ဂလေဇာထွက်သွားဆိုတဲ့ အော်သံတွေကို တည်းဖြတ်ပြီး ကက်စ်မီရိုမိတ်ဆက်ဗွီဒီယိုမှာ မန်ယူ အကြံအဖန်လုပ်ခဲ့

မန်ယူအသင်းဟာ လီဗာပူးလ်နဲ့ပွဲစဉ်မတိုင်ခင် သူတို့ကစားသမားသစ် ကက်စ်မီရိုကို ပရိသတ်နဲ့တရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီမှတ်တမ်းဗွီဒီယိုကို သရဲနီတွေက သူတို့ရဲ့တရားဝင်ဆိုရှယ်မီဒီယာထက်

တင်လိုက်ချိန်မှာတော့ ကွဲပြားမှုတွေရှိနေတာတွေ့ရတာပါ။ ပွဲကောင်းတာကြောင့် ကွင်းပြည့်မတတ်လာအားပေးကြတဲ့ ပရိသတ်တွေဟာ ဘရာဇီးလ်သားကိုကြိုဆိုနှုတ်ဆက်ခဲ့ကြတာ မှန်ပေမယ့်

အသံပိုင်းဆိုင်ရာပြင်ဆင်မှုတွေ လုပ်ထားတာတွေ့ခဲ့ကြရပါတယ်။ တွစ်တာမှာ မန်ယူတင်လိုက်တဲ့ဗွီဒီယိုထဲမှာ “ ယူနိုက်တက်၊ ယူနိုက်တက်၊ ယူနိုက်တက် ” ဆိုတဲ့ တက်တက်ကြွကြွအော်ဟစ်သံတွေ

ကြားနေရပေမယ့် ဒါဟာ ပြန်လည်ဖန်တီးထားတယ်ဆိုတာ ပရိသတ်တစ်ဦးတင်လိုက်တဲ့ဗွီဒီယိုနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရာမှာ ပေါ်သွားခဲ့တာပါ။ မန်ယူပရိသတ်တစ်ဦးက ကက်စ်မီရို မိတ်ဆက်ချိန်မှာရိုက်ကူးထားတဲ့

ဗွီဒီယိုကလစ်ကို တွစ်တာမှာတင်ခဲ့ပြီး အဲဒီဗွီဒီယိုထဲမှာ “ ဂလေဇာထွက်သွားတာ ငါတို့လိုချင်တယ်၊ ဂလေဇာထွက်သွားတာ ငါတို့လိုချင်တယ် ” ဆိုတဲ့အသံတွေကို အတိုင်းသားကြားနေရတာဖြစ်ပါတယ်။

တနည်းအားဖြင့် မန်ယူရဲ့တွစ်တာအက်ဒမင်တွေဟာ သူတို့အသင်းပိုင်ရှင် သိက္ခာကျမှာစိုးရိမ်တာကြောင့် အသံပိုင်းဆိုင်ရာပြင်ဆင်မှုတွေ လုပ်ခဲ့တာပါ။

သရဲနီပရိသတ်တွေဟာ အမေရိကန်အသင်းပိုင်ရှင်တွေလက်ထက်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို အားမရသလို အောင်မြင်မှုတွေလည်း ယုတ်လျော့လာတာကြောင့် ဆန့်ကျင်မှုတွေဆက်တိုက် လုပ်ဆောင်နေကြပါတယ်။

(zawgyi)

မန္ယူအသင္းဟာ လီဗာပူးလ္နဲ႔ပြဲစဥ္မတိုင္ခင္ သူတို႔ကစားသမားသစ္ ကက္စ္မီ႐ိုကို ပရိသတ္နဲ႔တရားဝင္ မိတ္ဆက္ေပးခဲ့ပါတယ္။ ဒီမွတ္တမ္းဗြီဒီယိုကို သရဲနီေတြက သူတို႔ရဲ႕တရားဝင္ဆိုရွယ္မီဒီယာထက္

တင္လိုက္ခ်ိန္မွာေတာ့ ကြဲျပားမႈေတြရွိေနတာေတြ႕ရတာပါ။ ပြဲေကာင္းတာေၾကာင့္ ကြင္းျပည့္မတတ္လာအားေပးၾကတဲ့ ပရိသတ္ေတြဟာ ဘရာဇီးလ္သားကိုႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကတာ မွန္ေပမယ့္

အသံပိုင္းဆိုင္ရာျပင္ဆင္မႈေတြ လုပ္ထားတာေတြ႕ခဲ့ၾကရပါတယ္။ တြစ္တာမွာ မန္ယူတင္လိုက္တဲ့ဗြီဒီယိုထဲမွာ “ ယူႏိုက္တက္၊ ယူႏိုက္တက္၊ ယူႏိုက္တက္ ” ဆိုတဲ့ တက္တက္ႂကြႂကြေအာ္ဟစ္သံေတြ ၾကားေနရေပမယ့္

ဒါဟာ ျပန္လည္ဖန္တီးထားတယ္ဆိုတာ ပရိသတ္တစ္ဦးတင္လိုက္တဲ့ဗြီဒီယိုနဲ႔ ႏႈိင္းယွဥ္ၾကည့္လိုက္ရာမွာ ေပၚသြားခဲ့တာပါ။ မန္ယူပရိသတ္တစ္ဦးက ကက္စ္မီ႐ို မိတ္ဆက္ခ်ိန္မွာ႐ိုက္ကူးထားတဲ့ ဗြီဒီယိုကလစ္ကို တြစ္တာမွာတင္ခဲ့ၿပီး

အဲဒီဗြီဒီယိုထဲမွာ “ ဂေလဇာထြက္သြားတာ ငါတို႔လိုခ်င္တယ္၊ ဂေလဇာထြက္သြားတာ ငါတို႔လိုခ်င္တယ္ ” ဆိုတဲ့အသံေတြကို အတိုင္းသားၾကားေနရတာျဖစ္ပါတယ္။

တနည္းအားျဖင့္ မန္ယူရဲ႕တြစ္တာအက္ဒမင္ေတြဟာ သူတို႔အသင္းပိုင္ရွင္ သိကၡာက်မွာစိုးရိမ္တာေၾကာင့္ အသံပိုင္းဆိုင္ရာျပင္ဆင္မႈေတြ လုပ္ခဲ့တာပါ။ သရဲနီပရိသတ္ေတြဟာ

အေမရိကန္အသင္းပိုင္ရွင္ေတြလက္ထက္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို အားမရသလို ေအာင္ျမင္မႈေတြလည္း ယုတ္ေလ်ာ့လာတာေၾကာင့္ ဆန႔္က်င္မႈေတြဆက္တိုက္ လုပ္ေဆာင္ေနၾကပါတယ္။