ဂတ်ပိုဟာ တိုက်စစ်မှူးစစ်စစ် မဟုတ်တာကြောင့် ဂိုးတွေအများကြီး သွင်းနိုင်မှာမဟုတ်ဘူးလို့ ယူနိုက်တက်ကို ဗန်ပါစီ သတိပေး

နယ်သာလန်နာမည်ကျော်တိုက်စစ်မှူးဟောင်း ဗန်ပါစီက မန်ချက်စတာယူနိုက်တက်အသင်း

ပစ်မှတ်ထားနေတဲ့ လူငယ်ကြယ်ပွင့်ဂတ်ပိုဟာ တိုက်စစ်မှူးစစ်စစ်ကစားသမား
မဟုတ်တာကြောင့် ဂိုးတွေ ပုံမှန်သွင်းနိုင်ဖို့ မမျှော်လင့်သင့်ဘူးလို့ သတိပေးလိုက်ပါတယ်။

အသက်(၂၃)နှစ်သာရှိသေးတဲ့ တောင်ပံတိုက်စစ်ကစားသမား ဂတ်ပိုဟာ ၂၀၂၂
ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စုတွင်းမှာ (၃)ဂိုးသွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားပွဲဦးထွက်ပြိုင်ပွဲမှာ
အုပ်စုပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ ပထမဆုံး နယ်သာလန်ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အုပ်စုကနေ ကွာတားဖိုင်နယ်ပွဲအထိ နည်းပြဗန်ဟားလ်က ဂတ်ပိုကို False 9 ၊ ညာခြမ်း
တောင်ပံတိုက်စစ်နေရာတွေမှာ အလှည့်ကျအသုံးပြုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ
ဂတ်ပိုကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့်
ဗန်ပါစီက ဂတ်ပိုဟာ တိုက်စစ်မှူးတစ်ယောက်လို ဂိုးတွေအများကြီးသွင်းနိုင်မှာမဟုတ်ဘူးလို့

အသိပေးခဲ့တာဖြစ်ပါတယ်။

BT Sport နဲ့ အင်တာဗျူးမှာ ဗန်ပါစီက “ဂတ်ပိုဟာ တိုက်စစ်မှူးစစ်စစ်အဖြစ် ကစားသမားမျိုး

မဟုတ်ပါဘူး။ ဒါပေမဲ့ No 10 ၊ တိုက်စစ် ဘယ်ခြမ်း၊ ညာခြမ်းနဲ့ False 9 အပါအဝင်
တိုက်စစ်(၄)နေရာစလုံးမှာ ကစားနိုင်ပါတယ်။ သူဟာ လျင်မြန်တယ်၊ ရုပ်ပိုင်းဆိုင်ရာ
ကြံ့ခိုင်မှုရှိပြီး ဘောလုံးဆွဲပြေးမှု စွမ်းရည်ကောင်းမွန်တဲ့ကစားသမားတစ်ဦး
ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

နယ္သာလန္နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဗန္ပါစီက မန္ခ်က္စတာယူႏိုက္တက္အသင္း
ပစ္မွတ္ထားေနတဲ့ လူငယ္ၾကယ္ပြင့္ဂတ္ပိုဟာ တိုက္စစ္မႉးစစ္စစ္ကစားသမား
မဟုတ္တာေၾကာင့္ ဂိုးေတြ ပုံမွန္သြင္းႏိုင္ဖို႔ မေမွ်ာ္လင့္သင့္ဘူးလို႔ သတိေပးလိုက္ပါတယ္။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ ေတာင္ပံတိုက္စစ္ကစားသမား ဂတ္ပိုဟာ ၂၀၂၂
ကမာၻ႔ဖလားၿပိဳင္ပြဲ၊ အုပ္စုတြင္းမွာ (၃)ဂိုးသြင္းယူခဲ့ၿပီး ကမာၻ႔ဖလားပြဲဦးထြက္ၿပိဳင္ပြဲမွာ

အုပ္စုပြဲတိုင္း ဂိုးသြင္းႏိုင္တဲ့ ပထမဆုံး နယ္သာလန္ကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

အုပ္စုကေန ကြာတားဖိုင္နယ္ပြဲအထိ နည္းျပဗန္ဟားလ္က ဂတ္ပိုကို False 9 ၊ ညာျခမ္း

ေတာင္ပံတိုက္စစ္ေနရာေတြမွာ အလွည့္က်အသုံးျပဳခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ
ဂတ္ပိုကို လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္း ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္
ဗန္ပါစီက ဂတ္ပိုဟာ တိုက္စစ္မႉးတစ္ေယာက္လို ဂိုးေတြအမ်ားႀကီးသြင္းႏိုင္မွာမဟုတ္ဘူးလို႔
အသိေပးခဲ့တာျဖစ္ပါတယ္။

BT Sport နဲ႔ အင္တာဗ်ဴးမွာ ဗန္ပါစီက “ဂတ္ပိုဟာ တိုက္စစ္မႉးစစ္စစ္အျဖစ္ ကစားသမားမ်ိဳး
မဟုတ္ပါဘူး။ ဒါေပမဲ့ No 10 ၊ တိုက္စစ္ ဘယ္ျခမ္း၊ ညာျခမ္းနဲ႔ False 9 အပါအဝင္
တိုက္စစ္(၄)ေနရာစလုံးမွာ ကစားႏိုင္ပါတယ္။ သူဟာ လ်င္ျမန္တယ္၊ ႐ုပ္ပိုင္းဆိုင္ရာ

ႀကံ့ခိုင္မႈရွိၿပီး ေဘာလုံးဆြဲေျပးမႈ စြမ္းရည္ေကာင္းမြန္တဲ့ကစားသမားတစ္ဦးျဖစ္ပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။