ဂိုးသမားဒူဘရက်ဗ်ကာရဲ့ အငှားစာချုပ်ကို ဖျက်သိမ်းပြီး နယူးကာဆယ်အသင်း ပြန်လည်ခေါ်ယူ

နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အငှားချထားတဲ့

သူတို့ ဂိုးသမားဖြစ်သူ ဒူဘရက်ဗ်ကာကို ပြန်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဆလိုဗက်ကီးယားလက်ရွေးစင်ဂိုးသမား

ဒူဘရက်ဗ်ကာကို နံပါတ်(၁)ဂိုးသမား ဒီဂီယာရဲ့ ဒုတိယဦးစားပေးအဖြစ်
အသုံးပြုဖို့ ဒီရာသီအစမှာ ယူနိုက်တက်အသင်းက တစ်ရာသီအငှားနဲ့ခေါ်ယူခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒူဘရက်ဗ်ကာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ ပါဝင်ကစားခွင့်
မရဘဲ လိဂ်ဖလားပွဲစဉ်တွေဖြစ်တဲ့ အက်စတွန်ဗီလာ၊ ဘန်လေတို့နဲပွဲတွေမှာ ပါဝင်
ကစားခဲ့ပါတယ်။

အဲဒါကြောင့် နယူးကာဆယ်အသင်းက ယူနိုက်တက်နဲ့ အငှားစာချုပ်ကို ဖျက်သိမ်းပြီးတော့
ဒူဘရက်ဗ်ကာကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့
အငှားစာချုပ်ထဲမှာ နယူးကာဆယ်အသင်းဘက်က ဇန်နဝါရီလအတွင်း စာချုပ်
ဖျက်သိမ်းချင်တယ်ဆိုရင် ခွင့်ပြုပေးရမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ‘အသင်းမှာ တစ်ရာသီအငှားနဲ့ လာကစားနေတဲ့ ဒူဘရက်ဗ်ကာကို
သူ့ရဲ့ မိခင်ကလပ်ဖြစ်တဲ့ နယူးကာဆယ်အသင်းက ပြန်ခေါ်သွားပါပြီ။ ဒူဘရက်ဗ်ကာဟာ

လိဂ်ဖလားပွဲစဉ်(၂)ပွဲ ပါဝင်ကစားခဲ့ပြီး ယူနိုက်တက်အတွက် သူ့ရဲ့ ပေးဆပ်မှုတွေအပေါ်
ကျေးဇူးတင်သလို အနာဂတ်မှာ အောင်မြင်မှု ရပါစေလို့ ဆုတောင်းလိုက်ပါတယ်’ဆိုပြီး
ထုတ်ပြန်ကြေညာခဲ့ပါတယ်။

[Zawgyi]

နယူးကာဆယ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ အငွားခ်ထားတဲ့
သူတို႔ ဂိုးသမားျဖစ္သူ ဒူဘရက္ဗ္ကာကို ျပန္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။

အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဆလိုဗက္ကီးယားလက္ေ႐ြးစင္ဂိုးသမား
ဒူဘရက္ဗ္ကာကို နံပါတ္(၁)ဂိုးသမား ဒီဂီယာရဲ႕ ဒုတိယဦးစားေပးအျဖစ္
အသုံးျပဳဖို႔ ဒီရာသီအစမွာ ယူႏိုက္တက္အသင္းက တစ္ရာသီအငွားနဲ႔ေခၚယူခဲ့ပါတယ္။

ဒါေပမဲ့လည္း ဒူဘရက္ဗ္ကာဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ တစ္ပြဲမွ ပါဝင္ကစားခြင့္
မရဘဲ လိဂ္ဖလားပြဲစဥ္ေတြျဖစ္တဲ့ အက္စတြန္ဗီလာ၊ ဘန္ေလတို႔နဲပြဲေတြမွာ ပါဝင္
ကစားခဲ့ပါတယ္။

အဲဒါေၾကာင့္ နယူးကာဆယ္အသင္းက ယူႏိုက္တက္နဲ႔ အငွားစာခ်ဳပ္ကို ဖ်က္သိမ္းၿပီးေတာ့
ဒူဘရက္ဗ္ကာကို ျပန္လည္ေခၚယူခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ ခ်ဳပ္ဆိုထားတဲ့

အငွားစာခ်ဳပ္ထဲမွာ နယူးကာဆယ္အသင္းဘက္က ဇန္နဝါရီလအတြင္း စာခ်ဳပ္
ဖ်က္သိမ္းခ်င္တယ္ဆိုရင္ ခြင့္ျပဳေပးရမယ္ဆိုတဲ့ သေဘာတူညီခ်က္ ပါဝင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းက ‘အသင္းမွာ တစ္ရာသီအငွားနဲ႔ လာကစားေနတဲ့ ဒူဘရက္ဗ္ကာကို
သူ႔ရဲ႕ မိခင္ကလပ္ျဖစ္တဲ့ နယူးကာဆယ္အသင္းက ျပန္ေခၚသြားပါၿပီ။ ဒူဘရက္ဗ္ကာဟာ
လိဂ္ဖလားပြဲစဥ္(၂)ပြဲ ပါဝင္ကစားခဲ့ၿပီး ယူႏိုက္တက္အတြက္ သူ႔ရဲ႕ ေပးဆပ္မႈေတြအေပၚ
ေက်းဇူးတင္သလို အနာဂတ္မွာ ေအာင္ျမင္မႈ ရပါေစလို႔ ဆုေတာင္းလိုက္ပါတယ္’ဆိုၿပီး
ထုတ္ျပန္ေၾကညာခဲ့ပါတယ္။