ခြေစွမ်းမပြနိုင်လို့ ရာသီကုန်မှာ အိမ်ပြန်လာရတော့မယ့် သရဲနီကစားသမား

ရိန်းဂျားစ်အသင်းဟာ မန်ယူကနေ အငှားခေါ်ထားတဲ့ တောင်ပံကစားသမား

အာမတ်ဒိုင်ရယ်လိုကို လာမယ့်နွေမှာ အမြဲခေါ်ဖို့ အစီအစဉ်မရှိဘဲ ဖြစ်နိုင်ရင်

အငှားခေါ်ထားမှုကို အမြန်ဆုံးအဆုံးသတ်ချင်နေကြောင်း သတင်းတွေအရ သိရပါတယ်။

၁၉ နှစ်အရွယ် အဲဒီအိုင်ဗရီကို့စ်ကစားသမားကို ပြီးခဲ့တဲ့ဇန်နဝါရီမှာ အငှားခေါ်ခဲ့စဉ်က

ရိန်းဂျားစ်ပရိသတ်တွေက ဝမ်းသာခဲ့ကြသလို မျှော်လင့်တကြီးဖြစ်ခဲ့ကြတာပါ။

ဒိုင်ရယ်လိုဟာ ဘောလုံးရဲ့အကောင်းဆုံးလူငယ်ကြယ်ပွင့်တွေထဲက တစ်ယောက်အဖြစ်

သတ်မှတ်ခံထားရပြီး မန်ယူက အတ္တလန္တာကနေ သူ့ကို ခေါ်ဖို့အတွက်

ပေါင် ၃၇ သန်းတောင်ကုန်ကျခဲ့ရပါတယ်။ တကယ်လည်း ဒိုင်ရယ်လိုဟာ

ရိန်းဂျားစ်ကစားသမားဘ၀ သူ့ရဲ့ပွဲဦးထွက်မှာပဲ ၄ မိနစ်တည်းနဲ့ ဂိုးသွင်းယူနိုင်ခဲ့ကာ

တာထွက်ကောင်းခဲ့တာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းကတည်းက ဒိုင်ရယ်လိုဟာ

ပြိုင်ပွဲအရပ်ရပ် ၅ ပွဲသာ ပါဝင်ခွင့်ရခဲ့ကာ အဲဒီမှာ လူစားဝင် ၃ ပွဲလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဒိုင်ရယ်လိုဟာ လက်ရှိနည်းပြဗန်ဘရွန်ခရော့စ်လက်အောက်မှာ

ပွဲထွက်ခွင့်မရမှုနဲ့အတူ ယုံကြည်မှုပါ ပျောက်ဆုံးနေတာပါ။

ဒါကြောင့် သူ့ရဲ့စကော့တလန်အငှားကစားသမားဘဝဟာ မျှော်လင့်ထားသလို

ဖြစ်မလာဘူးလို့ ဆိုနိုင်ပါတယ်။ မန်ယူအနေနဲ့ကလည်း ဒိုင်ရယ်လိုကို ပွဲကစားခွင့်ရဖို့

အငှားချခဲ့တာဖြစ်ပေမယ့် အခုလိုအခြေအနေကြောင့် အချည်းနှီးဖြစ်ခဲ့ရတာပါ။

အခုဆို ဒိုင်ရယ်လိုဟာ လာမယ့်မေလအကုန်မှာပဲ အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာရတော့မှာပါ။

ယူနိုက်တက်ဟာ လာမယ့်ရာသီမှာလည်း ဒိုင်ရယ်လိုကို အငှားထပ်ချသွားဖွယ် ရှိနေပါတယ်။

သူဟာ ယူနိုက်တက်နဲ့ ၂၀၂၅ ဇွန်လအထိ စာချုပ်သက်တမ်းရှိထားတာပါ။

zawgyi

ေျခစြမ္းမျပႏိုင္လို႔ ရာသီကုန္မွာ အိမ္ျပန္လာရေတာ့မယ့္ သရဲနီကစားသမား

ရိန္းဂ်ားစ္အသင္းဟာ မန္ယူကေန အငွားေခၚထားတဲ့ ေတာင္ပံကစားသမား

အာမတ္ဒိုင္ရယ္လိုကို လာမယ့္ေႏြမွာ အၿမဲေခၚဖို႔ အစီအစဥ္မရွိဘဲ ျဖစ္ႏိုင္ရင္

အငွားေခၚထားမႈကို အျမန္ဆုံးအဆုံးသတ္ခ်င္ေနေၾကာင္း သတင္းေတြအရ သိရပါတယ္။

၁၉ ႏွစ္အ႐ြယ္ အဲဒီအိုင္ဗရီကို႔စ္ကစားသမားကို ၿပီးခဲ့တဲ့ဇန္နဝါရီမွာ အငွားေခၚခဲ့စဥ္က

ရိန္းဂ်ားစ္ပရိသတ္ေတြက ဝမ္းသာခဲ့ၾကသလို ေမွ်ာ္လင့္တႀကီးျဖစ္ခဲ့ၾကတာပါ။

ဒိုင္ရယ္လိုဟာ ေဘာလုံးရဲ႕အေကာင္းဆုံးလူငယ္ၾကယ္ပြင့္ေတြထဲက တစ္ေယာက္အျဖစ္

သတ္မွတ္ခံထားရၿပီး မန္ယူက အတၱလႏၲာကေန သူ႔ကို ေခၚဖို႔အတြက္

ေပါင္ ၃၇ သန္းေတာင္ကုန္က်ခဲ့ရပါတယ္။ တကယ္လည္း ဒိုင္ရယ္လိုဟာ

ရိန္းဂ်ားစ္ကစားသမားဘ၀ သူ႔ရဲ႕ပြဲဦးထြက္မွာပဲ ၄ မိနစ္တည္းနဲ႔ ဂိုးသြင္းယူႏိုင္ခဲ့ကာ

တာထြက္ေကာင္းခဲ့တာပါ။ ဒါေပမဲ့ အဲဒီေနာက္ပိုင္းကတည္းက ဒိုင္ရယ္လိုဟာ

ၿပိဳင္ပြဲအရပ္ရပ္ ၅ ပြဲသာ ပါဝင္ခြင့္ရခဲ့ကာ အဲဒီမွာ လူစားဝင္ ၃ ပြဲလည္း ပါဝင္ပါတယ္။

ဒါ့အျပင္ ဒိုင္ရယ္လိုဟာ လက္ရွိနည္းျပဗန္ဘ႐ြန္ခေရာ့စ္လက္ေအာက္မွာ

ပြဲထြက္ခြင့္မရမႈနဲ႔အတူ ယုံၾကည္မႈပါ ေပ်ာက္ဆုံးေနတာပါ။

ဒါေၾကာင့္ သူ႔ရဲ႕စေကာ့တလန္အငွားကစားသမားဘဝဟာ ေမွ်ာ္လင့္ထားသလို

ျဖစ္မလာဘူးလို႔ ဆိုႏိုင္ပါတယ္။ မန္ယူအေနနဲ႔ကလည္း ဒိုင္ရယ္လိုကို ပြဲကစားခြင့္ရဖို႔

အငွားခ်ခဲ့တာျဖစ္ေပမယ့္ အခုလိုအေျခအေနေၾကာင့္ အခ်ည္းႏွီးျဖစ္ခဲ့ရတာပါ။

အခုဆို ဒိုင္ရယ္လိုဟာ လာမယ့္ေမလအကုန္မွာပဲ အိုးလ္ထရက္ဖို႔ဒ္ကို ျပန္လာရေတာ့မွာပါ။

ယူႏိုက္တက္ဟာ လာမယ့္ရာသီမွာလည္း ဒိုင္ရယ္လိုကို အငွားထပ္ခ်သြားဖြယ္ ရွိေနပါတယ္။

သူဟာ ယူႏိုက္တက္နဲ႔ ၂၀၂၅ ဇြန္လအထိ စာခ်ဳပ္သက္တမ္းရွိထားတာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*