ဂါနာချိုကို လိုချင်နေတာ အသင်း ၂၀ ကျော်တောင်ရှိနေတယ်

မန်ချက်စတာယူနိုက်တက် တောင်ပံတိုက်စစ်မှူးလေးဂါနာချိုကို လိုချင်နေတဲ့အသင်းပေါင်း ၂၀ ကျော်ရှိနေတယ်လို့ The Mirror သတင်းစာက ဖေါ်ပြပါတယ်။

အသက် ၁၈ နှစ်သားလေးဟာ နော်တင်ဟမ်ဖောရက်စ်ကိုအနိုင်ရပြီး မန်ယူချန်ပီယံဖြစ်ခဲ့တဲ့ လူငယ်အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ၂ ဂိုး သွင်းနိုင်ခဲ့သူပါ။ အဲဒီပွဲမှာ

ပရိသတ်တွေသတိထားမိသွားတဲ့ အာဂျင်တီးနားသားကို လက်ရှိအချိန်မှာ အငှားနဲ့ခေါ်ချင်နေတဲ့အသင်းတွေ တန်းစီနေပါပြီ။ ဘရိုက်တန်ကို အိမ်ကွင်းမှာရှုံးခဲ့တဲ့

ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတော့ ဂါနာချိုဟာ ပွဲပြီးကာနီးမှ ဘရူနိုဖာနန်ဒက်စ်နေရာ အစားဝင်ခွင့်ရခဲ့ပါတယ်။ သူ့ကို အစောပိုင်းကတည်းက လူစားဝင်စေခဲ့ရမှာလို့တောင်

နည်းပြတန်းဟတ်ကို ဝေဖန်သူတွေရှိနေတာပါ။ နယ်သာလန်သားကိုယ်တိုင် ဂါနာချိုရဲ့ခြေစွမ်းအပေါ်သဘောကျနေပေမယ့် စီနီယာတွေကြောင့် အခက်တွေ့နေရတာလို့လည်း

သတင်းထွက်နေပါတယ်။ ဗယ်လီကာနိုနဲ့ရာသီကြိုခြေစမ်းပွဲတုန်းက ဂါနာချိုရဲ့ခြေစွမ်းကို တန်းဟတ်ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါ။ The Mirror ကတော့ အင်္ဂလန်သာမက စပိန်၊ ဂျာမနီ၊

အီတလီနဲ့ စကော့တလန်က ကလပ်တွေပါ အာဂျင်တီးနားကိုစိတ်ဝင်စားနေကြတယ်လို့ ရေးထားပါတယ်။ လူစားလဲကစားသမားအရေအတွက် ၅ ဦးအထိ

တိုးမြှင့်ခွင့်ပြုထားတာကြောင့် သူ့လို လူငယ်တွေအတွက် အခွင့်အရေးဖြစ်နေပေမယ့် ကစားခွင့်မရရင်တော့ ဂါနာချိုကိုထိန်းဖို့ တန်းဟတ်အတွက် ဖိအားဖြစ်လာနိုင်ပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ ေတာင္ပံတိုက္စစ္မႉးေလးဂါနာခ်ိဳကို လိုခ်င္ေနတဲ့အသင္းေပါင္း ၂၀ ေက်ာ္ရွိေနတယ္လို႔ The Mirror သတင္းစာက ေဖၚျပပါတယ္။ အသက္ ၁၈ ႏွစ္သားေလးဟာ

ေနာ္တင္ဟမ္ေဖာရက္စ္ကိုအႏိုင္ရၿပီး မန္ယူခ်န္ပီယံျဖစ္ခဲ့တဲ့ လူငယ္အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ၂ ဂိုး သြင္းႏိုင္ခဲ့သူပါ။ အဲဒီပြဲမွာ ပရိသတ္ေတြသတိထားမိသြားတဲ့ အာဂ်င္တီးနားသားကို

လက္ရွိအခ်ိန္မွာ အငွားနဲ႔ေခၚခ်င္ေနတဲ့အသင္းေတြ တန္းစီေနပါၿပီ။ ဘ႐ိုက္တန္ကို အိမ္ကြင္းမွာရႈံးခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာေတာ့ ဂါနာခ်ိဳဟာ ပြဲၿပီးကာနီးမွ ဘ႐ူႏိုဖာနန္ဒက္စ္ေနရာ

အစားဝင္ခြင့္ရခဲ့ပါတယ္။ သူ႔ကို အေစာပိုင္းကတည္းက လူစားဝင္ေစခဲ့ရမွာလို႔ေတာင္ နည္းျပတန္းဟတ္ကို ေဝဖန္သူေတြရွိေနတာပါ။ နယ္သာလန္သားကိုယ္တိုင္ ဂါနာခ်ိဳရဲ႕ေျခစြမ္းအေပၚသေဘာက်ေနေပမယ့္

စီနီယာေတြေၾကာင့္ အခက္ေတြ႕ေနရတာလို႔လည္း သတင္းထြက္ေနပါတယ္။ ဗယ္လီကာႏိုနဲ႔ရာသီႀကိဳေျခစမ္းပြဲတုန္းက ဂါနာခ်ိဳရဲ႕ေျခစြမ္းကို တန္းဟတ္ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရတာပါ။

The Mirror ကေတာ့ အဂၤလန္သာမက စပိန္၊ ဂ်ာမနီ၊ အီတလီနဲ႔ စေကာ့တလန္က ကလပ္ေတြပါ အာဂ်င္တီးနားကိုစိတ္ဝင္စားေနၾကတယ္လို႔ ေရးထားပါတယ္။ လူစားလဲကစားသမားအေရအတြက္

၅ ဦးအထိ တိုးျမႇင့္ခြင့္ျပဳထားတာေၾကာင့္ သူ႔လို လူငယ္ေတြအတြက္ အခြင့္အေရးျဖစ္ေနေပမယ့္ ကစားခြင့္မရရင္ေတာ့ ဂါနာခ်ိဳကိုထိန္းဖို႔ တန္းဟတ္အတြက္ ဖိအားျဖစ္လာႏိုင္ပါတယ္။