ဂန္ထဝင်တိုက်စစ်မှူးအဂွဲရိုးရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ပြီဖြစ်တဲ့ ဟာလန်း

မန်စီးတီးအသင်းရဲ့ နော်ဝေကြယ်ပွင့်တိုက်စစ်မှူးဟာလန်းဟာ

ဘုန်းမောက်နဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီးတဲ့နောက် ဂန္ထဝင်တိုက်စစ်မှူးအဂွဲရိုး
တင်ရှိထားတဲ့ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး
စံချိန်ကို ရာသီမကုန်ခင်မှာပဲ ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘုန်းမောက်ကို (၄-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲ(၂၉)မိနစ်မှာ ဖိုဒန် ဖန်တီး
ပေးတာကနေ ဟာလန်းဟာ အသင်းအတွက် ဒုတိယအနိုင်ဂိုး
သွင်းယူခဲ့တာဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်(၂၄)ပွဲကစားအပြီးမှာ
ဟာလန်းရဲ့ သွင်းဂိုးက (၂၇)ဂိုးအထိရှိလာပါပြီ။

မန်စီးတီးအသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား
ဖြစ်သူ အဂွဲရိုးဟာ ၂၀၁၄-၁၅ ရာသီတုန်းက ပရီးမီးယားလိဂ်မှာ (၂၆)ဂို

းသွင်းယူခဲ့ပြီး အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ရာသီအတွင်း
သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အခုအချိန်မှာတော့
ဟာလန်းက မန်စီးတီးကစားသမားဘ၀ ပွဲဦးထွက် ရာသီမှာပဲ
ဂန္ထဝင်တစ်ဦးရဲ့ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ အဆင့်မြင့်တန်းအမှတ်ပေးပြိုင်ပွဲသမိုင်းမှာတော့
တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေတာက ဂန္ထဝင်
တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဖရန်ဆစ်လီဖြစ်ပြီး ၁၉၇၁-၇၂ ရာသီတုန်းက

(၃၃)ဂိုးအထိ သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိ ဟာလန်းရဲ့ သွင်းဂိုးနှုန်းအရ ဖရန်ဆစ်လီရဲ့ စံချိန်ကိုလည်း

မကြာခင် ချိုးဖျက်နိုင်ဖို့ရှိနေပါပြီ။ ဒီရာသီအစကမှ ဒေ့ါမွန်ကနေ မန်စီးတီးကို
ပြောင်းရွှေ့ခဲ့သူ ဟာလန်းဟာ ပရီးမီးယားလိဂ်လို ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲ

တစ်ခုကို ‘Farmer League’ လို့ ထင်ရလောက်အောင် ဂိုးတွေ အလွယ်တကူ
သွင်းပြနေပြီး (၂၄)ပွဲကစား၊ (၂၇)ဂိုးသွင်းခဲ့တာကြောင့် တစ်ပွဲပျမ်းမျှသွင်းဂိုးက
(၁.၁၂၅)ဂိုးအထိ ရှိနေပါတယ်။ ဒါ့အပြင် ဟာလန်းဟာ ပြိုင်ပွဲစုံမှာလည်း (၁)ပွဲ၊
(၁)ဂိုးနှုန်း သွင်းထားပြီး (၃၃)ပွဲကစား၊ (၃၃)ဂိုးသွင်းယူခဲ့ပါတယ်။

[Zawgyi]

မန္စီးတီးအသင္းရဲ႕ ေနာ္ေဝၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းဟာ
ဘုန္းေမာက္နဲ႔ပြဲမွာ ဂိုးသြင္းခဲ့ၿပီးတဲ့ေနာက္ ဂႏၴဝင္တိုက္စစ္မႉးအဂြဲ႐ိုး
တင္ရွိထားတဲ့ ပရီးမီးယားလိဂ္တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆုံး

စံခ်ိန္ကို ရာသီမကုန္ခင္မွာပဲ ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဘုန္းေမာက္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲ(၂၉)မိနစ္မွာ ဖိုဒန္ ဖန္တီး

ေပးတာကေန ဟာလန္းဟာ အသင္းအတြက္ ဒုတိယအႏိုင္ဂိုး
သြင္းယူခဲ့တာျဖစ္ၿပီး ဒီရာသီပရီးမီးယားလိဂ္(၂၄)ပြဲကစားအၿပီးမွာ
ဟာလန္းရဲ႕ သြင္းဂိုးက (၂၇)ဂိုးအထိရွိလာပါၿပီ။

မန္စီးတီးအသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမား
ျဖစ္သူ အဂြဲ႐ိုးဟာ ၂၀၁၄-၁၅ ရာသီတုန္းက ပရီးမီးယားလိဂ္မွာ (၂၆)ဂို
းသြင္းယူခဲ့ၿပီး အသင္းရဲ႕ ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ရာသီအတြင္း
သြင္းဂိုးအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့

ဟာလန္းက မန္စီးတီးကစားသမားဘ၀ ပြဲဦးထြက္ ရာသီမွာပဲ
ဂႏၴဝင္တစ္ဦးရဲ႕ သြင္းဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းရဲ႕ အဆင့္ျမင့္တန္းအမွတ္ေပးၿပိဳင္ပြဲသမိုင္းမွာေတာ့
တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆုံးအျဖစ္ ရပ္တည္ေနတာက ဂႏၴဝင္
တိုက္စစ္မႉးတစ္ဦးျဖစ္သူ ဖရန္ဆစ္လီျဖစ္ၿပီး ၁၉၇၁-၇၂ ရာသီတုန္းက
(၃၃)ဂိုးအထိ သြင္းယူခဲ့ပါတယ္။

ဒါေပမဲ့ လက္ရွိ ဟာလန္းရဲ႕ သြင္းဂိုးႏႈန္းအရ ဖရန္ဆစ္လီရဲ႕ စံခ်ိန္ကိုလည္း
မၾကာခင္ ခ်ိဳးဖ်က္ႏိုင္ဖို႔ရွိေနပါၿပီ။ ဒီရာသီအစကမွ ေဒ့ါမြန္ကေန မန္စီးတီးကို
ေျပာင္းေ႐ႊ႕ခဲ့သူ ဟာလန္းဟာ ပရီးမီးယားလိဂ္လို ကမာၻ႔အေကာင္းဆုံးၿပိဳင္ပြဲ

တစ္ခုကို ‘Farmer League’ လို႔ ထင္ရေလာက္ေအာင္ ဂိုးေတြ အလြယ္တကူ
သြင္းျပေနၿပီး (၂၄)ပြဲကစား၊ (၂၇)ဂိုးသြင္းခဲ့တာေၾကာင့္ တစ္ပြဲပ်မ္းမွ်သြင္းဂိုးက

(၁.၁၂၅)ဂိုးအထိ ရွိေနပါတယ္။ ဒါ့အျပင္ ဟာလန္းဟာ ၿပိဳင္ပြဲစုံမွာလည္း (၁)ပြဲ၊
(၁)ဂိုးႏႈန္း သြင္းထားၿပီး (၃၃)ပြဲကစား၊ (၃၃)ဂိုးသြင္းယူခဲ့ပါတယ္။