
မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ အသင်းရဲ့ဂန္ထဝင်
ဂိုးသမားကြီး ပီတာရှမိုက်ကယ်ရဲ့ ပြိုင်ပွဲစုံ Clean Sheets ပွဲ
အရေအတွက်ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
လိဂ်ဖလားဗိုလ်လုပွဲအဖြစ် နယူးကာဆယ်နဲ့ပွဲမှာ ယူနိုက်တက်
အသင်းဟာ ကတ်စ်မဲရိုး၊ ဘော့တ်မန်း OG တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး
ဒီဂီယာက ပွဲချိန်အတွင်း ကာကွယ်မှုတချို့ပြုလုပ်နိုင်တာကြောင့်
Clean Sheet နိုင်ပွဲနဲ့အတူ လိဂ်ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခုဆိုရင် ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ဒီဂီယာရဲ့
Clean Sheets ပွဲအရေအတွက်က (၁၈၁)ပွဲရှိလာပြီဖြစ်ပြီး ရှမိုက်ကယ်ရဲ့
စံချိန်ကို တစ်ပွဲအသာနဲ့ချိုးဖျက်နိုင်ပြီဖြစ်ပါတယ်။
အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ စပိန်ဝါရင့်ဂိုးသမား ဒီဂီယာဟာ
ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့ ခေါ်ဆောင်မှုကြောင့် ၂၀၁၁ ခုနှစ်မှာ
ယူနိုက်တက်အသင်းကို ရောက်ရှိခဲ့ပြီး လက်ရှိကစားသမားတွေထဲမှာ
ဖီးလ်ဂျုံးစ်နဲ့အတူ သက်တော်ရှည်ကစားသမားတစ်ဦးအဖြစ်
ရပ်တည်နေပါတယ်။
အခု လိဂ်ဖလားချန်ပီယံဆုက ဒီဂီယာအတွက် ဒုတိယမြောက် လိဂ်ဖလား
ချန်ပီယံဆုဖြစ်ပြီး ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလား၊
ယူရိုပါလိဂ်၊ ကွန်မြူနတီဒိုင်းအပါအဝင် ဆုဖလား(၈)ခုအထိ ရရှိခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ဒီဂီယာဟာ အသင္းရဲ႕ဂႏၴဝင္
ဂိုးသမားႀကီး ပီတာရွမိုက္ကယ္ရဲ႕ ၿပိဳင္ပြဲစုံ Clean Sheets ပြဲ
အေရအတြက္ကို ေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္တင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
လိဂ္ဖလားဗိုလ္လုပြဲအျဖစ္ နယူးကာဆယ္နဲ႔ပြဲမွာ ယူႏိုက္တက္
အသင္းဟာ ကတ္စ္မဲ႐ိုး၊ ေဘာ့တ္မန္း OG တို႔ရဲ႕ဂိုးေတြနဲ႔ အႏိုင္ရခဲ့ၿပီး
ဒီဂီယာက ပြဲခ်ိန္အတြင္း ကာကြယ္မႈတခ်ိဳ႕ျပဳလုပ္ႏိုင္တာေၾကာင့္
Clean Sheet ႏိုင္ပြဲနဲ႔အတူ လိဂ္ဖလားခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
အခုဆိုရင္ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ ဒီဂီယာရဲ႕
Clean Sheets ပြဲအေရအတြက္က (၁၈၁)ပြဲရွိလာၿပီျဖစ္ၿပီး ရွမိုက္ကယ္ရဲ႕
စံခ်ိန္ကို တစ္ပြဲအသာနဲ႔ခ်ိဳးဖ်က္ႏိုင္ၿပီျဖစ္ပါတယ္။
အသက္(၃၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စပိန္ဝါရင့္ဂိုးသမား ဒီဂီယာဟာ
ဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္ရဲ႕ ေခၚေဆာင္မႈေၾကာင့္ ၂၀၁၁ ခုႏွစ္မွာ
ယူႏိုက္တက္အသင္းကို ေရာက္ရွိခဲ့ၿပီး လက္ရွိကစားသမားေတြထဲမွာ
ဖီးလ္ဂ်ဳံးစ္နဲ႔အတူ သက္ေတာ္ရွည္ကစားသမားတစ္ဦးအျဖစ္
ရပ္တည္ေနပါတယ္။
အခု လိဂ္ဖလားခ်န္ပီယံဆုက ဒီဂီယာအတြက္ ဒုတိယေျမာက္ လိဂ္ဖလား
ခ်န္ပီယံဆုျဖစ္ၿပီး ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္၊ FA ဖလား၊
ယူ႐ိုပါလိဂ္၊ ကြန္ျမဴနတီဒိုင္းအပါအဝင္ ဆုဖလား(၈)ခုအထိ ရရွိခဲ့ပါတယ္။