ဂါရတ် ပီကေးက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အတွက် ပြန်လည်ကစားပေးမည်

ဘာစီလိုနာအသင်းရဲ့စပိန်ဝါရင့်နောက်ခံလူပီကေးဟာ လက်ရွေးစင်အသင်းကနေ

အနားယူခဲ့ပြီးဖြစ်ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက်

ပြန်လည်ကစားပေးဖို့စဉ်းစားနေပြီဖြစ်ပါတယ်။ အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ

ပီကေးဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်ရွေးစင်အသင်းကနေ

အနားယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူက “နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလား၊

ယူရိုချန်ပီယံဆုတွေရယူခဲ့ပြီး မမေ့နိုင်စရာအချိန်တွေပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ လက်ရွေးစင်အသင်းနဲ့ကျွန်တော့်ရဲ့ဇာတ်လမ်းက

အဆုံးသတ်ခဲ့ပါပြီ။ လက်ရွေးစင်အသင်းကနေ အနားယူဖို့ဆုံးဖြတ်ချက်ကိုလည်း

နည်းပြအင်းနရစ်ကို အသိပေးခဲ့ပြီးဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာ ပီကေးဟာ (၄)နှစ်ကြာဝေးကွာနေတဲ့ စပိန်အသင်းအတွက်

ပြန်လည်ကစားပေးဖို့ဆန္ဒရှိနေသလို အင်းနရစ်သာရွေးချယ်မယ်ဆိုရင်

အချိန်မရွေးကစားပေးဖို့အသင့်ရှိနေတယ်လို့ El Mundo သတင်းစာက

ဖော်ပြခဲ့ပါတယ်။ စပိန်အသင်းနည်းပြအင်းနရစ်အနေနဲ့ ပီကေးကို အသင်းမှာပြန်ရွေး၊

မရွေးဆိုတာ မသေချာသေးပေမယ့် ပီကေးလို ဝါရင့်နောက်ခံလူတစ်ဦး

ပါဝင်လာမယ်ဆိုရင် အသင်းခံစစ်က အခုထက်ပိုတောင့်တင်းသွားဖို့ရှိနေပါပြီ။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ပီကေးဟာ ဘာစီလိုနာအသင်းမှာ

အဓိကနောက်ခံလူအဖြစ်ကစားခွင့်ရနေဆဲဖြစ်သလို သူ့ရဲ့ခြေစွမ်းကို

ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပါပဲ။ စပိန်အသင်းအတွက် ၂၀၀၉ ခုနှစ်ကနေ

၂၀၁၈ခုနှစ်အထိကစားခဲ့တဲ့ ပီကေးဟာ အသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလား၊

ယူရို-၂၀၁၂ ချန်ပီယံဆုဖလားတွေရယူနိုင်ခဲ့ပါတယ်။

zawgyi

ဂါရတ္ ပီေကးက ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စပိန္အတြက္ ျပန္လည္ကစားေပးမည္

ဘာစီလိုနာအသင္းရဲ႕စပိန္ဝါရင့္ေနာက္ခံလူပီေကးဟာ လက္ေ႐ြးစင္အသင္းကေန

အနားယူခဲ့ၿပီးျဖစ္ေပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ႏိုင္ငံအသင္းအတြက္

ျပန္လည္ကစားေပးဖို႔စဥ္းစားေနၿပီျဖစ္ပါတယ္။ အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ

ပီေကးဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ လက္ေ႐ြးစင္အသင္းကေန

အနားယူဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး သူက “ႏိုင္ငံအသင္းနဲ႔အတူ ကမာၻ႔ဖလား၊

ယူ႐ိုခ်န္ပီယံဆုေတြရယူခဲ့ၿပီး မေမ့ႏိုင္စရာအခ်ိန္ေတြပိုင္ဆိုင္ခဲ့ပါတယ္။

ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ လက္ေ႐ြးစင္အသင္းနဲ႔ကြၽန္ေတာ့္ရဲ႕ဇာတ္လမ္းက

အဆုံးသတ္ခဲ့ပါၿပီ။ လက္ေ႐ြးစင္အသင္းကေန အနားယူဖို႔ဆုံးျဖတ္ခ်က္ကိုလည္း

နည္းျပအင္းနရစ္ကို အသိေပးခဲ့ၿပီးျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ အခုအခ်ိန္မွာ ပီေကးဟာ (၄)ႏွစ္ၾကာေဝးကြာေနတဲ့ စပိန္အသင္းအတြက္

ျပန္လည္ကစားေပးဖို႔ဆႏၵရွိေနသလို အင္းနရစ္သာေ႐ြးခ်ယ္မယ္ဆိုရင္

အခ်ိန္မေ႐ြးကစားေပးဖို႔အသင့္ရွိေနတယ္လို႔ El Mundo သတင္းစာက

ေဖာ္ျပခဲ့ပါတယ္။ စပိန္အသင္းနည္းျပအင္းနရစ္အေနနဲ႔ ပီေကးကို အသင္းမွာျပန္ေ႐ြး၊

မေ႐ြးဆိုတာ မေသခ်ာေသးေပမယ့္ ပီေကးလို ဝါရင့္ေနာက္ခံလူတစ္ဦး

ပါဝင္လာမယ္ဆိုရင္ အသင္းခံစစ္က အခုထက္ပိုေတာင့္တင္းသြားဖို႔ရွိေနပါၿပီ။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ ပီေကးဟာ ဘာစီလိုနာအသင္းမွာ

အဓိကေနာက္ခံလူအျဖစ္ကစားခြင့္ရေနဆဲျဖစ္သလို သူ႔ရဲ႕ေျခစြမ္းကို

ဆက္လက္ထိန္းသိမ္းထားႏိုင္ဆဲပါပဲ။ စပိန္အသင္းအတြက္ ၂၀၀၉ ခုႏွစ္ကေန

၂၀၁၈ခုႏွစ္အထိကစားခဲ့တဲ့ ပီေကးဟာ အသင္းနဲ႔အတူ ၂၀၁၀ ကမာၻ႔ဖလား၊

ယူ႐ို-၂၀၁၂ ခ်န္ပီယံဆုဖလားေတြရယူႏိုင္ခဲ့ပါတယ္။