ဂန္ထဝင်တိုက်စစ်မှူးရွန်နီရဲ့ သွင်းဂိုးမှတ်တမ်းကောင်းတစ်ခုကို အမီလိုက်နိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လိဒ်စ်နဲ့ပရီးမီးယားလိဂ်

အိမ်ကွင်းပွဲမှာ အနိုင်မရဘဲ သရေကျခဲ့ပေမယ့် တိုက်စစ်ကစားသမား
ရပ်ရှ်ဖို့ဒ်ကတော့ ဂန္ထဝင်တိုက်စစ်မှူးရွန်နီရဲ့ သွင်းဂိုးမှတ်တမ်းကောင်း
တစ်ခုကို အမီလိုက်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် ပထမချေပဂိုးကို ပွဲချိန်(၆၂)မိနစ်မှာ
နောက်ခံလူဒါလော့တ်ရဲ့ ဖြတ်တင်ဘောကနေ ရပ်ရှ်ဖို့ဒ်က ခေါင်းတိုက်
သွင်းခဲ့ပြီး ဒုတိယချေပဂိုးကိုတော့ (၈)မိနစ်အကြာမှာပဲ ဆန်ချိုက
သွင်းယူခဲ့တာဖြစ်ပါတယ်။

အခုပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ရပ်ရှ်ဖို့ဒ်ဟာ ဂန္ထဝင်တိုက်စစ်မှူးရွန်နီ
နောက်ပိုင်း ပရီးမီးယားလိဂ်အိမ်ကွင်း(၆)ပွဲဆက် ဂိုးသွင်းနိုင်တဲ့

ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းသမိုင်း
တစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့
ရွန်နီဟာ ၂၀၁၂၊ ဧပြီလတုန်းက အဲဒီလို စွမ်းဆောင်ခဲ့တာပြီး အခု
ရပ်ရှ်ဖို့ဒ်က အမီလိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ဝက်စ်ဟမ်းကို (၁-ဝ)ဂိုးနဲ့
အနိုင်ရတဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်ကစားသမားဘ၀ သွင်းဂို
း(၁၀၀)ပြည့်အဖြစ် သွင်းယူခဲ့ပြီး အဲဒီပွဲကစလို့ နော်တင်ဟမ်ဖော်ရက်စ်၊

ဘုန်းမောက်၊ မန်စီးတီး၊ ခရစ္စတယ်ပဲ့လေစ်နဲ့ အခု လိဒ်စ်ပွဲတွေမှာ
ဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်အသင်းအတွက် ဂိုး(၂၀)သွင်း၊
ဂိုးဖန်တီးမှု(၈)ကြိမ်ပြုလုပ်ထားပြီး ဥရောပထိပ်သီးလိဂ်(၅)ခုမှာ
သူ့ထက် စွမ်းဆောင်ရည် ပိုကောင်းတာဆိုလို့ ဟာလန်း၊ ဘာပေ၊
နေမာ၊ မက်ဆီတို့ပဲ ရှိပါတော့တယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လိဒ္စ္နဲ႔ပရီးမီးယားလိဂ္
အိမ္ကြင္းပြဲမွာ အႏိုင္မရဘဲ သေရက်ခဲ့ေပမယ့္ တိုက္စစ္ကစားသမား
ရပ္ရွ္ဖို႔ဒ္ကေတာ့ ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီရဲ႕ သြင္းဂိုးမွတ္တမ္းေကာင္း

တစ္ခုကို အမီလိုက္ႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းအတြက္ ပထမေခ်ပဂိုးကို ပြဲခ်ိန္(၆၂)မိနစ္မွာ

ေနာက္ခံလူဒါေလာ့တ္ရဲ႕ ျဖတ္တင္ေဘာကေန ရပ္ရွ္ဖို႔ဒ္က ေခါင္းတိုက္
သြင္းခဲ့ၿပီး ဒုတိယေခ်ပဂိုးကိုေတာ့ (၈)မိနစ္အၾကာမွာပဲ ဆန္ခ်ိဳက
သြင္းယူခဲ့တာျဖစ္ပါတယ္။

အခုပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့အတြက္ ရပ္ရွ္ဖို႔ဒ္ဟာ ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီ
ေနာက္ပိုင္း ပရီးမီးယားလိဂ္အိမ္ကြင္း(၆)ပြဲဆက္ ဂိုးသြင္းႏိုင္တဲ့
ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းသမိုင္း
တစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့

႐ြန္နီဟာ ၂၀၁၂၊ ဧၿပီလတုန္းက အဲဒီလို စြမ္းေဆာင္ခဲ့တာၿပီး အခု
ရပ္ရွ္ဖို႔ဒ္က အမီလိုက္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက ဝက္စ္ဟမ္းကို (၁-ဝ)ဂိုးနဲ႔
အႏိုင္ရတဲ့ပြဲမွာ ရပ္ရွ္ဖို႔ဒ္က ယူႏိုက္တက္ကစားသမားဘ၀ သြင္းဂို
း(၁၀၀)ျပည့္အျဖစ္ သြင္းယူခဲ့ၿပီး အဲဒီပြဲကစလို႔ ေနာ္တင္ဟမ္ေဖာ္ရက္စ္၊
ဘုန္းေမာက္၊ မန္စီးတီး၊ ခရစၥတယ္ပဲ့ေလစ္နဲ႔ အခု လိဒ္စ္ပြဲေတြမွာ
ဆက္တိုက္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဒီရာသီမွာ ရပ္ရွ္ဖို႔ဒ္က ယူႏိုက္တက္အသင္းအတြက္ ဂိုး(၂၀)သြင္း၊
ဂိုးဖန္တီးမႈ(၈)ႀကိမ္ျပဳလုပ္ထားၿပီး ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ

သူ႔ထက္ စြမ္းေဆာင္ရည္ ပိုေကာင္းတာဆိုလို႔ ဟာလန္း၊ ဘာေပ၊
ေနမာ၊ မက္ဆီတို႔ပဲ ရွိပါေတာ့တယ္။