ခြေစွမ်းတိုးတက်အောင် အခုထက် ပိုကြိုးစားဖို့ ဆန်ချိုကို အဲရစ်တန်ဟက် သတိပေးလိုက်ပြီ . .

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့

လူငယ်တိုက်စစ်ကစားသမားဆန်ချိုကို အခုထက် ပိုကောင်းအောင် ကြိုးစားဖို့
သတိပေးစကားဆိုခဲ့ပါတယ်။

အသက်(၂၂)နှစ်သာရှိသေးတဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ်က ဒေါ့မွန်ကနေ ယူနိုက်တက်ကို
ပေါင်(၇၃)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး အခုအချိန်အထိ ပရိသတ်တွေ မျှော်လင့်သလို
စွမ်းဆောင်ရည်မျိုး မပြသနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ(၃၈)ပွဲကစား၊ (၅)ဂိုးသာသွင်းနိုင်ခဲ့သလို
ဒီရာသီအစပိုင်းမှာတော့ (၃)ဂိုးသွင်းယူခဲ့တာကြောင့် ဆန်ချိုတစ်ယောက် ပုံမှန်ခြေစွမ်း
ပြန်ရပြီလို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ရှရစ်ဖ်ကို (၂-ဝ)ဂိုးနဲ့အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲမှာ ဂိုးသွင်းပြီးနောက်ပိုင်းကတည်းက
ဆန်ချိုဟာ ဂိုးပေါက်ပျောက်ခဲ့သလို နောက်ပိုင်းပွဲတွေမှာလည်း ပုံမှန်ကစားခွင့်ရဖို့တောင်
ရုန်းကန်ခဲ့ရပါတယ်။

အဲဒါကြောင့်ပဲ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်
လူစာရင်းမှာ ဆန်ချိုကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုဟာ ပုံစံကောင်းပြန်ရဖို့အတွက်

အားလပ်ရက်အတွင်း နယ်သာလန်မှာ သွားရောက်လေ့ကျင့်နေပြီး အဲရစ်တန်ဟက်ကလည်း
အခုထက်ပိုကောင်းတဲ့အနေအထားမျိုး မြင်ချင်တယ်လို့ ဆန်ချိုကို သတိပေးခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနတဲ့
လူငယ္တိုက္စစ္ကစားသမားဆန္ခ်ိဳကို အခုထက္ ပိုေကာင္းေအာင္ ႀကိဳးစားဖို႔
သတိေပးစကားဆိုခဲ့ပါတယ္။

အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ႏွစ္က ေဒါ့မြန္ကေန ယူႏိုက္တက္ကို
ေပါင္(၇၃)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး အခုအခ်ိန္အထိ ပရိသတ္ေတြ ေမွ်ာ္လင့္သလို
စြမ္းေဆာင္ရည္မ်ိဳး မျပသႏိုင္ေသးပါဘူး။

ၿပီးခဲ့တဲ့ရာသီက အသင္းအတြက္ ၿပိဳင္ပြဲစုံ(၃၈)ပြဲကစား၊ (၅)ဂိုးသာသြင္းႏိုင္ခဲ့သလို
ဒီရာသီအစပိုင္းမွာေတာ့ (၃)ဂိုးသြင္းယူခဲ့တာေၾကာင့္ ဆန္ခ်ိဳတစ္ေယာက္ ပုံမွန္ေျခစြမ္း
ျပန္ရၿပီလို႔ ပရိသတ္ေတြက ယူဆခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း ရွရစ္ဖ္ကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ ယူ႐ိုပါလိဂ္ပြဲမွာ ဂိုးသြင္းၿပီးေနာက္ပိုင္းကတည္းက
ဆန္ခ်ိဳဟာ ဂိုးေပါက္ေပ်ာက္ခဲ့သလို ေနာက္ပိုင္းပြဲေတြမွာလည္း ပုံမွန္ကစားခြင့္ရဖို႔ေတာင္

႐ုန္းကန္ခဲ့ရပါတယ္။

အဲဒါေၾကာင့္ပဲ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္

လူစာရင္းမွာ ဆန္ခ်ိဳကို ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။ ဆန္ခ်ိဳဟာ ပုံစံေကာင္းျပန္ရဖို႔အတြက္
အားလပ္ရက္အတြင္း နယ္သာလန္မွာ သြားေရာက္ေလ့က်င့္ေနၿပီး အဲရစ္တန္ဟက္ကလည္း
အခုထက္ပိုေကာင္းတဲ့အေနအထားမ်ိဳး ျမင္ခ်င္တယ္လို႔ ဆန္ခ်ိဳကို သတိေပးခဲ့ပါတယ္။