ဂတ်ပိုကို မခေါ်နိုင်တဲ့အတွက် အသင်းဘုတ်အဖွဲ့အပေါ် အဲရစ်တန်ဟက် မကျေမနပ်ဖြစ်နေ

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ သူတို့ရဲ့ ကာလရှည်

ပစ်မှတ်ဖြစ်တဲ့ နယ်သာလန်ကြယ်ပွင့် ဂတ်ပိုကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့
အတွက် အသင်းဘုတ်အဖွဲ့ရဲ့ လုပ်ဆောင်ချက်အပေါ် မကျေမနပ်ဖြစ်နေတယ်လို့
သတင်းထွက်လာပါတယ်။

အသက်(၂၃)နှစ်သာရှိသေးတဲ့ ဂတ်ပိုကို ယူနိုက်တက်ရဲ့ မဟာပြိုင်ဘက် လီဗာပူးလ်
အသင်းက ပေါင်(၄၄)သန်းနဲ့ခေါ်ယူခဲ့ပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဖွင့်ချိန်မှာ
အသင်းဆီ တရားဝင်ရောက်ရှိလာမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ စီရော်နယ်လ်ဒိုနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် ဇန်နဝါရီကျရင်
တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဂတ်ပိုကို သူတို့ရဲ့ အဓိက
ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းဟာ ဂတ်ပိုအတွက် တရားဝင်ကမ်းလှမ်းမှုလုပ်ဖို့
နှောင့်နှေးနေတာကြောင့် လီဗာပူးလ်အသင်းက လက်မြန်ခြေမြန်နဲ့ ခေါ်ယူခဲ့တဲ့အတွက်

ယူနိုက်တက်တို့ လူငယ်ကြယ်ပွင့်တစ်ဦးကို လက်လွှတ်ခံလိုက်ရတာဖြစ်တယ်လို့
ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒါကြောင့် အဲရစ်တန်ဟက်ဟာ အသင်းဘုတ်အဖွဲ့ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှု
အပေါ် စိတ်ပျက်နေပြီး လာမယ့်ဇန်နဝါရီကျရင် တခြားကစားသမားတစ်ဦးကို
ပြောင်းလဲ ကြိုးပမ်းသွားဖို့ရှိပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္ဟာ သူတို႔ရဲ႕ ကာလရွည္
ပစ္မွတ္ျဖစ္တဲ့ နယ္သာလန္ၾကယ္ပြင့္ ဂတ္ပိုကို လက္လႊတ္ဆုံးရႈံးလိုက္ရတဲ့
အတြက္ အသင္းဘုတ္အဖြဲ႕ရဲ႕ လုပ္ေဆာင္ခ်က္အေပၚ မေက်မနပ္ျဖစ္ေနတယ္လို႔
သတင္းထြက္လာပါတယ္။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ ဂတ္ပိုကို ယူႏိုက္တက္ရဲ႕ မဟာၿပိဳင္ဘက္ လီဗာပူးလ္
အသင္းက ေပါင္(၄၄)သန္းနဲ႔ေခၚယူခဲ့ၿပီး လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ဖြင့္ခ်ိန္မွာ

အသင္းဆီ တရားဝင္ေရာက္ရွိလာမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ စီေရာ္နယ္လ္ဒိုနဲ႔ လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ ဇန္နဝါရီက်ရင္

တိုက္စစ္ကစားသမားတစ္ဦး ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ဂတ္ပိုကို သူတို႔ရဲ႕ အဓိက
ဦးစားေပး ပစ္မွတ္အျဖစ္ သတ္မွတ္ထားပါတယ္။

ဒါေပမဲ့လည္း ယူႏိုက္တက္အသင္းဟာ ဂတ္ပိုအတြက္ တရားဝင္ကမ္းလွမ္းမႈလုပ္ဖို႔
ေႏွာင့္ေႏွးေနတာေၾကာင့္ လီဗာပူးလ္အသင္းက လက္ျမန္ေျချမန္နဲ႔ ေခၚယူခဲ့တဲ့အတြက္
ယူႏိုက္တက္တို႔ လူငယ္ၾကယ္ပြင့္တစ္ဦးကို လက္လႊတ္ခံလိုက္ရတာျဖစ္တယ္လို႔
ESPN သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

အဲဒါေၾကာင့္ အဲရစ္တန္ဟက္ဟာ အသင္းဘုတ္အဖြဲ႕ရဲ႕ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈ
အေပၚ စိတ္ပ်က္ေနၿပီး လာမယ့္ဇန္နဝါရီက်ရင္ တျခားကစားသမားတစ္ဦးကို
ေျပာင္းလဲ ႀကိဳးပမ္းသြားဖို႔ရွိပါတယ္။