ဂန္ထဝင်ပေါစခိုးလ်ရဲ့ ကျောနံပါတ် ၁၈ ကိုဆက်ခံမယ့် ကက်စ်မီရိုသာ ဖရက်ဒ်နဲ့တွဲကစားလိုက်ရင် ..

ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့ကွင်းလယ်ကစားသမားသစ် ကက်စ်မီရိုကို ကြိုဆိုဖို့လုပ်နေကြပါပြီ။ ရီးရဲလ်ကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ၊ အပိုဆုကြေး ပေါင် ၁၀ သန်းဆိုတဲ့ သဘောတူညီချက်နဲ့ အိုးလ်ထရက်ဖို့ဒ်ရောက်လာမယ့်

ဘရာဇီးလ်သားဟာ ၄ နှစ်စာချုပ်မယ်လို့ သိရပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ကက်စ်မီရိုနာမည်ပါတဲ့ မန်ယူအင်္ကျီတွေနဲ့ ကြိုဆိုဖို့ပြင်ဆင်နေကြပါတယ်။ ခက်တာက ကက်စ်မီရိုရဲ့ကျောနံပါတ်ကို အခုထိ တရားဝင်မကြေညာသေးတာပါပဲ။

စပိန်က နာမည်ကျော်ဘောလုံးသတင်းထောက် ကော်တီဂါနာကတော့ ကက်စ်မီရိုဟာ မန်ယူဂန္ထဝင်ပေါစခိုးလ်ရဲ့ ကျောနံပါတ် ၁၈ ကို ဆက်ခံလိမ့်မယ်လို့ သတင်းပေးထားပါတယ်။ အင်္ဂလန်ကွင်းလယ်လူဟောင်းလို ယူနိုက်တက်မှာအောင်မြင်ချင်လို့ ဒီနံပါတ်ရွေးလိုက်တာလို့လည်း

အကြောင်းပြချက်ပေးထားပါတယ်။ အသက် ၃၀ အရွယ် ကစားသမားတစ်ယောက်ရဲ့ စိန်ခေါ်မှုသစ်ဟာ စိတ်ဝင်စားစရာကောင်းနေသလို ထင်ကြေးအမျိုးမျိုးလည်း ထွက်နေတာပါ။ အများစုက မန်ယူအားနည်းနေတဲ့ ကွင်းလယ်အဖျက်နေရာဟာ ဘရာဇီးလ်သားကြောင့်

တိုးတက်လာလိမ့်မယ်လို့ယူဆနေကြပြီး ကက်စ်မီရိုရောက်လာတာဟာ အထင်ကြီးလောက်စရာမရှိသေးပါဘူးဆိုတဲ့ ဖာဒီနန်လိုလူမျိုးတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ မန်ယူကွင်းလယ်မှာသာ ဖရက်ဒ်နဲ့ပုံမှန်ပွဲထွက်လိုက်ရင် ထိတ်လန့်စရာကောင်းတဲ့

အတွဲဖြစ်သွားလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း အများကြီးပါ။ ဘရာဇီးလ်သားနှစ်ယောက်ရဲ့မှတ်တမ်းကလည်း အံ့အားသင့်စရာကောင်းနေပါတယ်။ လက်ရွေးစင်အသင်းအတွက် သူတို့နှစ်ယောက် တွဲကစားခဲ့တဲ့ ပွဲ ၂၀ မှာ

ဘရာဇီးလ်ဟာ ၁ ပွဲသာရှုံးခဲ့ပြီး ၁၈ ပွဲအနိုင်ရခဲ့တာပါ။ ဂိုးမပေးရတဲ့ပွဲ ၁၅ ပွဲနဲ့ ၅ ဂိုးသာ ပေးခဲ့ရတာကလည်း မန်ယူပရိသတ်တွေအတွက် မျှော်လင့်ချင်စရာ အချက်အလက်ကောင်းတစ်ခုဖြစ်နေပါတယ်။

(zawgyi)

ယူႏိုက္တက္ပရိသတ္ေတြကေတာ့ သူတို႔ကြင္းလယ္ကစားသမားသစ္ ကက္စ္မီ႐ိုကို ႀကိဳဆိုဖို႔လုပ္ေနၾကပါၿပီ။ ရီးရဲလ္ကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၆၀ ၊ အပိုဆုေၾကး ေပါင္ ၁၀ သန္းဆိုတဲ့ သေဘာတူညီခ်က္နဲ႔ အိုးလ္ထရက္ဖို႔ဒ္ေရာက္လာမယ့္

ဘရာဇီးလ္သားဟာ ၄ ႏွစ္စာခ်ဳပ္မယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ကက္စ္မီ႐ိုနာမည္ပါတဲ့ မန္ယူအက်ႌေတြနဲ႔ ႀကိဳဆိုဖို႔ျပင္ဆင္ေနၾကပါတယ္။ ခက္တာက ကက္စ္မီ႐ိုရဲ႕ေက်ာနံပါတ္ကို အခုထိ တရားဝင္မေၾကညာေသးတာပါပဲ။

စပိန္က နာမည္ေက်ာ္ေဘာလုံးသတင္းေထာက္  ေကာ္တီဂါနာကေတာ့ ကက္စ္မီ႐ိုဟာ မန္ယူဂႏၴဝင္ေပါစခိုးလ္ရဲ႕ ေက်ာနံပါတ္ ၁၈ ကို ဆက္ခံလိမ့္မယ္လို႔ သတင္းေပးထားပါတယ္။ အဂၤလန္ကြင္းလယ္လူေဟာင္းလို

ယူႏိုက္တက္မွာေအာင္ျမင္ခ်င္လို႔ ဒီနံပါတ္ေ႐ြးလိုက္တာလို႔လည္း အေၾကာင္းျပခ်က္ေပးထားပါတယ္။ အသက္ ၃၀ အ႐ြယ္ ကစားသမားတစ္ေယာက္ရဲ႕ စိန္ေခၚမႈသစ္ဟာ စိတ္ဝင္စားစရာေကာင္းေနသလို ထင္ေၾကးအမ်ိဳးမ်ိဳးလည္း ထြက္ေနတာပါ။

အမ်ားစုက မန္ယူအားနည္းေနတဲ့ ကြင္းလယ္အဖ်က္ေနရာဟာ ဘရာဇီးလ္သားေၾကာင့္ တိုးတက္လာလိမ့္မယ္လို႔ယူဆေနၾကၿပီး ကက္စ္မီ႐ိုေရာက္လာတာဟာ အထင္ႀကီးေလာက္စရာမရွိေသးပါဘူးဆိုတဲ့ ဖာဒီနန္လိုလူမ်ိဳးေတြလည္း ရွိေနပါတယ္။

ဒါေပမဲ့ မန္ယူကြင္းလယ္မွာသာ ဖရက္ဒ္နဲ႔ပုံမွန္ပြဲထြက္လိုက္ရင္ ထိတ္လန႔္စရာေကာင္းတဲ့ အတြဲျဖစ္သြားလိမ့္မယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြလည္း အမ်ားႀကီးပါ။ ဘရာဇီးလ္သားႏွစ္ေယာက္ရဲ႕မွတ္တမ္းကလည္း အံ့အားသင့္စရာေကာင္းေနပါတယ္။

လက္ေ႐ြးစင္အသင္းအတြက္ သူတို႔ႏွစ္ေယာက္ တြဲကစားခဲ့တဲ့ ပြဲ ၂၀ မွာ ဘရာဇီးလ္ဟာ ၁ ပြဲသာရႈံးခဲ့ၿပီး ၁၈ ပြဲအႏိုင္ရခဲ့တာပါ။ ဂိုးမေပးရတဲ့ပြဲ ၁၅ ပြဲနဲ႔ ၅ ဂိုးသာ ေပးခဲ့ရတာကလည္း မန္ယူပရိသတ္ေတြအတြက္ ေမွ်ာ္လင့္ခ်င္စရာ အခ်က္အလက္ေကာင္းတစ္ခုျဖစ္ေနပါတယ္။