ဂိုးပေါက်ထက်အများကြီးကျဉ်းတဲ့ အမှိုက်ပုံးထဲဝင်အောင် ကိုင်ဟာဗက်ဇ် စကေးပြခဲ့တာများလား

ချဲလ်ဆီးပရိသတ်တွေကြားမှာ ရေပန်းစားနေတာကတော့ ကလပ်အမေရိကနဲ့ ရာသီကြိုခြေစမ်းပွဲက ကိုင်ဟာဗက်ဇ်ရဲ့ကန်ချက်ပါပဲ။ အမေရိကန်မှာကစားခဲ့တဲ့ဒီပွဲမှာ

တူချယ်ရဲ့အသင်း ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ချဲလ်ဆီးအတွက်ဂိုးတွေကို တီမိုဝါနာနဲ့ မေဆန့်မောင့်တို့က သွင်းပေးခဲ့ကြတာပါ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ဂိုးတွေမရခင် ပထမပိုင်းမှာ

ကိုင်ဟာဗက်ဇ် အခွင့်အရေးရခဲ့ပါသေးတယ်။ သူ့ရဲ့ကန်ချက်အကြောင်းကတော့ အပြာရောင်ပရိသတ်တွေ လူမှုကွန်ယက်တွေပေါ်မှာ ရေးနေကြရတာပေါ့။

ဂိုးဘားပေါ်ကျော်ထွက်သွားခဲ့တာကို ပြောနေကြတာ မဟုတ်ပါဘူး။ ကွင်းနောက်ဘက်နားက အကာနဲ့ထိပြီး ဂိုးနောက်က အမှိုက်ပုံးထဲကို စွပ်ဆိုဝင်သွားခဲ့တာကြောင့်ပါ။

ဘေးနာကပရိသတ်တောင် တအံ့တသြနဲ့ငေးကြည့်ပြီး ဘောကောက်ဆီ ဘောလုံးပြန်ပစ်ပေးခဲ့ရပါတယ်။ မသိရင် အမှိုက်ပုံးထဲဝင်အောင် တမင် စကေးပြခဲ့တာလား ဘာလားပေါ့။

ဘာပဲဖြစ်ဖြစ် ကန်တိုင်းလွဲ တီမိုဝါနာတောင် ဂိုးတွေဘာတွေ ဈေးဦးပေါက်သွားတာကြောင့် ချဲလ်ဆီးပရိသတ်တွေ ကျေနပ်နေကြပါတယ်။

မန်ယူမှာလည်း မာရှယ်တောင် ဂိုးတွေသွင်းနေတယ်ဆိုတော့ လာမယ့်ရာသီပရီးမီးယားလိဂ်ဟာ အမေးဇင်းဖြစ်ဦးတော့မှာပါပဲ။

(zawgyi)

ခ်ဲလ္ဆီးပရိသတ္ေတြၾကားမွာ ေရပန္းစားေနတာကေတာ့ ကလပ္အေမရိကနဲ႔ ရာသီႀကိဳေျခစမ္းပြဲက ကိုင္ဟာဗက္ဇ္ရဲ႕ကန္ခ်က္ပါပဲ။ အေမရိကန္မွာကစားခဲ့တဲ့ဒီပြဲမွာ

တူခ်ယ္ရဲ႕အသင္း ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ ခ်ဲလ္ဆီးအတြက္ဂိုးေတြကို တီမိုဝါနာနဲ႔ ေမဆန႔္ေမာင့္တို႔က သြင္းေပးခဲ့ၾကတာပါ။ ဒါေပမဲ့ ဒုတိယပိုင္းမွာ ဂိုးေတြမရခင္

ပထမပိုင္းမွာ ကိုင္ဟာဗက္ဇ္ အခြင့္အေရးရခဲ့ပါေသးတယ္။ သူ႔ရဲ႕ကန္ခ်က္အေၾကာင္းကေတာ့ အျပာေရာင္ပရိသတ္ေတြ လူမႈကြန္ယက္ေတြေပၚမွာ ေရးေနၾကရတာေပါ့။

ဂိုးဘားေပၚေက်ာ္ထြက္သြားခဲ့တာကို ေျပာေနၾကတာ မဟုတ္ပါဘူး။ ကြင္းေနာက္ဘက္နားက အကာနဲ႔ထိၿပီး ဂိုးေနာက္က အမႈိက္ပုံးထဲကို စြပ္ဆိုဝင္သြားခဲ့တာေၾကာင့္ပါ။

ေဘးနာကပရိသတ္ေတာင္ တအံ့တၾသနဲ႔ေငးၾကည့္ၿပီး ေဘာေကာက္ဆီ ေဘာလုံးျပန္ပစ္ေပးခဲ့ရပါတယ္။ မသိရင္ အမႈိက္ပုံးထဲဝင္ေအာင္ တမင္ စေကးျပခဲ့တာလား ဘာလားေပါ့။

ဘာပဲျဖစ္ျဖစ္ ကန္တိုင္းလြဲ တီမိုဝါနာေတာင္ ဂိုးေတြဘာေတြ ေဈးဦးေပါက္သြားတာေၾကာင့္ ခ်ဲလ္ဆီးပရိသတ္ေတြ ေက်နပ္ေနၾကပါတယ္။ မန္ယူမွာလည္း မာရွယ္ေတာင္ ဂိုးေတြသြင္းေနတယ္ဆိုေတာ့ လာမယ့္ရာသီပရီးမီးယားလိဂ္ဟာ အေမးဇင္းျဖစ္ဦးေတာ့မွာပါပဲ။