
အက်စတွန်ဗီလာအသင်းအား (၁-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင်
အာဆင်နယ်အသင်းအတွက် ဆာကာသွင်းယူခဲ့တဲ့ တစ်လုံးတည်းသောအနိုင်ဂိုးမှာ
အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၂၀၀၀)ပြည့်မြောက်
သွင်းဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် တစ်လုံးတည်းသော
သွင်းဂိုးကိုတော့ ဆာကာက ပွဲကစားချိန် (၂၉) မိနစ်မှာ ဧရိယာထိပ်ကနေ
ကန်သွင်းယူသွားခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေဖြင့်
ယူနိုက်တက်(၂၁၇၆ ဂိုး)၊ လီဗာပူး (၂၀၀၂ ဂိုး)တို့နောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ
သမိုင်းတစ်လျှောက် သွင်းဂိုး (၂၀၀၀)ပြည့်မှတ်တမ်းကို ရရှိခဲ့တဲ့
တတိယမြောက်ကလပ်အသင်းဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် အက်စတွန်ဗီလာအသင်းအား
ဗီလာပါ့ခ်တွင်အနိုင်ရခဲ့တာဟာ အာဆင်နယ်အသင်းအတွက်
ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး (၅)ပွဲဆက်အနိုင်ရတာဖြစ်ပြီး
အဲဒါဟာ၂၀၁၅ ခုနှစ် မေလနောက်ပိုင်း အသင်းအတွက် အရှည်ကြာဆုံး
ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲဆက်မှုအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။
အက်စတွန်ဗီလာတို့ ဟာ ကန်ချက် တိုင်ထိထွက်ခဲ့တာတွေရှိသလို အခြားသော
အခွင့်အရေးဖန်တီးမှုပိုင်းတွေမှာလည်း အားနည်းခဲ့တာကြောင့်ပွဲပြီးတဲ့အထိ
ချေပဂိုးမရရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။ အာဆင်နယ်ကတော့ လီဗာပူးနဲ့ပွဲ အရှုံးကနေ
အမြန်ဆုံးပြန်လည်ရုန်းထလာနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်
အခြေအနေကောင်းနေဆဲလည်းဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် အာဆင်နယ်တို့
အဆင့်၄ကနေ အဆင့်၅နေရာက ယူနိုက်တက်ကို ၄မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။
zawgyi
ဂိုး ၂၀၀၀ ျပည့္ သြင္းဂိုးရယူၿပီး အာဆင္နယ္အတြက္ သမိုင္းမွတ္တိုင္သစ္စိုက္ထူေပးခဲ့တဲ့ ဆာကာ
အက္စတြန္ဗီလာအသင္းအား (၁-ဝ)ဂိုးနဲ႔ အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္တြင္
အာဆင္နယ္အသင္းအတြက္ ဆာကာသြင္းယူခဲ့တဲ့ တစ္လုံးတည္းေသာအႏိုင္ဂိုးမွာ
အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ (၂၀၀၀)ျပည့္ေျမာက္
သြင္းဂိုးအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ အာဆင္နယ္အတြက္ တစ္လုံးတည္းေသာ
သြင္းဂိုးကိုေတာ့ ဆာကာက ပြဲကစားခ်ိန္ (၂၉) မိနစ္မွာ ဧရိယာထိပ္ကေန
ကန္သြင္းယူသြားခဲ့ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္အသင္းအေနျဖင့္
ယူႏိုက္တက္(၂၁၇၆ ဂိုး)၊ လီဗာပူး (၂၀၀၂ ဂိုး)တို႔ေနာက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ
သမိုင္းတစ္ေလွ်ာက္ သြင္းဂိုး (၂၀၀၀)ျပည့္မွတ္တမ္းကို ရရွိခဲ့တဲ့
တတိယေျမာက္ကလပ္အသင္းျဖစ္လာခဲ့ပါၿပီ။ ဒါ့အျပင္ အက္စတြန္ဗီလာအသင္းအား
ဗီလာပါ့ခ္တြင္အႏိုင္ရခဲ့တာဟာ အာဆင္နယ္အသင္းအတြက္
ပရီးမီးယားလိဂ္အေဝးကြင္းေနာက္ဆုံး (၅)ပြဲဆက္အႏိုင္ရတာျဖစ္ၿပီး
အဲဒါဟာ၂၀၁၅ ခုႏွစ္ ေမလေနာက္ပိုင္း အသင္းအတြက္ အရွည္ၾကာဆုံး
ပရီးမီးယားလိဂ္အေဝးကြင္းႏိုင္ပြဲဆက္မႈအျဖစ္ မွတ္တမ္းဝင္ႏိုင္ခဲ့ပါတယ္။
အက္စတြန္ဗီလာတို႔ ဟာ ကန္ခ်က္ တိုင္ထိထြက္ခဲ့တာေတြရွိသလို အျခားေသာ
အခြင့္အေရးဖန္တီးမႈပိုင္းေတြမွာလည္း အားနည္းခဲ့တာေၾကာင့္ပြဲၿပီးတဲ့အထိ
ေခ်ပဂိုးမရရွိခဲ့ဘဲ ရႈံးနိမ့္ခဲ့ရပါတယ္။ အာဆင္နယ္ကေတာ့ လီဗာပူးနဲ႔ပြဲ အရႈံးကေန
အျမန္ဆုံးျပန္လည္႐ုန္းထလာႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္
အေျခအေနေကာင္းေနဆဲလည္းျဖစ္ပါတယ္။ ယခုႏိုင္ပြဲေၾကာင့္ အာဆင္နယ္တို႔
အဆင့္၄ကေန အဆင့္၅ေနရာက ယူႏိုက္တက္ကို ၄မွတ္ ျဖတ္ထားႏိုင္ခဲ့ပါတယ္။
Leave a Reply