ဂိုးသမားမာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုတွေနဲ့ ဆီမီးဖိုင်နယ်တက်သွားတဲ့ အာဂျင်တီးနား

ရှေ့က ဘရာဇီးလ်-ခရိုအေးရှား ကွာတားပွဲလိုပဲ အာဂျင်တီးနားနဲ့ နယ်သာလန်တို့ရဲ့

ပွဲကလည်း ပယ်နယ်တီအဆုံးအဖြတ်အထိရောက်ခဲ့ပြီး အာဂျင်တီးနားအသင်းက
(၄-၃)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပွဲချိန်(၃၅)မိနစ်မှာ မိုလီနာ၊ (၇၃)မိနစ်မှာ မက်ဆီရဲ့
ပယ်နယ်တီဂိုးနဲ့ (၂-ဝ)ဂိုးပြတ် ဦးဆောင်ခဲ့ပေမယ့် နယ်သာလန်အသင်းရဲ့ အနိုင်မခံ၊
အရှုံးမပေးစိတ်ဓာတ်ကြောင့် မယုံနိုင်လောက်အောင်ပဲ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပါတယ်။

(၇၈)မိနစ်မှာ ဒီပိုင်းအစား လူစားဝင်လာတဲ့ ဝါဟော့တ်က ကွင်းထဲဝင်လာလို့ (၅)မိနစ်
အကြာမှာပဲ ဘယ်ဟွစ်ရဲ့ပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူခဲ့သလို ပွဲပြီးခါနီး အာဂျင်တီးနား
အသင်း ပယ်နယ်တီဧရိယာထိပ်နားမှာ ပြစ်ဒဏ်ဘောရရှိခဲ့တာကို ကွတ်ပ်မိုင်နာက
တိုက်ရိုက်မကန်ဘဲ ဝါဟော့တ်ဆီ ထိုးပေးလိုက်တာကို အပိုင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

မိနစ်(၉၀)ပြည့်တဲ့အထိ (၂-၂)ဂိုးစီသရေကျနေတာကြောင့် အချိန်ပို မိနစ်(၃၀)ဆက်ကစားခဲ့ပေမယ့်
အဖြေမပေါ်လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာတော့

အာဂျင်တီးနားဂိုးသမားအီမီလီယာနိုမာတီနက်ဇ်က ဗန်ဒိုက်နဲ့ ဘယ်ဟွစ်တို့ရဲ့ ဦးဆုံး
ပယ်နယ်တီတွေကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားဘက်မှာတော့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ကန်ချက်လွဲချော်ခဲ့ပေမယ့် အဆုံးအဖြတ်
ပယ်နယ်တီကို လော်တာရိုမာတီနက်ဇ်က အမှားအယွင်းမရှိကန်သွင်းပြီးတော့ အာဂျင်တီးနား
အသင်းကို ဆီမီးဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။

[Zawgyi]

ေရွ႕က ဘရာဇီးလ္-ခ႐ိုေအးရွား ကြာတားပြဲလိုပဲ အာဂ်င္တီးနားနဲ႔ နယ္သာလန္တို႔ရဲ႕
ပြဲကလည္း ပယ္နယ္တီအဆုံးအျဖတ္အထိေရာက္ခဲ့ၿပီး အာဂ်င္တီးနားအသင္းက
(၄-၃)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ပြဲခ်ိန္(၃၅)မိနစ္မွာ မိုလီနာ၊ (၇၃)မိနစ္မွာ မက္ဆီရဲ႕
ပယ္နယ္တီဂိုးနဲ႔ (၂-ဝ)ဂိုးျပတ္ ဦးေဆာင္ခဲ့ေပမယ့္ နယ္သာလန္အသင္းရဲ႕ အႏိုင္မခံ၊
အရႈံးမေပးစိတ္ဓာတ္ေၾကာင့္ မယုံႏိုင္ေလာက္ေအာင္ပဲ ေခ်ပဂိုးေတြ ျပန္သြင္းႏိုင္ခဲ့ပါတယ္။

(၇၈)မိနစ္မွာ ဒီပိုင္းအစား လူစားဝင္လာတဲ့ ဝါေဟာ့တ္က ကြင္းထဲဝင္လာလို႔ (၅)မိနစ္
အၾကာမွာပဲ ဘယ္ဟြစ္ရဲ႕ေပးပို႔မႈကေန ေခါင္းတိုက္သြင္းယူခဲ့သလို ပြဲၿပီးခါနီး အာဂ်င္တီးနား

အသင္း ပယ္နယ္တီဧရိယာထိပ္နားမွာ ျပစ္ဒဏ္ေဘာရရွိခဲ့တာကို ကြတ္ပ္မိုင္နာက
တိုက္႐ိုက္မကန္ဘဲ ဝါေဟာ့တ္ဆီ ထိုးေပးလိုက္တာကို အပိုင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

မိနစ္(၉၀)ျပည့္တဲ့အထိ (၂-၂)ဂိုးစီသေရက်ေနတာေၾကာင့္ အခ်ိန္ပို မိနစ္(၃၀)ဆက္ကစားခဲ့ေပမယ့္
အေျဖမေပၚလို႔ ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။ ပယ္နယ္တီအဆုံးအျဖတ္မွာေတာ့
အာဂ်င္တီးနားဂိုးသမားအီမီလီယာႏိုမာတီနက္ဇ္က ဗန္ဒိုက္နဲ႔ ဘယ္ဟြစ္တို႔ရဲ႕ ဦးဆုံး
ပယ္နယ္တီေတြကို ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားဘက္မွာေတာ့ အန္ဇိုဖာနန္ဒက္ဇ္ရဲ႕ ကန္ခ်က္လြဲေခ်ာ္ခဲ့ေပမယ့္ အဆုံးအျဖတ္
ပယ္နယ္တီကို ေလာ္တာ႐ိုမာတီနက္ဇ္က အမွားအယြင္းမရွိကန္သြင္းၿပီးေတာ့ အာဂ်င္တီးနား
အသင္းကို ဆီမီးဖိုင္နယ္ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့ပါတယ္။