ဂိုးသမား လီဗာကိုဗစ်ရှ်ရဲ့ မှော်ဝင်လက်စွမ်းတွေကြောင့် ဘရာဇီးလ်အသင်း ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်ခဲ့ရ

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုကတက်တိုင်း မထင်မှတ်တာတွေကို

လုပ်ပြလေ့ရှိတဲ့ ခရိုအေးရှားအသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘရာဇီးလ်ကို
အခု ကွာတားဖိုင်နယ်မှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဖြုတ်ချပြီး ဆီမီးဖိုင်နယ်
တက်ရောက်သွားပါပြီ။

ဒီပွဲမှာ ခရိုအေးရှားအသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တာက ဂိုးသမားလီဗာကိုဗစ်ရှ်ပါပဲ။
ဘရာဇီးလ်တစ်သင်းလုံးကို သူ တစ်ယောက်တည်းနဲ့ ရင်ဆိုင်သွားတယ်လို့
လွန်လွန်ကျူးကျူး ချီးကျူးရလောက်တဲ့အထိ လီဗာကိုဗစ်ရှ်ဟာ ပွဲချိန်တစ်လျှောက်လုံးမှာ
ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်းခွင့်တွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်၊ ဂျပန်နဲ့ပွဲတုန်းက ပယ်နယ်တီအဆုံးအဖြတ်မှာ
ဂျပန်အသင်းရဲ့ ပယ်နယ်တီ(၃)ကြိမ်ကို ပုတ်ထုတ်နိုင်ခဲ့သလို အခု ဘရာဇီးလ်နဲ့ပွဲမှာလည်း

ပယ်နယ်တီ(၁)ကြိမ် ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။

ပထမပိုင်းမှာ ကစားပုံ သိပ်မကောင်းပေမယ့် ဒုတိယပိုင်းကနေ အချိန်ပို မိနစ်(၁၂၀)

ပြည့်တဲ့အထိ တိုက်စစ်ဆင်ကစားနိုင်ခဲ့တဲ့ ဘရာဇီးလ်တို့ ပွဲပြီးခါနီးမှာ ချေပဂိုးပေးလိုက်ရတာက
အရမ်းနစ်နာသလို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ထွက်ခဲ့ရတာကလည်း တကယ်
ဝမ်းနည်းစရာကောင်းပါတယ်။

ဘရာဇီးလ်အသင်းအတွက် အဖွင့်ဂိုးကို နေမာက အသင်းဖော်တွေနဲ့ လှလှပပ One Two
ရိုက်ထွက်ပြီးတော့ သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ (၁၁၆)မိနစ်မှာ ပက်ကိုဗစ်ရဲ့ ကန်ချက်က
ဘရာဇီးလ်နောက်ခံလူ မာကွင်ဟို့စ်နဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားလို့ ခရိုအေးရှား
ချေပဂိုးရခဲ့ပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်မှာ ဘရာဇီးလ်ဘက်က ရိုဒရီဂိုရဲ့ ကန်ချက်ကို လီဗာကိုဗစ်ရှ်
ကာကွယ်နိုင်ခဲ့ပြီး မာကွင်ဟို့စ်ရဲ့ အဆုံးအဖြတ်ပယ်နယ်တီကတော့ တိုင်ထိသွားလို့

ခရိုအေးရှားတို့ (၄-၂)ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

[Zawgyi]

ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အုပ္စုကတက္တိုင္း မထင္မွတ္တာေတြကို

လုပ္ျပေလ့ရွိတဲ့ ခ႐ိုေအးရွားအသင္းဟာ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ ဘရာဇီးလ္ကို
အခု ကြာတားဖိုင္နယ္မွာ ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ျဖဳတ္ခ်ၿပီး ဆီမီးဖိုင္နယ္
တက္ေရာက္သြားပါၿပီ။

ဒီပြဲမွာ ခ႐ိုေအးရွားအသင္းအတြက္ သူရဲေကာင္းျဖစ္ခဲ့တာက ဂိုးသမားလီဗာကိုဗစ္ရွ္ပါပဲ။
ဘရာဇီးလ္တစ္သင္းလုံးကို သူ တစ္ေယာက္တည္းနဲ႔ ရင္ဆိုင္သြားတယ္လို႔
လြန္လြန္က်ဴးက်ဴး ခ်ီးက်ဴးရေလာက္တဲ့အထိ လီဗာကိုဗစ္ရွ္ဟာ ပြဲခ်ိန္တစ္ေလွ်ာက္လုံးမွာ
ဘရာဇီးလ္အသင္းရဲ႕ ဂိုးသြင္းခြင့္ေတြကို လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္၊ ဂ်ပန္နဲ႔ပြဲတုန္းက ပယ္နယ္တီအဆုံးအျဖတ္မွာ
ဂ်ပန္အသင္းရဲ႕ ပယ္နယ္တီ(၃)ႀကိမ္ကို ပုတ္ထုတ္ႏိုင္ခဲ့သလို အခု ဘရာဇီးလ္နဲ႔ပြဲမွာလည္း

ပယ္နယ္တီ(၁)ႀကိမ္ ကာကြယ္ႏိုင္ခဲ့ျပန္ပါတယ္။

ပထမပိုင္းမွာ ကစားပုံ သိပ္မေကာင္းေပမယ့္ ဒုတိယပိုင္းကေန အခ်ိန္ပို မိနစ္(၁၂၀)

ျပည့္တဲ့အထိ တိုက္စစ္ဆင္ကစားႏိုင္ခဲ့တဲ့ ဘရာဇီးလ္တို႔ ပြဲၿပီးခါနီးမွာ ေခ်ပဂိုးေပးလိုက္ရတာက
အရမ္းနစ္နာသလို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ထြက္ခဲ့ရတာကလည္း တကယ္
ဝမ္းနည္းစရာေကာင္းပါတယ္။

ဘရာဇီးလ္အသင္းအတြက္ အဖြင့္ဂိုးကို ေနမာက အသင္းေဖာ္ေတြနဲ႔ လွလွပပ One Two
႐ိုက္ထြက္ၿပီးေတာ့ သြင္းယူခဲ့ပါတယ္။ ဒါေပမဲ့ (၁၁၆)မိနစ္မွာ ပက္ကိုဗစ္ရဲ႕ ကန္ခ်က္က
ဘရာဇီးလ္ေနာက္ခံလူ မာကြင္ဟို႔စ္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္း ဂိုးဝင္သြားလို႔ ခ႐ိုေအးရွား
ေခ်ပဂိုးရခဲ့ပါတယ္။

ပယ္နယ္တီအဆုံးအျဖတ္မွာ ဘရာဇီးလ္ဘက္က ႐ိုဒရီဂိုရဲ႕ ကန္ခ်က္ကို လီဗာကိုဗစ္ရွ္
ကာကြယ္ႏိုင္ခဲ့ၿပီး မာကြင္ဟို႔စ္ရဲ႕ အဆုံးအျဖတ္ပယ္နယ္တီကေတာ့ တိုင္ထိသြားလို႔

ခ႐ိုေအးရွားတို႔ (၄-၂)ဂိုးရလဒ္နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။