ဂိုးသွင်းအပြီးမှာ အန်တိုနီကို လက်ညှိုးထိုးပြီး အောင်ပွဲခံခဲ့တဲ့အဓိပ္ပါယ်ကို ကတ်စ်မဲရိုး ရှင်းလင်း . . .

မန်ချက်စတာယူနိုက်တက် ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ

ရက်ဒင်းနဲ့ FA ဖလားပွဲမှာ အသင်းအတွက် ပထမဂိုးသွင်းယူပြီးချိန်မှာ
အသင်းဖော် အန်တိုနီကို လက်ညှိုးညွှန်ပြပြီးတော့ အောင်ပွဲခံခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ဒုတိယပိုင်း(၅၄)မိနစ်မှာ အန်တိုနီဟာ
ပြေးလမ်းကြောင်းထဲကို အကွက်မြင်မြင်ထိုးပေးတာကနေ ကတ်စ်မဲရိုးက
ဂိုးသမားကို အသာလေးကျော်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။

နာမည်ကျော်ကစားသမားဟောင်း ပေ့ါဘာပြီးရင် ယူနိုက်တက်အသင်းရဲ့
ဒုတိယမြောက်ကြေးအကြီးဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့
အန်တိုနီဟာ သူ့ရဲ့တန်ဖိုးနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ဘူးလို့
ယူနိုက်တက်ဂန္ထဝင်တချို့က ဝေဖန်ခဲ့တာကြောင့် ကတ်စ်မဲရိုးက

အန်တိုနီဘက်ကနေ ရပ်တည်တဲ့အနေနဲ့ အခုလို အောင်ပွဲခံပြခဲ့တာပါ။

ရက်ဒင်းနဲ့ပွဲမှာ ကတ်စ်မဲရိုးဟာ အဆင့်တန်းမြင့်တဲ့ (၂)ဂိုးသွင်းယူခဲ့ပေမယ့်

Man Of The Match ဆုကိုတော့ အန်တိုနီက ဆွတ်ခူးခဲ့ပါတယ်။ ပွဲအပြီး
သတင်းစာရှင်းလင်းပွဲမှာ ကတ်စ်မဲရိုးက “ပထမဂိုးဟာ အန်တိုနီရဲ့
မယုံနိုင်လောက်တဲ့ ဘောလုံးပေးပို့မှုကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဂိုးသွင်းတဲ့သူကိုပဲ အဓိကအာရုံစိုက်လေ့ရှိတာ
ကျွန်တော်သိပေမယ့် ပဉ္စလက်ဆန်တဲ့ ဘောလုံးပေးပို့မှုပြုလုပ်ခဲ့သူ
အန်တိုနီကိုလည်း အသိအမှတ်ပြု၊ ချစ်တဲ့စိတ်နဲ့ အခုလိုအောင်ပွဲခံခဲ့တာပါ။
သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်”လို့

ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ ဝါရင့္ကြင္းလယ္လူ ကတ္စ္မဲ႐ိုးဟာ

ရက္ဒင္းနဲ႔ FA ဖလားပြဲမွာ အသင္းအတြက္ ပထမဂိုးသြင္းယူၿပီးခ်ိန္မွာ
အသင္းေဖာ္ အန္တိုနီကို လက္ညႇိဳးၫႊန္ျပၿပီးေတာ့ ေအာင္ပြဲခံခဲ့ပါတယ္။

ယူႏိုက္တက္အသင္းအတြက္ အဖြင့္ဂိုးကို ဒုတိယပိုင္း(၅၄)မိနစ္မွာ အန္တိုနီဟာ
ေျပးလမ္းေၾကာင္းထဲကို အကြက္ျမင္ျမင္ထိုးေပးတာကေန ကတ္စ္မဲ႐ိုးက
ဂိုးသမားကို အသာေလးေက်ာ္ၿပီး သြင္းယူခဲ့တာျဖစ္ပါတယ္။

နာမည္ေက်ာ္ကစားသမားေဟာင္း ေပ့ါဘာၿပီးရင္ ယူႏိုက္တက္အသင္းရဲ႕
ဒုတိယေျမာက္ေၾကးအႀကီးဆုံး ကစားသမားအျဖစ္ ရပ္တည္ေနတဲ့
အန္တိုနီဟာ သူ႔ရဲ႕တန္ဖိုးနဲ႔ထိုက္တန္တဲ့ ေျခစြမ္းမ်ိဳး မျပသႏိုင္ဘူးလို႔
ယူႏိုက္တက္ဂႏၴဝင္တခ်ိဳ႕က ေဝဖန္ခဲ့တာေၾကာင့္ ကတ္စ္မဲ႐ိုးက

အန္တိုနီဘက္ကေန ရပ္တည္တဲ့အေနနဲ႔ အခုလို ေအာင္ပြဲခံျပခဲ့တာပါ။

ရက္ဒင္းနဲ႔ပြဲမွာ ကတ္စ္မဲ႐ိုးဟာ အဆင့္တန္းျမင့္တဲ့ (၂)ဂိုးသြင္းယူခဲ့ေပမယ့္

Man Of The Match ဆုကိုေတာ့ အန္တိုနီက ဆြတ္ခူးခဲ့ပါတယ္။ ပြဲအၿပီး
သတင္းစာရွင္းလင္းပြဲမွာ ကတ္စ္မဲ႐ိုးက “ပထမဂိုးဟာ အန္တိုနီရဲ႕
မယုံႏိုင္ေလာက္တဲ့ ေဘာလုံးေပးပို႔မႈကေန သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ ဂိုးသြင္းတဲ့သူကိုပဲ အဓိကအာ႐ုံစိုက္ေလ့ရွိတာ
ကြၽန္ေတာ္သိေပမယ့္ ပၪၥလက္ဆန္တဲ့ ေဘာလုံးေပးပို႔မႈျပဳလုပ္ခဲ့သူ
အန္တိုနီကိုလည္း အသိအမွတ္ျပဳ၊ ခ်စ္တဲ့စိတ္နဲ႔ အခုလိုေအာင္ပြဲခံခဲ့တာပါ။
သူက ကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ပါတယ္”လို႔

ေျပာၾကားခဲ့ပါတယ္။