ဂန္ထဝင်တိုက်စစ်မှူးဖောင်လာကို ကျော်ဖြတ်ပြီး လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးအဖြစ် ဆာလာ စံချိန်တင်

လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဆာလာဟာ မန်ချက်စတာ

ယူနိုက်တက်နဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တဲ့အတွက် ဂန္ထဝင်တိုက်စစ်မှူး
ဖောင်လာကို ကျော်ဖြတ်ပြီးတော့ လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး
အများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ပွဲမှာ လီဗာပူးလ်အသင်းဟာ (၇-ဝ)ဂိုးပြတ်အနိုင်ရခဲ့ပြီး
ဒါက အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် ယူနိုက်တက်ကို
လီဗာပူးလ်တို့ အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲရခဲ့ပါတယ်။

ပွဲချိန်(၆၆)မိနစ်မှာ ဆာလာက လီဗာပူးလ်ရဲ့စတုတ္ထမြောက်အနိုင်ဂိုးကို
မြေမကျကန်ချက်နဲ့ သွင်းယူခဲ့သလို (၈၃)မိနစ်မှာ ပယ်နယ်တီဧရိယာ
အတွင်း ဖေမီနိုပေးတာကနေ အပိုင်ပိတ်သွင်းပြီးတော့ ဂိုးသွင်းခဲ့ပါတယ်။

ဆာလာ လီဗာပူးလ်ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ပွဲပေါင်း (၂၀၅)ပွဲ
ကစား၊ သွင်းဂိုး(၁၂၉)ဂိုးရှိလာပြီး ဂန္ထဝင်တိုက်စစ်မှူး ဖောင်လာထက်

(၁)ဂိုးအသာနဲ့ အသင်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမား
အဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

ဒါ့အပြင် ဆာလာဟာ ယူနိုက်တက်နဲ့ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲ
ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးလီဗာပူးလ်ကစားသမားဖြစ်လာသလို
အခုဆိုရင် ယူနိုက်တက်ဘက်ကို (၁၂)ဂိုးအထိ သွင်းယူခဲ့တာကြောင့်
ဘလက်ဘန်းနဲ့ နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူးရှီးယားနဲ့အတူ ယူနိုက်တက်
အသင်းကို ပရီးမီးယားလိဂ်မှာ (၁၀)ဂိုးနဲ့အထက် သွင်းနိုင်တဲ့ ကစားသမား

အဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

[Zawgyi]

လီဗာပူးလ္အသင္းတိုက္စစ္ကစားသမား ဆာလာဟာ မန္ခ်က္စတာ

ယူႏိုက္တက္နဲ႔ပြဲမွာ (၂)ဂိုးသြင္းယူခဲ့တဲ့အတြက္ ဂႏၴဝင္တိုက္စစ္မႉး
ေဖာင္လာကို ေက်ာ္ျဖတ္ၿပီးေတာ့ လီဗာပူးလ္ရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး
အမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ယူႏိုက္တက္နဲ႔ပြဲမွာ လီဗာပူးလ္အသင္းဟာ (၇-ဝ)ဂိုးျပတ္အႏိုင္ရခဲ့ၿပီး
ဒါက အဂၤလန္အမွတ္ေပးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ယူႏိုက္တက္ကို
လီဗာပူးလ္တို႔ အႀကီးမားဆုံးဂိုးျပတ္ႏိုင္ပြဲရခဲ့ပါတယ္။

ပြဲခ်ိန္(၆၆)မိနစ္မွာ ဆာလာက လီဗာပူးလ္ရဲ႕စတုတၳေျမာက္အႏိုင္ဂိုးကို
ေျမမက်ကန္ခ်က္နဲ႔ သြင္းယူခဲ့သလို (၈၃)မိနစ္မွာ ပယ္နယ္တီဧရိယာ
အတြင္း ေဖမီႏိုေပးတာကေန အပိုင္ပိတ္သြင္းၿပီးေတာ့ ဂိုးသြင္းခဲ့ပါတယ္။

ဆာလာ လီဗာပူးလ္ကစားသမားဘဝမွာ ပရီးမီးယားလိဂ္ပြဲေပါင္း (၂၀၅)ပြဲ
ကစား၊ သြင္းဂိုး(၁၂၉)ဂိုးရွိလာၿပီး ဂႏၴဝင္တိုက္စစ္မႉး ေဖာင္လာထက္

(၁)ဂိုးအသာနဲ႔ အသင္းရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုးအမ်ားဆုံးကစားသမား
အျဖစ္ ရပ္တည္ႏိုင္ခဲ့ပါၿပီ။

ဒါ့အျပင္ ဆာလာဟာ ယူႏိုက္တက္နဲ႔ဆုံေတြ႕ခဲ့တဲ့ ၿပိဳင္ပြဲစုံေနာက္ဆုံး(၆)ပြဲ
ဆက္တိုက္ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးလီဗာပူးလ္ကစားသမားျဖစ္လာသလို
အခုဆိုရင္ ယူႏိုက္တက္ဘက္ကို (၁၂)ဂိုးအထိ သြင္းယူခဲ့တာေၾကာင့္
ဘလက္ဘန္းနဲ႔ နယူးကာဆယ္ဂႏၴဝင္တိုက္စစ္မႉးရွီးယားနဲ႔အတူ ယူႏိုက္တက္
အသင္းကို ပရီးမီးယားလိဂ္မွာ (၁၀)ဂိုးနဲ႔အထက္ သြင္းႏိုင္တဲ့ ကစားသမား

အျဖစ္ ပူးတြဲရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။