ဂတ်ပိုကို ဆက်ထိန်းထားချင်ပေမယ့် လီဗာပူးလ်အသင်းဆီ PSV တို့ မဖြစ်မနေရောင်းလိုက်ရတဲ့ အကြောင်းရင်း

PSV အသင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် နယ်သာလန်ကြယ်ပွင့်

ဂတ်ပိုကို လီဗာပူးလ်အသင်းဆီ အလျင်စလို ရောင်းချလိုက်ရတာဖြစ်တယ်လို့
ဒတ်ချ်ပြည်တွင်းမီဒီယာတွေက ဖွင့်ချခဲ့ပါတယ်။

အသက်(၂၃)နှစ်သာရှိသေးတဲ့ ဂတ်ပိုဟာ ဥရောပရဲ့ ထိပ်တန်းအဆင့်လူငယ်
ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရပြီး သူ့ကို
မန်ချက်စတာယူနိုက်တက်အသင်းက ကာလရှည်ပစ်မှတ်ထားခဲ့ပေမယ့်
လီဗာပူးလ်အသင်းဟာ လက်ဦးမှုယူပြီးတော့ လာမယ့်ဇန်နဝါရီကျရင်
ပေါင်(၄၄)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါတယ်။

ဂတ်ပိုကို ပြီးခဲ့တဲ့နွေရာသီတုန်းက လိဒ်စ်၊ ဆောက်သမ်တန်အသင်းတို့က
တရားဝင်ကမ်းလှမ်းခဲ့ပေမယ့် PSV အသင်းက ငြင်းဆန်ခဲ့ပြီး အသင်းမှာ

ဆက်ထားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အခု လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုက
သူတို့ လိုချင်တဲ့ပမာဏနဲ့ ကိုက်ညီတာကြောင့် ရောင်းချဖို့ သဘောတူညီခဲ့တာ
ဖြစ်ပါတယ်။

အခုနောက်ပိုင်းရာသီတွေအတွင်း PSV အသင်းရဲ့ ကစားသမားတွေအတွက်
ပေးချေရတဲ့ လစာငွေပမာဏဟာ သိသိသာသာမြင့်တက်လာပြီး ချန်ပီယံလိဂ်မှာလည်း
ခြေစစ်ပွဲမအောင်ခဲ့တာကြောင့် ဘဏ္ဍာရေးအပေါ် ထိခိုက်မှုရှိတဲ့အတွက်
လစာငွေမြင့်မားမှုကို ဖြေရှင်းနိုင်ဖို့ ပေါင်(၃၅)သန်း လိုငွေပြနေတာကြောင့်

ဂတ်ပိုကို ရောင်းချဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဒတ်ချ် နာမည်ကျော်သတင်းစာ
De Telegraaf က ဖော်ပြခဲ့ပါတယ်။

ဂတ်ပိုဟာ ဒီရာသီမှာ PSV အသင်းအတွက် (၂၄)ပွဲကစား၊ (၁၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု
(၁၇)ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နယ်သာလန်အသင်းနဲ့အတူ
ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့
လူးဝစ်ဒီယက်ဇ်၊ ဂျိုတာတို့ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရလို့ ဂတ်ပိုကို
ခေါ်ယူနိုင်တာက အသင်းအတွက် အများကြီး အကျိုးရှိစေမှာဖြစ်ပါတယ်။

[Zawgyi]

PSV အသင္းဟာ သူတို႔ရဲ႕ ဘ႑ာေရးအေျခအေနေၾကာင့္ နယ္သာလန္ၾကယ္ပြင့္
ဂတ္ပိုကို လီဗာပူးလ္အသင္းဆီ အလ်င္စလို ေရာင္းခ်လိုက္ရတာျဖစ္တယ္လို႔

ဒတ္ခ်္ျပည္တြင္းမီဒီယာေတြက ဖြင့္ခ်ခဲ့ပါတယ္။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ ဂတ္ပိုဟာ ဥေရာပရဲ႕ ထိပ္တန္းအဆင့္လူငယ္

ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံထားရၿပီး သူ႔ကို
မန္ခ်က္စတာယူႏိုက္တက္အသင္းက ကာလရွည္ပစ္မွတ္ထားခဲ့ေပမယ့္
လီဗာပူးလ္အသင္းဟာ လက္ဦးမႈယူၿပီးေတာ့ လာမယ့္ဇန္နဝါရီက်ရင္
ေပါင္(၄၄)သန္းနဲ႔ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ပါတယ္။

ဂတ္ပိုကို ၿပီးခဲ့တဲ့ေႏြရာသီတုန္းက လိဒ္စ္၊ ေဆာက္သမ္တန္အသင္းတို႔က
တရားဝင္ကမ္းလွမ္းခဲ့ေပမယ့္ PSV အသင္းက ျငင္းဆန္ခဲ့ၿပီး အသင္းမွာ
ဆက္ထားဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္ အခု လီဗာပူးလ္အသင္းရဲ႕ ကမ္းလွမ္းမႈက

သူတို႔ လိုခ်င္တဲ့ပမာဏနဲ႔ ကိုက္ညီတာေၾကာင့္ ေရာင္းခ်ဖို႔ သေဘာတူညီခဲ့တာ
ျဖစ္ပါတယ္။

အခုေနာက္ပိုင္းရာသီေတြအတြင္း PSV အသင္းရဲ႕ ကစားသမားေတြအတြက္
ေပးေခ်ရတဲ့ လစာေငြပမာဏဟာ သိသိသာသာျမင့္တက္လာၿပီး ခ်န္ပီယံလိဂ္မွာလည္း
ေျခစစ္ပြဲမေအာင္ခဲ့တာေၾကာင့္ ဘ႑ာေရးအေပၚ ထိခိုက္မႈရွိတဲ့အတြက္
လစာေငြျမင့္မားမႈကို ေျဖရွင္းႏိုင္ဖို႔ ေပါင္(၃၅)သန္း လိုေငြျပေနတာေၾကာင့္
ဂတ္ပိုကို ေရာင္းခ်ဖို႔ဆုံးျဖတ္လိုက္တာျဖစ္တယ္လို႔ ဒတ္ခ်္ နာမည္ေက်ာ္သတင္းစာ

De Telegraaf က ေဖာ္ျပခဲ့ပါတယ္။

ဂတ္ပိုဟာ ဒီရာသီမွာ PSV အသင္းအတြက္ (၂၄)ပြဲကစား၊ (၁၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ

(၁၇)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း နယ္သာလန္အသင္းနဲ႔အတူ
ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ လီဗာပူးလ္အသင္းမွာ တိုက္စစ္ကစားသမားေတြျဖစ္တဲ့
လူးဝစ္ဒီယက္ဇ္၊ ဂ်ိဳတာတို႔ ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူေနရလို႔ ဂတ္ပိုကို
ေခၚယူႏိုင္တာက အသင္းအတြက္ အမ်ားႀကီး အက်ိဳးရွိေစမွာျဖစ္ပါတယ္။