ဂတ်ပိုကို မရလိုက်ပေမယ့် အသင်းရဲ့တိုက်စစ်ပိုင်းက ဘာမှ ပြဿနာမရှိဘူးလို့ အဲရစ်တန်ဟက်ကြွေးကြော်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က အသင်းရဲ့ တိုက်စစ်ပိုင်းမှာ

ကြီးကြီးမားမား ပြဿနာမရှိဘဲ ကစားသမားတွေသာ ကြံ့ခိုင်မှုပြည့်ဝနေရင်
ဂိုးတွေအများကြီး သွင်းနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဝါရင့်ကစားသမား စီရော်နယ်လ်ဒိုနဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း
တိုက်စစ်အတွက် အားဖြည့်ဖို့ ပြင်ဆင်နေပြီး ဂတ်ပိုကို ခေါ်ယူချင်ပေမယ့်
သူတို့ရဲ့ ပြိုင်ဘက် လီဗာပူးလ်အသင်းက လက်ဦးမှုရယူပြီးတော့ ဂတ်ပိုကို
ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီဖြစ်ပါတယ်။

အဲရစ်တန်ဟက်ကတော့ ဂတ်ပိုကို လက်လွှတ်ဆုံးရှုံးလိုက်ရပေမယ့် လက်ရှိအသင်း
တိုက်စစ်စုဖွဲ့မှုက အားရစရာအနေအထားမှာ ရှိတယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမတိုင်ခင် အဲရစ်တန်ဟက်က “ကျွန်တော်တို့ကစားပြီးတဲ့

(၁၄)ပွဲကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် တိုက်စစ်ပိုင်းမှာ ဘာမှ ကြီးကြီးမားမား
ပြဿနာမရှိဘူးဆိုတာ တွေ့ရမှာပါ။

တစ်ခါတလေကျရင် ကစားသမားတွေဟာ ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိပေမယ့်
ကျွန်တော်က လိုအပ်ချက်အရ အသုံးပြုခဲ့ရတာမျိုးရှိခဲ့ပါတယ်။ တိုက်စစ်
ကစားသမားတွေသာ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် အခုထက် ပိုပြီး ဂိုးတွေသွင်းနိုင်မှာ
ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ အခုထက် ပိုဂိုးတွေသွင်းနိုင်ဖို့ လိုအပ်သလို
တခြားနေရာတွေမှာလည်း တိုးတက်မှုရှိအောင် ဆောင်ရွက်သွားရမှာပါ”လို့

ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္က အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ

ႀကီးႀကီးမားမား ျပႆနာမရွိဘဲ ကစားသမားေတြသာ ႀကံ့ခိုင္မႈျပည့္ဝေနရင္
ဂိုးေတြအမ်ားႀကီး သြင္းႏိုင္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဝါရင့္ကစားသမား စီေရာ္နယ္လ္ဒိုနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း
တိုက္စစ္အတြက္ အားျဖည့္ဖို႔ ျပင္ဆင္ေနၿပီး ဂတ္ပိုကို ေခၚယူခ်င္ေပမယ့္
သူတို႔ရဲ႕ ၿပိဳင္ဘက္ လီဗာပူးလ္အသင္းက လက္ဦးမႈရယူၿပီးေတာ့ ဂတ္ပိုကို
ေခၚယူဖို႔ သေဘာတူညီမႈရသြားၿပီျဖစ္ပါတယ္။

အဲရစ္တန္ဟက္ကေတာ့ ဂတ္ပိုကို လက္လႊတ္ဆုံးရႈံးလိုက္ရေပမယ့္ လက္ရွိအသင္း
တိုက္စစ္စုဖြဲ႕မႈက အားရစရာအေနအထားမွာ ရွိတယ္လို႔ ေႂကြးေၾကာ္ခဲ့ပါတယ္။
ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ပြဲမတိုင္ခင္ အဲရစ္တန္ဟက္က “ကြၽန္ေတာ္တို႔ကစားၿပီးတဲ့

(၁၄)ပြဲကို ျပန္သုံးသပ္ၾကည့္မယ္ဆိုရင္ တိုက္စစ္ပိုင္းမွာ ဘာမွ ႀကီးႀကီးမားမား
ျပႆနာမရွိဘူးဆိုတာ ေတြ႕ရမွာပါ။

တစ္ခါတေလက်ရင္ ကစားသမားေတြဟာ ရာႏႈန္းျပည့္ ႀကံ့ခိုင္မႈမရွိေပမယ့္
ကြၽန္ေတာ္က လိုအပ္ခ်က္အရ အသုံးျပဳခဲ့ရတာမ်ိဳးရွိခဲ့ပါတယ္။ တိုက္စစ္
ကစားသမားေတြသာ ႀကံ့ခိုင္မႈျပည့္ဝေနမယ္ဆိုရင္ အခုထက္ ပိုၿပီး ဂိုးေတြသြင္းႏိုင္မွာ
ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အသင္းအေနနဲ႔ အခုထက္ ပိုဂိုးေတြသြင္းႏိုင္ဖို႔ လိုအပ္သလို
တျခားေနရာေတြမွာလည္း တိုးတက္မႈရွိေအာင္ ေဆာင္႐ြက္သြားရမွာပါ”လို႔

ေျပာၾကားခဲ့ပါတယ္။