ဂလေဇာနဲ့ မန်ယူပရိသတ်တွေကြား အမုန်းတရားကို မျက်ဝါးထင်ထင်မြင်ခွင့်ရတော့မယ့် တန်းဟတ်

ဒီသီတင်းပတ် စတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းပိုင်ရှင်ဂလေဇာမိသားစုကို ကန့်ကွက်ဆန္ဒပြဖို့ မန်ယူပရိသတ်တွေ စီစဉ်နေတယ်လို့ ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဖေါ်ပြပါတယ်။

အသင်းတာဝန်ရှိသူတွေကတော့ နယ်သာလန်သားကို နည်းပြခန့်အပ်ခဲ့တာဟာ မကြာခင်က ကျယ်ကျယ်လောင်လောင် ပြန်ကြားလာနေရတဲ့ ပရိသတ်အသံတွေကို

တိတ်စေဖို့ အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့မျှော်လင့်ချက်တွေက အချည်းနှီးဖြစ်မယ့်သဘောရှိနေပါတယ်။ The 1958 လို့ အမည်ရတဲ့ ပရိသတ်အဖွဲ့ဟာ

တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ပွဲမှာပဲ သူတို့ကန့်ကွက်မှုကို စတင်ဖို့စီစဉ်ထားကြောင်း Telegraph သတင်းစာက ဖေါ်ပြပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ပွဲမစခင် ၂ နာရီအလိုလောက်ကတည်းက

Salford Quays မှာ စုဝေးကြဖို့ တွစ်တာကနေနှိုးဆော်ထားပါတယ်။ “ ဂလေဇာတွေဟာ သင့်လျော်မှန်ကန်မှုမရှိတဲ့ အသင်းပိုင်ရှင်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့

အသင်းကို အမြဲတမ်းအားပေးနေမှာပါ။ နည်းပြကိုလည်း အမြဲတမ်းထောက်ခံသွားမှာပါ။ ဒါပေမဲ့ လက်ရှိပိုင်ရှင်တွေနဲ့ သူတို့ရဲ့ ဘယ်လိုရုပ်သေးရုပ်တွေကိုမဆို ဆန့်ကျင်ထကြွသွားမှာပါ။

ကျွန်တော်တို့အသင်းရဲ့အနာဂတ်ဟာ ကျွန်တော်တို့ရဲ့တစ်ခုတည်းသောတွန်းအားပါပဲ။ တစ်ချို့အရာတွေက တိုက်ပွဲဝင်ရကျိုးနပ်ပါတယ် ” လို့လည်း The 1958 က ရေးသားထားပါတယ်။

တန်းဟတ်ကတော့ ကစားသမား အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှု အပါအဝင် အသင်းရဲ့စီမံခန့်ခွဲမှုတွေကို သဘောမကျတဲ့ ပရိသတ်တွေနဲ့ အမေရိကန်အသင်းပိုင်ရှင်တွေရဲ့ ထိပ်တိုက်တွေ့မှုကို မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရတော့မှာပါ။

(zawgyi)

ဒီသီတင္းပတ္ စတင္မယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အသင္းပိုင္ရွင္ဂေလဇာမိသားစုကို ကန႔္ကြက္ဆႏၵျပဖို႔ မန္ယူပရိသတ္ေတြ စီစဥ္ေနတယ္လို႔ ၿဗိတိန္အေျခစိုက္ The Sun သတင္းစာက ေဖၚျပပါတယ္။

အသင္းတာဝန္ရွိသူေတြကေတာ့ နယ္သာလန္သားကို နည္းျပခန႔္အပ္ခဲ့တာဟာ မၾကာခင္က က်ယ္က်ယ္ေလာင္ေလာင္ ျပန္ၾကားလာေနရတဲ့ ပရိသတ္အသံေတြကို တိတ္ေစဖို႔

အကူအညီျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကတာပါ။ ဒါေပမဲ့ သူတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ေတြက အခ်ည္းႏွီးျဖစ္မယ့္သေဘာရွိေနပါတယ္။ The 1958 လို႔ အမည္ရတဲ့ ပရိသတ္အဖြဲ႕ဟာ

တနဂၤေႏြေန႔ ဘ႐ိုက္တန္နဲ႔ပြဲမွာပဲ သူတို႔ကန႔္ကြက္မႈကို စတင္ဖို႔စီစဥ္ထားေၾကာင္း Telegraph သတင္းစာက ေဖၚျပပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ ပြဲမစခင္ ၂ နာရီအလိုေလာက္ကတည္းက

Salford Quays မွာ စုေဝးၾကဖို႔ တြစ္တာကေနႏႈိးေဆာ္ထားပါတယ္။ “ ဂေလဇာေတြဟာ သင့္ေလ်ာ္မွန္ကန္မႈမရွိတဲ့ အသင္းပိုင္ရွင္ေတြျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ အသင္းကို

အၿမဲတမ္းအားေပးေနမွာပါ။ နည္းျပကိုလည္း အၿမဲတမ္းေထာက္ခံသြားမွာပါ။ ဒါေပမဲ့ လက္ရွိပိုင္ရွင္ေတြနဲ႔ သူတို႔ရဲ႕ ဘယ္လို႐ုပ္ေသး႐ုပ္ေတြကိုမဆို ဆန႔္က်င္ထႂကြသြားမွာပါ။

ကြၽန္ေတာ္တို႔အသင္းရဲ႕အနာဂတ္ဟာ ကြၽန္ေတာ္တို႔ရဲ႕တစ္ခုတည္းေသာတြန္းအားပါပဲ။ တစ္ခ်ိဳ႕အရာေတြက တိုက္ပြဲဝင္ရက်ိဳးနပ္ပါတယ္ ” လို႔လည္း The 1958 က ေရးသားထားပါတယ္။

တန္းဟတ္ကေတာ့ ကစားသမား အေျပာင္းအေ႐ႊ႕ေဈးကြက္လႈပ္ရွားမႈ အပါအဝင္ အသင္းရဲ႕စီမံခန႔္ခြဲမႈေတြကို သေဘာမက်တဲ့ ပရိသတ္ေတြနဲ႔ အေမရိကန္အသင္းပိုင္ရွင္ေတြရဲ႕ ထိပ္တိုက္ေတြ႕မႈကို မ်က္ဝါးထင္ထင္ျမင္ေတြ႕ခြင့္ရေတာ့မွာပါ။