝင္ခဲ့ပါတယ္။
Golden Shoe award ဟာ ဘယ္လ္ဂ်ီယံပ႐ိုလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး
ကစားသမားကို ေ႐ြးခ်ယ္ခ်ီးျမႇင့္တာျဖစ္ၿပီး ဘယ္လ္ဂ်ီယံနာမည္ေက်ာ္ေတြ
ျဖစ္တဲ့ ကြန္ပနီ၊ ဝစ္ဆဲလ္၊ ေသာ္ဂန္ဟာဇက္တို႔ ဆြတ္ခူးခဲ့ဖူးပါတယ္။
အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘယ္လ္ဂ်ီယံဝါရင့္ဂိုးသမား
မစ္ဂႏိုလက္ဟာ ၂၀၁၉ ၾသဂုတ္လတုန္းက လီဗာပူးလ္နဲ႔လမ္းခြဲၿပီး ျပည္တြင္း
ထိပ္သီးကလပ္ျဖစ္တဲ့ ကလပ္ဘ႐ုခ်္ကို ေျပာင္းေ႐ႊ႕ခဲ့သလို ဒီရာသီမွာ
အသင္းအတြက္ အေကာင္းဆုံးလက္စြမ္းျပကစားေနပါတယ္။
ကလပ္ဘ႐ုခ်္အသင္းဟာ ဒီရာသီအစပိုင္း ဘယ္လ္ဂ်ီယံစူပါဖလား
ဆြတ္ခူးခဲ့ၿပီး အသင္းရဲ႕ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံး
အႀကိမ္အျဖစ္ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာေၾကာင့္
လာမယ့္ေဖေဖာ္ဝါရီလအတြင္း ဘင္ဖီကာနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။
မစ္ဂႏိုလက္ဟာ ကလပ္ဘ႐ုခ်္အသင္းမွာ ကစားေနတဲ့ (၄)ရာသီအတြင္း
အမွတ္ေပးဖလား(၃)ႀကိမ္၊ ဘယ္လ္ဂ်ီယံစူပါဖလား(၁)ႀကိမ္ ရယူခဲ့ၿပီး
သူ႔ရဲ႕ အေတြ႕အႀကဳံေကာင္းေတြနဲ႔ အသင္းကို အမ်ားႀကီးကူညီေပးေန
တာေၾကာင့္ အခုလို အေကာင္းဆုံးဆု ဆြတ္ခူးႏိုင္ခဲ့တာပါ။