ဂရေဟမ်ပေါ်တာကို နည်းပြခန့်အပ်ရေးအတွက် နှုတ်အားဖြင့်သဘောတူညီမှုရရှိသွားတဲ့ ချဲလ်ဆီး

နည်းပြတူချယ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက် လက်ရှိအချိန် မှာတော့ ချဲလ်ဆီးဟာ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကို အစားထိုးခန့် အပ်ဖို့အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တာဟာ

လာမယ့်စနေနေ့မှာ ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲစဉ်ကို စတင်ကိုင် ဖွယ်နိုင်ဖို့ ရှိနေတယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ဘုန်းမောက်အသင်းနဲ့ နောက်ဆုံးအကြိမ် လေ့ကျင့်မှုပြုလုပ်ခဲ့တဲ့ ကြာသပတေးနေ့ အစောပိုင်း လေ့ ကျင့်ရေးအစီအစဉ်ဟာ

သူ့အတွက် နောက်ဆုံး ဖြစ်တော့မယ်လို့ Daily Mail သတင်းစာက ရေးသားဖော်ပြခဲ့တာလည်း ရှိပါတယ်။ ဒါကြောင့် အင်္ဂလန် သားနည်းပြ ပေါ်တာကို လာမယ့် ဖူလ်ဟမ်နဲ့ပွဲစဉ်မှာတော့ သူ့ရဲ့ ဘရိုက်တန် အသင်းက နည်းပြအဖွဲ့ဝင်တွေနဲ့အတူ

ချဲလ်ဆီးအသင်း နည်းပြထိုင်ခုံတန်းလျားမှာ မြင်တွေ့ရတော့မယ်လို့ သတင်းမီဒီယာတွေက ရေးသားနေကြပြီဖြစ်ပါတယ်။ တူချယ်ကို ထုတ်ပြီးတဲ့နောက် ချက်ချင်းဆိုသ လိုပဲ ပေါ်တာဟာ ချဲလ်ဆီးရဲ့ နံပါတ် ၁ ဦးစားပေးနည်းပြဖြစ်ခဲ့ပြီး

ဗုဒ္ဓဟူး နေ့လယ်ပိုင်းမှာကတည်းက စကားပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ လည်းသိရပါတယ်။ လန်ဒန်ကလပ်အသင်း တာဝန်ရှိသူတွေက တရားဝင် ဆက်သွယ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ပေါ်တာအနေနဲ့ စကား ပြောဆိုဆွေးနွေးခွင့်အတွက်

ဘရိုက်တန်က ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒီစ ကားပြောဆိုဆွေးနွေးမှုကို အသင်းပိုင်ရှင်တွေဖြစ်ကြတဲ့ တော့ဒ်ဘိုလေနဲ့ အက်ဂ်ဘာလီတို့ကိုယ်တိုင် ဦးဆောင်ခဲ့တာဖြစ်တယ်လို့ ကြားသိရပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းလောက်ကတည်းက

ဆွေးနွေးလိုက်ကြတာဟာ ည နေစောင်းတဲ့အထိကို ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စကို စတင်ပြီး ဆွေးနွေးကတည်းက ချဲလ်ဆီးဘက်မှာ အဖြေက ရှိပြီးသားဖြစ်ခဲ့ပြီး ပေါ်တာကိုယ်တိုင် ငြင်းဆန်မှသာ နောက်ထပ်နည်းပြတစ်ယောက်ကို

ချဲလ်ဆီးက ထပ်မံရှာဖွေမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ပေါ်တာ ရဲ့ ဘရိုက်တန်စာချုပ်ပါ အချက်အလက်အရ ခေါ်ယူလိုတဲ့အသင်းဟာ ပေါင် ၁၂ သန်းကျော်ကျော်သာ ပေးချေရမှာဖြစ်တဲ့အတွက် ဘရိုက်တန်အနေနဲ့

ဒီကိစ္စကို ရပ်တန့်ပစ်ဖို့ စွမ်းအားမျိုး မရှိနိုင်တော့ပါဘူး။ ပေါ်တာနဲ့အတူ ဘရိုက်တန်အသင်း လက်ထောက်နည်းပြဖြစ်တဲ့ ဘီလီရိဒ်လည်း စတမ်းဖို့ဒ် ဘရစ်ချ်ကို တစ်ပါတည်း ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

(zawgyi)

နည္းျပတူခ်ယ္ကို ရာထူးကေန ထုတ္ပယ္လိုက္ၿပီးတဲ့ေနာက္ လက္ရွိအခ်ိန္ မွာေတာ့ ခ်ဲလ္ဆီးဟာ ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ေပၚတာကို အစားထိုးခန႔္ အပ္ဖို႔အတြက္ ႏႈတ္အားျဖင့္ သေဘာတူညီမႈ ရခဲ့ၿပီပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေပၚတာဟာ လာမယ့္စေနေန႔မွာ ကစားမယ့္ ဖူလ္ဟမ္နဲ႔ပြဲစဥ္ကို စတင္ကိုင္ ဖြယ္ႏိုင္ဖို႔

ရွိေနတယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါ့အျပင္ ဘုန္းေမာက္အသင္းနဲ႔ ေနာက္ဆုံးအႀကိမ္ ေလ့က်င့္မႈျပဳလုပ္ခဲ့တဲ့ ၾကာသပေတးေန႔ အေစာပိုင္း ေလ့ က်င့္ေရးအစီအစဥ္ဟာ သူ႔အတြက္ ေနာက္ဆုံး ျဖစ္ေတာ့မယ္လို႔ Daily Mail သတင္းစာက ေရးသားေဖာ္ျပခဲ့တာလည္း ရွိပါတယ္။ ဒါေၾကာင့္

အဂၤလန္ သားနည္းျပ ေပၚတာကို လာမယ့္ ဖူလ္ဟမ္နဲ႔ပြဲစဥ္မွာေတာ့ သူ႔ရဲ႕ ဘ႐ိုက္တန္ အသင္းက နည္းျပအဖြဲ႕ဝင္ေတြနဲ႔အတူ ခ်ဲလ္ဆီးအသင္း နည္းျပထိုင္ခုံတန္းလ်ားမွာ ျမင္ေတြ႕ရေတာ့မယ္လို႔ သတင္းမီဒီယာေတြက ေရးသားေနၾကၿပီျဖစ္ပါတယ္။ တူခ်ယ္ကို ထုတ္ၿပီးတဲ့ေနာက္ ခ်က္ခ်င္းဆိုသ လိုပဲ

ေပၚတာဟာ ခ်ဲလ္ဆီးရဲ႕ နံပါတ္ ၁ ဦးစားေပးနည္းျပျဖစ္ခဲ့ၿပီး ဗုဒၶဟူး ေန႔လယ္ပိုင္းမွာကတည္းက စကားေျပာဆို ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ လည္းသိရပါတယ္။ လန္ဒန္ကလပ္အသင္း တာဝန္ရွိသူေတြက တရားဝင္ ဆက္သြယ္ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ေပၚတာအေနနဲ႔

စကား ေျပာဆိုေဆြးေႏြးခြင့္အတြက္ ဘ႐ိုက္တန္က ခြင့္ျပဳေပးခဲ့တာျဖစ္ပါတယ္။ ဒီစ ကားေျပာဆိုေဆြးေႏြးမႈကို အသင္းပိုင္ရွင္ေတြျဖစ္ၾကတဲ့ ေတာ့ဒ္ဘိုေလနဲ႔ အက္ဂ္ဘာလီတို႔ကိုယ္တိုင္ ဦးေဆာင္ခဲ့တာျဖစ္တယ္လို႔ ၾကားသိရၿပီး ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ ေန႔လယ္ပိုင္းေလာက္ကတည္းက

ေဆြးေႏြးလိုက္ၾကတာဟာ ည ေနေစာင္းတဲ့အထိကို ေရာက္သြားခဲ့တယ္လို႔ သိရပါတယ္။ ဒီကိစၥကို စတင္ၿပီး ေဆြးေႏြးကတည္းက ခ်ဲလ္ဆီးဘက္မွာ အေျဖက ရွိၿပီးသားျဖစ္ခဲ့ၿပီး ေပၚတာကိုယ္တိုင္ ျငင္းဆန္မွသာ ေနာက္ထပ္နည္းျပတစ္ေယာက္ကို ခ်ဲလ္ဆီးက ထပ္မံရွာေဖြမွာ ျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၄၇ ႏွစ္ရွိၿပီျဖစ္တဲ့ ေပၚတာ ရဲ႕ ဘ႐ိုက္တန္စာခ်ဳပ္ပါ အခ်က္အလက္အရ ေခၚယူလိုတဲ့အသင္းဟာ ေပါင္ ၁၂ သန္းေက်ာ္ေက်ာ္သာ ေပးေခ်ရမွာျဖစ္တဲ့အတြက္ ဘ႐ိုက္တန္အေနနဲ႔ ဒီကိစၥကို ရပ္တန႔္ပစ္ဖို႔ စြမ္းအားမ်ိဳး မရွိႏိုင္ေတာ့ပါဘူး။ ေပၚတာနဲ႔အတူ ဘ႐ိုက္တန္အသင္း လက္ေထာက္နည္းျပျဖစ္တဲ့ ဘီလီရိဒ္လည္း စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို တစ္ပါတည္း ေရာက္ရွိလာေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။