ဂန္ထဝင်နည်းပြကြီးဖာဂူဆန်နဲ့အတူ လိဂ်ဖလားချန်ပီယံဆု ကိုင်မြှောက်ပြီး အောင်ပွဲခံခဲ့တဲ့ အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ လိဂ်ဖလား

ဗိုလ်လုပွဲအပြီးမှာ အသင်းရဲ့ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်
နဲ့အတူ ချန်ပီယံဆုဖလား ကိုင်မြှောက်ပြီးတော့ အောင်ပွဲခံခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ကတ်စ်မဲရိုး၊ ဘော့တ်မန်း OG တို့ရဲ့ဂိုးတွေကြောင့်
နယူးကာဆယ်ကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး (၆)နှစ်နီးပါး ဖလားလက်မဲ့
ဖြစ်နေတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာ လိဂ်ဖလားချန်ပီယံဆု ရရှိခဲ့တဲ့ ပထမဆုံးဒတ်ချ်လူမျိုး
နည်းပြအဖြစ် စံချိန်ရေးထိုးခဲ့သလို ယူနိုက်တက်အသင်းသမိုင်းမှာ
မော်ရင်ဟိုနောက်ပိုင်း နည်းပြဘဝပထမဆုံးရာသီမှာပဲ ဆုဖလား
အောင်မြင်မှုရယူနိုင်တဲ့ ဒုတိယမြောက်နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

ပွဲအပြီးမှာ ဖာဂူဆန်က အဝတ်လဲခန်းနားမှာ အဲရစ်တန်ဟက်ကို လက်ခုပ်တီးပြီး
ကြိုဆိုခဲ့သလို လိဂ်ဖလားချန်ပီယံဆု ကိုင်မြှောက်ပြီးတော့ နှစ်ယောက်အတူ

ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်နည်းပြဘ၀ (၉)လတာကာလအတွင်း ပွဲပေါင်း

(၄၀)ကစား၊ (၂၉)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၆)ပွဲရှုံး၊ သွင်းဂိုး(၇၆)ဂိုး၊ ပေးဂိုး(၃၈)ဂိုး
ရှိခဲ့ပြီး ဖလား(၁)လုံး စတင်ရယူနိုင်ခဲ့ပါပြီ။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ လိဂ္ဖလား
ဗိုလ္လုပြဲအၿပီးမွာ အသင္းရဲ႕ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္
နဲ႔အတူ ခ်န္ပီယံဆုဖလား ကိုင္ေျမႇာက္ၿပီးေတာ့ ေအာင္ပြဲခံခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ကတ္စ္မဲ႐ိုး၊ ေဘာ့တ္မန္း OG တို႔ရဲ႕ဂိုးေတြေၾကာင့္
နယူးကာဆယ္ကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး (၆)ႏွစ္နီးပါး ဖလားလက္မဲ့
ျဖစ္ေနတဲ့ မွတ္တမ္းဆိုးကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

အဲရစ္တန္ဟက္ဟာ လိဂ္ဖလားခ်န္ပီယံဆု ရရွိခဲ့တဲ့ ပထမဆုံးဒတ္ခ်္လူမ်ိဳး
နည္းျပအျဖစ္ စံခ်ိန္ေရးထိုးခဲ့သလို ယူႏိုက္တက္အသင္းသမိုင္းမွာ
ေမာ္ရင္ဟိုေနာက္ပိုင္း နည္းျပဘဝပထမဆုံးရာသီမွာပဲ ဆုဖလား

ေအာင္ျမင္မႈရယူႏိုင္တဲ့ ဒုတိယေျမာက္နည္းျပအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါၿပီ။

ပြဲအၿပီးမွာ ဖာဂူဆန္က အဝတ္လဲခန္းနားမွာ အဲရစ္တန္ဟက္ကို လက္ခုပ္တီးၿပီး

ႀကိဳဆိုခဲ့သလို လိဂ္ဖလားခ်န္ပီယံဆု ကိုင္ေျမႇာက္ၿပီးေတာ့ ႏွစ္ေယာက္အတူ
ဓာတ္ပုံ႐ိုက္ခဲ့ၾကပါတယ္။

အဲရစ္တန္ဟက္ရဲ႕ ယူႏိုက္တက္နည္းျပဘ၀ (၉)လတာကာလအတြင္း ပြဲေပါင္း
(၄၀)ကစား၊ (၂၉)ပြဲႏိုင္၊ (၅)ပြဲသေရ၊ (၆)ပြဲရႈံး၊ သြင္းဂိုး(၇၆)ဂိုး၊ ေပးဂိုး(၃၈)ဂိုး
ရွိခဲ့ၿပီး ဖလား(၁)လုံး စတင္ရယူႏိုင္ခဲ့ပါၿပီ။