ခွေးတစ်ကောင်ကို ‘Carabao’လို့ ထူးထူးခြားခြားနာမည်ပေးထားပြီး နောက်တစ်ကောင်ကို ‘World Cup’လို့အမည်ပေးဦးမယ့် ဖိုဒန်

မန်စီးတီးအသင်းတိုက်စစ်ကစားသမားဖိုဒန်ဟာ သူမွေးထားတဲ့ခွေးနာမည်ကို

‘Carabao’ လို့ ထူးထူးခြားခြားအမည်ပေးခဲ့တဲ့အပြင် အခုလည်း ၂၀၂၂ ကမ္ဘာ့ဖလားမှာ

အင်္ဂလန်အသင်းဗိုလ်စွဲမယ်ဆိုရင် နောက်ထပ်ခွေးတစ်ကောင်းဝယ်ပြီးတော့

‘World Cup’လို့အမည်ပေးဖို့ ဆန္ဒရှိနေပြန်ပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းဟာ

ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ အက်စတွန်ဗီလာအသင်းကိုအနိုင်ရဗိုလ်စွဲခဲ့ပြီး

ဖိုဒန်ရဲ့မန်စီးတီးကစားသမားဘဝတစ်လျှောက် (၄)ကြိမ်မြောက်ချန်ပီယံဆုဖလား

ကိုင်မြှောက်နိုင်ခဲ့သလို အဲဒီပြိုင်ပွဲမှာ ဖိုဒန်ပါဝင်ကစားခဲ့တဲ့(၁၇)ပွဲဆက်စလုံး

အံ့အားသင့်စရာကောင်းအောင်အနိုင်ရခဲ့ပါတယ်။ အဲဒါကြောင့် ဖိုဒန်က ၂၀၂၀

ကာရာဘောင်ဖလားဗိုလ်လုပွဲအပြီးမှာ ပြင်သစ်မျိုးခွေးဘီလူးတစ်ကောင်

ဝယ်ယူပြီးတော့ ‘Carabao’လို့ ကြံကြံဖန်ဖန်နာမည်ပေးခဲ့တာပါ။

အခုလည်း ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ

အင်္ဂလန်အသင်းဗိုလ်စွဲနိုင်ခဲ့ရင် နောက်ထပ်ခွေးတစ်ကောင်ဝယ်ပြီး

‘World Cup’လို့ နာမည်ပေးဖို့လုပ်နေတာပဲဖြစ်ပါတယ်။

ဖိုဒန်က “လိဂ်ဖလားဗိုလ်လုပွဲအပြီးမှာ ကျွန်တော်ခွေးတစ်ကောင်ဝယ်ခဲ့ပြီး

သူ့နာမည်ကိုလည်း ‘Carabao’လို့ပေးခဲ့ပါတယ်။ ခွေးတွေထဲမှာ ဒီလိုနာမည်မျိုး

မရှိတာအသေအချာပါပဲ။ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကျရင်လည်း ကျွန်တော်တို့

အင်္ဂလန်အသင်းဗိုလ်စွဲမယ်ဆိုရင် နောက်ထပ်ခွေးတစ်ကောင်ကို

‘World Cup’ လို့နာမည်ပေးဦးမှာပါ”လို့ပြောကြားခဲ့ပါတယ်။

ဘောလုံးသမားတွေထဲမှာ ဖိုဒန်လိုပဲ ကိုယ့်ခွေးကို ထူးထူးခြားခြားနာမည်ပေး

ထားတာက ရီးယဲလ်ကွင်းလယ်လူအစ္စကိုဖြစ်ပြီး သူကတော့

လာလီဂါပြိုင်ဘက်ဟောင်းမက်ဆီကို နာမ်နှိမ်တဲ့အနေနဲ့ သူ့ခွေးကို

‘မက်ဆီ’ဆိုပြီးတော့ နာမည်ပေးထားတာဖြစ်ပါတယ်။

zawgyi

ေခြးတစ္ေကာင္ကို ‘Carabao’လို႔ ထူးထူးျခားျခားနာမည္ေပးထားၿပီး ေနာက္တစ္ေကာင္ကို ‘World Cup’လို႔အမည္ေပးဦးမယ့္ ဖိုဒန္

မန္စီးတီးအသင္းတိုက္စစ္ကစားသမားဖိုဒန္ဟာ သူေမြးထားတဲ့ေခြးနာမည္ကို

‘Carabao’ လို႔ ထူးထူးျခားျခားအမည္ေပးခဲ့တဲ့အျပင္ အခုလည္း ၂၀၂၂ ကမာၻ႔ဖလားမွာ

အဂၤလန္အသင္းဗိုလ္စြဲမယ္ဆိုရင္ ေနာက္ထပ္ေခြးတစ္ေကာင္းဝယ္ၿပီးေတာ့

‘World Cup’လို႔အမည္ေပးဖို႔ ဆႏၵရွိေနျပန္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက မန္စီးတီးအသင္းဟာ

ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ အက္စတြန္ဗီလာအသင္းကိုအႏိုင္ရဗိုလ္စြဲခဲ့ၿပီး

ဖိုဒန္ရဲ႕မန္စီးတီးကစားသမားဘဝတစ္ေလွ်ာက္ (၄)ႀကိမ္ေျမာက္ခ်န္ပီယံဆုဖလား

ကိုင္ေျမႇာက္ႏိုင္ခဲ့သလို အဲဒီၿပိဳင္ပြဲမွာ ဖိုဒန္ပါဝင္ကစားခဲ့တဲ့(၁၇)ပြဲဆက္စလုံး

အံ့အားသင့္စရာေကာင္းေအာင္အႏိုင္ရခဲ့ပါတယ္။ အဲဒါေၾကာင့္ ဖိုဒန္က ၂၀၂၀

ကာရာေဘာင္ဖလားဗိုလ္လုပြဲအၿပီးမွာ ျပင္သစ္မ်ိဳးေခြးဘီလူးတစ္ေကာင္

ဝယ္ယူၿပီးေတာ့ ‘Carabao’လို႔ ႀကံႀကံဖန္ဖန္နာမည္ေပးခဲ့တာပါ။

အခုလည္း ကာတာႏိုင္ငံမွာက်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားမွာ

အဂၤလန္အသင္းဗိုလ္စြဲႏိုင္ခဲ့ရင္ ေနာက္ထပ္ေခြးတစ္ေကာင္ဝယ္ၿပီး

‘World Cup’လို႔ နာမည္ေပးဖို႔လုပ္ေနတာပဲျဖစ္ပါတယ္။

ဖိုဒန္က “လိဂ္ဖလားဗိုလ္လုပြဲအၿပီးမွာ ကြၽန္ေတာ္ေခြးတစ္ေကာင္ဝယ္ခဲ့ၿပီး

သူ႔နာမည္ကိုလည္း ‘Carabao’လို႔ေပးခဲ့ပါတယ္။ ေခြးေတြထဲမွာ ဒီလိုနာမည္မ်ိဳး

မရွိတာအေသအခ်ာပါပဲ။ လာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲက်ရင္လည္း ကြၽန္ေတာ္တို႔

အဂၤလန္အသင္းဗိုလ္စြဲမယ္ဆိုရင္ ေနာက္ထပ္ေခြးတစ္ေကာင္ကို

‘World Cup’ လို႔နာမည္ေပးဦးမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ေဘာလုံးသမားေတြထဲမွာ ဖိုဒန္လိုပဲ ကိုယ့္ေခြးကို ထူးထူးျခားျခားနာမည္ေပး

ထားတာက ရီးယဲလ္ကြင္းလယ္လူအစၥကိုျဖစ္ၿပီး သူကေတာ့

လာလီဂါၿပိဳင္ဘက္ေဟာင္းမက္ဆီကို နာမ္ႏွိမ္တဲ့အေနနဲ႔ သူ႔ေခြးကို

‘မက္ဆီ’ဆိုၿပီးေတာ့ နာမည္ေပးထားတာျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*