ဂိုးမသွင်းနိုင်ပေမယ့် တန်းဟတ်အတွက် တန်ဖိုးရှိနေဆဲဆိုတာပြသနိုင်ခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ နည်းပြတန်းဟတ်ရဲ့ဒီရာသီအစီအစဉ်မှာ တစ်နေရာယူနိုင်ဆဲဖြစ်တယ်ဆိုတာ အာဆင်နယ်ကိုအနိုင်ရတဲ့ပွဲမှာ သက်သေပြသွားနိုင်ခဲ့ပါတယ်။ သူဟာ ဒီတစ်နွေလုံး မန်ယူအတွက် ပြဿနာဖြစ်ခဲ့ရတာပါ။

ဒါပေမဲ့ ချန်ပီယံလိဂ်ကစားချင်တာကြောင့် ထွက်ခွာလိုတဲ့ကြိုးစားမှု မအောင်မြင်ခဲ့ဘဲ အိုးလ်ထရက်ဖို့ဒ်မှာသာ ဆက်နေခဲ့ရပါတယ်။ အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးကို ခေါ်ယူဖို့ အသင်းကြီးတွေလက်တွန့်ရတဲ့နောက်ကွယ်မှာ

လစာနဲ့ အဝတ်လဲခန်းပြဿနာအပြင် သူ့ရဲ့စွမ်းဆောင်မှုအပေါ် သံသယရှိတာလည်း ပါဝင်ခဲ့ပါတယ်။ တန်းဟတ်ကလည်း သူ့ကို လူစားဝင်ကစားသမားအဖြစ်သာသုံးနေပြီး အဲရစ်ဆင်ကို false nine နေရာမှာ ကစားခိုင်းနေတာပါ။

အာဆင်နယ်ရဲ့ရှုံးပွဲမရှိမှတ်တမ်းကို ရိုက်ချိုးခဲ့တဲ့ပွဲမှာလည်း ရော်နယ်ဒိုဟာ အဖွင့်ဂိုးသွင်းသူအန်တိုနီနေရာမှာ ၅၈ မိနစ်ရောက်မှ လူစားဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ရွှေဘောလုံး ၅ ဆုရှင်ဟာ နည်းပြသစ်လိုချင်တဲ့ပုံစံအတိုင်း

ကစားနိုင်စွမ်းရှိတယ်ဆိုတာ ဗွီဒီယိုမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တနည်းအားဖြင့် နာရီဝက်လောက်ကစားခွင့်ရချိန်မှာ အသင်းဖော်တွေဂိုးသွင်းနိုင်ဖို့ မဖန်တီးနိုင်သလို ကိုယ်တိုင်လည်းဂိုးမသွင်းနိုင်ပေမယ့်

အာဆင်နယ်ဂိုးသမားရမ်စ်ဒေးလ်ကို ဖိအားပေးနိုင်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ရှေ့တန်းမှာ တိုက်စစ်မှူးတစ်ဦးရဲ့အကောင်းဆုံးပုံစံရှိနေခဲ့ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေဟာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်အတွက် နေရာလွတ်တွေဖြစ်စေခဲ့ပါတယ်။

ဒါဟာ ဒုတိယပိုင်းမှာ အာဆင်နယ်ကို မန်ယူအပြန်အလှန်ဖိအားပေးနိုင်ခဲ့တဲ့ အကြောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဖာနန်ဒက်စ်၊ အဲရစ်ဆင်နဲ့ ရက်ရှ်ဖို့ဒ်တို့တွဲလုံးကနေ မန်ယူရခဲ့တဲ့ တတိယဂိုးမှာ ရော်နယ်ဒိုမပါဝင်ခဲ့ပေမယ့် ဖရက်ဒ်သာ သူ့ကိုပေးပို့နိုင်ခဲ့ရင် သရဲနိတွေအတွက် နောက်ထပ်တစ်ဂိုးဖြစ်ခဲ့နိုင်တာပါ။

(zawgyi)

ေရာ္နယ္ဒိုဟာ နည္းျပတန္းဟတ္ရဲ႕ဒီရာသီအစီအစဥ္မွာ တစ္ေနရာယူႏိုင္ဆဲျဖစ္တယ္ဆိုတာ အာဆင္နယ္ကိုအႏိုင္ရတဲ့ပြဲမွာ သက္ေသျပသြားႏိုင္ခဲ့ပါတယ္။ သူဟာ ဒီတစ္ေႏြလုံး မန္ယူအတြက္ ျပႆနာျဖစ္ခဲ့ရတာပါ။

ဒါေပမဲ့ ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ ထြက္ခြာလိုတဲ့ႀကိဳးစားမႈ မေအာင္ျမင္ခဲ့ဘဲ အိုးလ္ထရက္ဖို႔ဒ္မွာသာ ဆက္ေနခဲ့ရပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို ေခၚယူဖို႔ အသင္းႀကီးေတြလက္တြန႔္ရတဲ့ေနာက္ကြယ္မွာ

လစာနဲ႔ အဝတ္လဲခန္းျပႆနာအျပင္ သူ႔ရဲ႕စြမ္းေဆာင္မႈအေပၚ သံသယရွိတာလည္း ပါဝင္ခဲ့ပါတယ္။ တန္းဟတ္ကလည္း သူ႔ကို လူစားဝင္ကစားသမားအျဖစ္သာသုံးေနၿပီး အဲရစ္ဆင္ကို false nine ေနရာမွာ ကစားခိုင္းေနတာပါ။

အာဆင္နယ္ရဲ႕ရႈံးပြဲမရွိမွတ္တမ္းကို ႐ိုက္ခ်ိဳးခဲ့တဲ့ပြဲမွာလည္း ေရာ္နယ္ဒိုဟာ အဖြင့္ဂိုးသြင္းသူအန္တိုနီေနရာမွာ ၅၈ မိနစ္ေရာက္မွ လူစားဝင္ခြင့္ရခဲ့ပါတယ္။ ဒါေပမဲ့ ေ႐ႊေဘာလုံး ၅ ဆုရွင္ဟာ နည္းျပသစ္လိုခ်င္တဲ့ပုံစံအတိုင္း ကစားႏိုင္စြမ္းရွိတယ္ဆိုတာ

ဗြီဒီယိုမွတ္တမ္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ တနည္းအားျဖင့္ နာရီဝက္ေလာက္ကစားခြင့္ရခ်ိန္မွာ အသင္းေဖာ္ေတြဂိုးသြင္းႏိုင္ဖို႔ မဖန္တီးႏိုင္သလို ကိုယ္တိုင္လည္းဂိုးမသြင္းႏိုင္ေပမယ့္ အာဆင္နယ္ဂိုးသမားရမ္စ္ေဒးလ္ကို ဖိအားေပးႏိုင္ခဲ့တာပါ။

ေရာ္နယ္ဒိုဟာ ေရွ႕တန္းမွာ တိုက္စစ္မႉးတစ္ဦးရဲ႕အေကာင္းဆုံးပုံစံရွိေနခဲ့ပါတယ္။ သူ႔ရဲ႕လႈပ္ရွားမႈေတြဟာ ၂ ဂိုးသြင္းႏိုင္ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္အတြက္ ေနရာလြတ္ေတြျဖစ္ေစခဲ့ပါတယ္။ ဒါဟာ ဒုတိယပိုင္းမွာ အာဆင္နယ္ကို

မန္ယူအျပန္အလွန္ဖိအားေပးႏိုင္ခဲ့တဲ့ အေၾကာင္းတစ္ရပ္ျဖစ္ခဲ့ပါတယ္။ အထူးသျဖင့္ ဖာနန္ဒက္စ္၊ အဲရစ္ဆင္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔တြဲလုံးကေန မန္ယူရခဲ့တဲ့ တတိယဂိုးမွာ ေရာ္နယ္ဒိုမပါဝင္ခဲ့ေပမယ့္ ဖရက္ဒ္သာ သူ႔ကိုေပးပို႔ႏိုင္ခဲ့ရင္ သရဲနိေတြအတြက္ ေနာက္ထပ္တစ္ဂိုးျဖစ္ခဲ့ႏိုင္တာပါ။