
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူးအန်ဒီကိုးလ်က လူငယ်
ကစားသမားနှစ်ဦးဖြစ်တဲ့ အန်တိုနီနဲ့ ဂါနာချိုတို့ရဲ့ ခြေစွမ်းအပေါ်
နှိုင်းယှဉ်ခဲ့ပြီး ဂါနာချိုရဲ့ကစားဟန်က အန်တိုနီထက် ပိုပြီးစိတ်လှုပ်ရှားဖို့
ကောင်းတယ်လို့ ချီးကျူးခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီအစပိုင်းက ဘရာဇီးလ်လူငယ်ကြယ်ပွင့်
အန်တိုနီကို အေဂျက်စ်အသင်းဆီကနေ ပေါင်(၈၂)သန်းနဲ့ခေါ်ယူခဲ့ပြီး ဒါက
ကွင်းလယ်လူဟောင်း ပေ့ါဘာ(ပေါင် ၈၉သန်း)ပြီးရင် အသင်းရဲ့
ဒုတိယမြောက်ကြေးအကြီးဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
အန်တိုနီဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် (၁၆)ပွဲကစား၊ (၅)ဂိုးသွင်း၊
ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ပေမယ့် အန်ဒီကိုးလ်ကတော့
ဂါနာချိုရဲ့ စွမ်းဆောင်ရည်အပေါ် ပိုအားရနှစ်သက်နေတာဖြစ်ပါတယ်။
အန်ဒီကိုးလ်က “အမှန်အတိုင်းပြောရရင် ဂါနာချိုရဲ့ ခြေစွမ်းဟာ ပိုပြီးရင်ခုန်
စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဂါနာချိုဟာ
ဘောလုံးရတဲ့အချိန်တိုင်း စိတ်ဓာတ်ပြင်းပြင်းနဲ့ တက်ကြွမှုအပြည့်ကစားလေ့
ရှိပါတယ်။
သူက အလားအလာရှိတဲ့ အရည်အသွေးမြင့်လူငယ်တစ်ဦးဖြစ်ပြီး ဒီရာသီမှာ
ဂါနာချိုကို အခုထက် ပွဲထွက်ကစားခွင့်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့
ပြောကြားခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ ဂႏၴဝင္တိုက္စစ္မႉးအန္ဒီကိုးလ္က လူငယ္
ကစားသမားႏွစ္ဦးျဖစ္တဲ့ အန္တိုနီနဲ႔ ဂါနာခ်ိဳတို႔ရဲ႕ ေျခစြမ္းအေပၚ
ႏႈိင္းယွဥ္ခဲ့ၿပီး ဂါနာခ်ိဳရဲ႕ကစားဟန္က အန္တိုနီထက္ ပိုၿပီးစိတ္လႈပ္ရွားဖို႔
ေကာင္းတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဟာ ဒီရာသီအစပိုင္းက ဘရာဇီးလ္လူငယ္ၾကယ္ပြင့္
အန္တိုနီကို ေအဂ်က္စ္အသင္းဆီကေန ေပါင္(၈၂)သန္းနဲ႔ေခၚယူခဲ့ၿပီး ဒါက
ကြင္းလယ္လူေဟာင္း ေပ့ါဘာ(ေပါင္ ၈၉သန္း)ၿပီးရင္ အသင္းရဲ႕
ဒုတိယေျမာက္ေၾကးအႀကီးဆုံးကစားသမားျဖစ္ခဲ့ပါတယ္။
အန္တိုနီဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ (၁၆)ပြဲကစား၊ (၅)ဂိုးသြင္း၊
ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ေျခစြမ္းျပကစားႏိုင္ေပမယ့္ အန္ဒီကိုးလ္ကေတာ့
ဂါနာခ်ိဳရဲ႕ စြမ္းေဆာင္ရည္အေပၚ ပိုအားရႏွစ္သက္ေနတာျဖစ္ပါတယ္။
အန္ဒီကိုးလ္က “အမွန္အတိုင္းေျပာရရင္ ဂါနာခ်ိဳရဲ႕ ေျခစြမ္းဟာ ပိုၿပီးရင္ခုန္
စိတ္လႈပ္ရွားစရာေကာင္းတယ္လို႔ ကြၽန္ေတာ္ ယူဆပါတယ္။ ဂါနာခ်ိဳဟာ
ေဘာလုံးရတဲ့အခ်ိန္တိုင္း စိတ္ဓာတ္ျပင္းျပင္းနဲ႔ တက္ႂကြမႈအျပည့္ကစားေလ့
ရွိပါတယ္။
သူက အလားအလာရွိတဲ့ အရည္အေသြးျမင့္လူငယ္တစ္ဦးျဖစ္ၿပီး ဒီရာသီမွာ
ဂါနာခ်ိဳကို အခုထက္ ပြဲထြက္ကစားခြင့္ရဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္