
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဗက်ဟော့တ်ဟာ တိုက်စစ်မှူးဆိုတဲ့
ဂုဏ်ပုဒ်နဲ့ ကိုက်ညီအောင် ဂိုးတွေ အများကြီးမသွင်းပြနိုင်ပေမယ့် နည်းပြ
အဲရစ်တန်ဟက်ရဲ့ နည်းစနစ်တွေထဲမှာ အကောင်းဆုံးအသုံးတော်ခံနေပြီး
ကိုယ်တိုင်ဂိုးသွင်းဖို့ထက် အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ကူညီပေး
နေပါတယ်။
အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ဗက်ဟော့တ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ
ယူနိုက်တက်ကို အငှားနဲ့ရောက်ရှိလာတာဖြစ်ပေမယ့် အချိန်တိုအတွင်းမှာပဲ
အသင်းရဲ့ကစားဟန်နဲ့ အံဝင်အောင်ကစားနိုင်ခဲ့သလို သူ့အတွက် ပုံမှန်နေရာ
မဟုတ်တဲ့ ကွင်းလယ်တိုက်စစ်နေရာမှာလည်း တာဝန်ကျေအောင် ကစားနိုင်
ခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရတဲ့ FA ဖလားပွဲမှာ ဖရက်ဒ် သွင်းခဲ့တဲ့
တတိယဂိုးက ဗက်ဟော့တ်ရဲ့ ရုန်းအားကနေ ဂိုးဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းနဲ့ပွဲမှာ ဗက်ဟော့တ်ဟာ တိကျတဲ့ဘောလုံးပေးပို့မှု (၈၈%)၊ ဘောလုံး
ထိချက် (၃၄)ကြိမ်၊ အရေးပါတဲ့ ဘောလုံးပေးပို့မှု (၅)ကြိမ်၊ မြေပြင်မှာ
ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်မှု (၂)ကြိမ်၊ ဂိုးပေါက်ကန်ချက် (၂)ကြိမ်၊ အောင်မြင်တဲ့
ဘောလုံးဆွဲပြေးမှု (၁)ကြိမ်၊ ဂိုးဖန်တီးမှု (၁)ကြိမ်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့အဖြစ်
နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမှာ သွင်းခဲ့တဲ့(၁)ဂိုးသာ ရှိသေးပေမယ့် ဗက်ဟော့တ်က
အရေးပါတဲ့ ဂိုးဖန်တီးပေးမှုတွေပြုလုပ်နေပြီး လိဒ်စ်ကို (၂-ဝ)ဂိုးနဲ့အနိုင်ရတဲ့
ပရီးမီးယားလိဂ်ပွဲမှာ ဂါနာချိုရဲ့ သွင်းဂိုး၊ ပြီးခဲ့တဲ့လိဂ်ဖလားဗိုလ်လုပွဲတုန်းက
ရပ်ရှ်ဖို့ဒ် သွင်းယူခဲ့တဲ့ ဒုတိယဂိုးနဲ့ အခု ဝက်စ်ဟမ်းနဲ့ FA ဖလားပွဲမှာ ဖရက်ဒ်ရဲ့
တတိယဂိုးတွေကို ဖန်တီးပေးခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး ဗက္ေဟာ့တ္ဟာ တိုက္စစ္မႉးဆိုတဲ့
ဂုဏ္ပုဒ္နဲ႔ ကိုက္ညီေအာင္ ဂိုးေတြ အမ်ားႀကီးမသြင္းျပႏိုင္ေပမယ့္ နည္းျပ
အဲရစ္တန္ဟက္ရဲ႕ နည္းစနစ္ေတြထဲမွာ အေကာင္းဆုံးအသုံးေတာ္ခံေနၿပီး
ကိုယ္တိုင္ဂိုးသြင္းဖို႔ထက္ အသင္းေဖာ္ေတြ ဂိုးသြင္းႏိုင္ေအာင္ ကူညီေပး
ေနပါတယ္။
အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ ဗက္ေဟာ့တ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလကမွ
ယူႏိုက္တက္ကို အငွားနဲ႔ေရာက္ရွိလာတာျဖစ္ေပမယ့္ အခ်ိန္တိုအတြင္းမွာပဲ
အသင္းရဲ႕ကစားဟန္နဲ႔ အံဝင္ေအာင္ကစားႏိုင္ခဲ့သလို သူ႔အတြက္ ပုံမွန္ေနရာ
မဟုတ္တဲ့ ကြင္းလယ္တိုက္စစ္ေနရာမွာလည္း တာဝန္ေက်ေအာင္ ကစားႏိုင္
ခဲ့ပါတယ္။
ဝက္စ္ဟမ္းအသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရတဲ့ FA ဖလားပြဲမွာ ဖရက္ဒ္ သြင္းခဲ့တဲ့
တတိယဂိုးက ဗက္ေဟာ့တ္ရဲ႕ ႐ုန္းအားကေန ဂိုးဖန္တီးေပးခဲ့တာျဖစ္ပါတယ္။
ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဗက္ေဟာ့တ္ဟာ တိက်တဲ့ေဘာလုံးေပးပို႔မႈ (၈၈%)၊ ေဘာလုံး
ထိခ်က္ (၃၄)ႀကိမ္၊ အေရးပါတဲ့ ေဘာလုံးေပးပို႔မႈ (၅)ႀကိမ္၊ ေျမျပင္မွာ
ၿပိဳင္ဘက္ကို ေက်ာ္ျဖတ္ႏိုင္မႈ (၂)ႀကိမ္၊ ဂိုးေပါက္ကန္ခ်က္ (၂)ႀကိမ္၊ ေအာင္ျမင္တဲ့
ေဘာလုံးဆြဲေျပးမႈ (၁)ႀကိမ္၊ ဂိုးဖန္တီးမႈ (၁)ႀကိမ္ရွိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီလအတြင္း လိဂ္ဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့အျဖစ္
ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ပြဲမွာ သြင္းခဲ့တဲ့(၁)ဂိုးသာ ရွိေသးေပမယ့္ ဗက္ေဟာ့တ္က
အေရးပါတဲ့ ဂိုးဖန္တီးေပးမႈေတြျပဳလုပ္ေနၿပီး လိဒ္စ္ကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့
ပရီးမီးယားလိဂ္ပြဲမွာ ဂါနာခ်ိဳရဲ႕ သြင္းဂိုး၊ ၿပီးခဲ့တဲ့လိဂ္ဖလားဗိုလ္လုပြဲတုန္းက
ရပ္ရွ္ဖို႔ဒ္ သြင္းယူခဲ့တဲ့ ဒုတိယဂိုးနဲ႔ အခု ဝက္စ္ဟမ္းနဲ႔ FA ဖလားပြဲမွာ ဖရက္ဒ္ရဲ႕
တတိယဂိုးေတြကို ဖန္တီးေပးခဲ့ပါတယ္။