ဂိုးပြတ်နိုင်ပွဲနဲ့အတူ ပြန်လာတဲ့ ဗာဗီရဲ့ ဘာကာ

ဘာစီလိုနာနည်းပြအနေနဲ့ ဆန်တီယာဂို ဘာနေဗျူးကို ပထမဆုံးအကြိမ်

သွားရောက်ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်မှာပဲ ဇာဗီက ရီးရဲမက်ဒရစ်ကို ( ၄-၀ ) ရလာဒ်နဲ့

အနိုင်ရရှိအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်အပြီးမှာ သူက

လုံးဝ ပျော်ရွှင်နေပြီး “ ဒီနိုင်ပွဲက ဘာစီလိုနာအတွက် အရမ်းကို

အဓိပ္ပာယ်ရှိတာကြောင့် ကျွန်တော် အတော်လေး ပျော်မိပါတယ်။

ဒါက အသင်းရဲ့ အနာဂတ်ကိုတောင် ပြောင်းလဲပေးနိုင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့က မက်ဒရစ်ရဲ့ ကွင်းလယ်နောက်ကို အသားပေးကစားခဲ့ပါတယ်။

သတ္တိရှိရှိ ကစားခဲ့ပါတယ်။ ကစားသမားတွေကို မက်ဒရစ်မျှော်လင့်နေတဲ့

ရူးကြောင်ကြောင် ဘောလုံးဆုံးရှုံးမှုတွေ မပြုလုပ်ဖို့ ကျွန်တော် တောင်းဆိုခဲ့ပါတယ်။”

“ ကျွန်တော်တို့က ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။

high press လုပ်ပြီး သူတို့ကွင်းဘက်ခြမ်းမှာ ဘောလုံးပြန်ယူနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့က ပိုကောင်းခဲ့ပြီး သွင်းဂိုးတွေ ပိုရယူနိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ်။”

“ ဒါက ကျွန်‌တော်တို့အတွက် လိုက်နာရမယ့် လမ်းကြောင်း၊

ယှဉ်ပြိုင်ဖို့အတွက် အကောင်းဆုံး ကစားဟန်ဖြစ်ပါတယ်။

ကစားသမားတွေကလည်း သူတို့ကိုယ်သူတို့ ကျေနပ်နေကြပါတယ်။

ကျွန်တော်တို့က အဝတ်လဲခန်းထဲမှာ မိသားစုတစ်ခုဖြစ်နေပါပြီ။”

ဇာဗီက ဒါဟာ အနိုင် ( ၃ ) မှတ်သာဖြစ်ပြီး အမှတ်ပေးချန်ပီယံဆု

မဟုတ်ကြောင်း ဝန်ခံခဲ့ပေမယ့် အက်ကလက်စီကို နိုင်ပွဲက သူတို့အတွက်

များစွာအဓိပ္ပာယ်ရှိတယ်ဆိုတာ နားလည်ထားပြီးသားဖြစ်ပါတယ်။

“ ကျွန်‌တော် အရမ်းပဲ ဂုဏ်ယူ ပျော်ရွှင်မိပါတယ်။

သာယာဖွယ် နေ့တစ်နေ့ပါ။ တစ်ကယ် ခမ်းနားပါတယ်။

ဘာကာ ပြန်လာပါပြီ။ မကြာသေးမီက ကာလတွေမှာ ကျွန်တော်တို့အတွက်

ပျော်စရာတွေ သိမရှိခဲ့ပါဘူး။ နည်းပြတစ်ယောက်အနေနဲ့ရော ၊

ပရိသတ်တစ်ဦးအနေနဲ့ပါ ဒီနိုင်ပွဲကို အောင်ပွဲခံသွားမှာပါ ။”

လာလီဂါပြိုင်ပွဲ ပြီးဆုံးဖို့ ( ၉ ) ပွဲသာ လို‌တော့ချိန် တစ်ပွဲလျော့ ကစားထားတဲ့

ဘာစီလိုနာအသင်းက အမှတ်‌ပေးဇယားထိပ်က ရီးရဲမက်ဒရစ်အောက်

( ၁၂ ) မှတ် လျော့နည်းလျက်ရှိပါတယ်။

zawgyi

ဂုိးျပတ္ႏုိင္ပြဲနဲ႔အတူ ျပန္လာတဲ့ ဗာဗီရဲ႕ ဘာကာ

ဘာစီလိုနာနည္းျပအေနနဲ႔ ဆန္တီယာဂို ဘာေနဗ်ဴးကို ပထမဆုံးအႀကိမ္

သြားေရာက္ယွဥ္ၿပိဳင္ရတဲ့ ပြဲစဥ္မွာပဲ ဇာဗီက ရီးရဲမက္ဒရစ္ကို ( ၄-၀ ) ရလာဒ္နဲ႔

အႏိုင္ရရွိေအာင္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ အဆိုပါ ပြဲစဥ္အၿပီးမွာ သူက

လုံးဝ ေပ်ာ္႐ႊင္ေနၿပီး “ ဒီႏိုင္ပြဲက ဘာစီလိုနာအတြက္ အရမ္းကို

အဓိပၸာယ္ရွိတာေၾကာင့္ ကြၽန္ေတာ္ အေတာ္ေလး ေပ်ာ္မိပါတယ္။

ဒါက အသင္းရဲ႕ အနာဂတ္ကိုေတာင္ ေျပာင္းလဲေပးႏိုင္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

“ ကြၽန္ေတာ္တို႔က မက္ဒရစ္ရဲ႕ ကြင္းလယ္ေနာက္ကို အသားေပးကစားခဲ့ပါတယ္။

သတၱိရွိရွိ ကစားခဲ့ပါတယ္။ ကစားသမားေတြကို မက္ဒရစ္ေမွ်ာ္လင့္ေနတဲ့

႐ူးေၾကာင္ေၾကာင္ ေဘာလုံးဆုံးရွံုးမႈေတြ မျပဳလုပ္ဖို႔ ကြၽန္ေတာ္ ေတာင္းဆိုခဲ့ပါတယ္။”

“ ကြၽန္ေတာ္တို႔က ပြဲကို ထိန္းခ်ဳပ္ ကစားႏိုင္ခဲ့ပါတယ္။

high press လုပ္ၿပီး သူတို႔ကြင္းဘက္ျခမ္းမွာ ေဘာလုံးျပန္ယူႏိုင္ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔က ပိုေကာင္းခဲ့ၿပီး သြင္းဂိုးေတြ ပိုရယူႏိုင္ခဲ့သင့္တယ္လို႔ ထင္ပါတယ္။”

“ ဒါက ကြၽန္‌ေတာ္တို႔အတြက္ လိုက္နာရမယ့္ လမ္းေၾကာင္း၊

ယွဥ္ၿပိဳင္ဖို႔အတြက္ အေကာင္းဆုံး ကစားဟန္ျဖစ္ပါတယ္။

ကစားသမားေတြကလည္း သူတို႔ကိုယ္သူတို႔ ေက်နပ္ေနၾကပါတယ္။

ကြၽန္ေတာ္တို႔က အဝတ္လဲခန္းထဲမွာ မိသားစုတစ္ခုျဖစ္ေနပါၿပီ။”

ဇာဗီက ဒါဟာ အႏိုင္ ( ၃ ) မွတ္သာျဖစ္ၿပီး အမွတ္ေပးခ်န္ပီယံဆု

မဟုတ္ေၾကာင္း ဝန္ခံခဲ့ေပမယ့္ အက္ကလက္စီကို ႏိုင္ပြဲက သူတို႔အတြက္

မ်ားစြာအဓိပၸာယ္ရွိတယ္ဆိုတာ နားလည္ထားၿပီးသားျဖစ္ပါတယ္။

“ ကြၽန္‌ေတာ္ အရမ္းပဲ ဂုဏ္ယူ ေပ်ာ္႐ႊင္မိပါတယ္။

သာယာဖြယ္ ေန႔တစ္ေန႔ပါ။ တစ္ကယ္ ခမ္းနားပါတယ္။

ဘာကာ ျပန္လာပါၿပီ။ မၾကာေသးမီက ကာလေတြမွာ ကြၽန္ေတာ္တို႔အတြက္

ေပ်ာ္စရာေတြ သိမရွိခဲ့ပါဘူး။ နည္းျပတစ္ေယာက္အေနနဲ႔ေရာ ၊

ပရိသတ္တစ္ဦးအေနနဲ႔ပါ ဒီႏိုင္ပြဲကို ေအာင္ပြဲခံသြားမွာပါ ။”

လာလီဂါၿပိဳင္ပြဲ ၿပီးဆုံးဖို႔ ( ၉ ) ပြဲသာ လို‌ေတာ့ခ်ိန္ တစ္ပြဲေလ်ာ့ ကစားထားတဲ့

ဘာစီလိုနာအသင္းက အမွတ္‌ေပးဇယားထိပ္က ရီးရဲမက္ဒရစ္ေအာက္

( ၁၂ ) မွတ္ ေလ်ာ့နည္းလ်က္ရွိပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*