ခြေစွမ်းကောင်းပေမယ့် ရှုံးပွဲတွေ့ခဲ့တဲ့ မော်ရိုကို . .ကမ္ဘာ့ဖလား (၂)ကြိမ်ဆက် ဗိုလ်လုပွဲတက်သွားတဲ့ ပြင်သစ်

ခံစစ်စွမ်းဆောင်ရည်ကောင်းတွေနဲ့ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ခဲ့တဲ့

မော်ရိုကိုကတော့ လက်ရှိချန်ပီယံပြင်သစ်နဲ့ပွဲမှာ မိနစ်(၉၀)အတွင်း (၂)ဂိုးပေးခဲ့ရပြီး
ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့် တက်ခွင့်ရမယ့် ပထမဆုံး အာဖရိကအသင်း
ဖြစ်လာမယ့် အခွင့်အရေးကောင်း လက်လွှတ်လိုက်ရပါတယ်။

ရလဒ်အရ ကင်မရွန်းတို့ ရှုံးနိမ့်ခဲ့ပေမယ့် ကွင်းတွင်းခြေစွမ်းပိုင်းတော့ လုံးဝမရှုံးခဲ့ပါဘူး။
ချေပဂိုးပြန်ရနိုင်တဲ့ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့် ကင်မရွန်းကစားသမားတွေရဲ့
တစ်ဦးချင်း အဆုံးသတ်ပိုင်းစွမ်းရည် ညံ့လွန်းလို့သာ တစ်ဂိုးမှ ပြန်မရခဲ့တာပါ။

အခုပွဲမှာ ပြင်သစ်ရဲ့ခြေစွမ်းက ဝေဖန်ချင်စရာဖြစ်ပြီး လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်နဲ့
မလိုက်အောင် တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်း
တစ်ပိုင်းလုံး ခံစစ်မှာပဲ အချိန်ကုန်ခဲ့ရပြီး ဘာပေကလည်း ဘောလုံးဆွဲထုတ်ပြီးတော့

ပြေးတာကလွဲလို့ ကျန်တာ ဘာမှထူးထူးခြားခြားမလုပ်နိုင်ဘဲ ကင်မရွန်းခံစစ်က
ဟာကီမီ၊ ဒါရီတို့ကို မကျော်ဖြတ်နိုင်ခဲ့ဘူး။

ပွဲအစ (၄)မိနစ်၊ (၃၉)စက္ကန့်မှာပဲ ဂိုးရှေ့မှာ ရှုပ်ယှက်ခတ်နေတဲ့အနေအထားကနေ
တိုက်စစ်ကို လိုက်လာတဲ့ နောက်ခံလူ သီယိုဟာနန်ဒက်ဇ်က ပိတ်သွင်းခဲ့တာဖြစ်ပြီး
သီယိုဟာနန်ဒက်ဇ်ဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းဘက်ကို
ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

မော်ရိုကိုကွင်းလယ်က အမ်ရာဘတ်၊ အူနာဟီတို့ရဲ့ ရုန်းအားက တော်တော်လေး
အားရဖို့ကောင်းပြီး ပြင်သစ်ကွင်းလယ်တစ်ခုလုံးကို လှုပ်လို့မရအောင် ထိန်းချုပ်ခဲ့တယ်။
ပြင်သစ်အသင်းဘက်မှာ ရာဘီယူ မပါနိုင်တာက အားနည်းချက်ဖြစ်ပြီး Box To Box

ကောင်းကောင်းကစားနိုင်မယ့်သူ မပါတာကြောင့် ကွင်းလယ်နဲ့ တိုက်စစ်ကို
ချိတ်ဆက်ပေးမှုအပိုင်းက အလုပ်မဖြစ်ခဲ့ဘူး။

ဒုတိယပိုင်းတစ်ပိုင်းလုံး ကင်မရွန်းတို့ ကစားအားကောင်းကောင်းနဲ့ ဖိကစားနိုင်ပေမယ့်
အသင်းကြီးတွေရဲ့ ထုံးစံအတိုင်း ဂိုးကတော့ ပြင်သစ်ပဲ သွင်းနိုင်ခဲ့ပြီး လူစားဝင်လာတဲ့
တိုက်စစ်မှူးမူအာနီက ဘာပေရဲ့ကန်ချက် လူထိထွက်လာတာကို ပြေးဝင်ပိတ်သွင်းခဲ့တာပါ။

ပွဲပြီးခါနီးမှာ မော်ရိုကိုကွင်းလယ်လူ အူနာဟီရဲ့ အပိုင်အခွင့်အရေးတစ်ကြိမ်ကို ပြင်သစ်
နောက်ခံလူ ခွန်ဒဲလ် ကာကွယ်နိုင်ခဲ့လို့ မော်ရိုကိုတို့ ချေပဂိုး မရဘဲ ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ
ကျေနပ်ခဲ့ရပါတယ်။ ပြင်သစ်တို့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ်
ကမ္ဘာ့ဖလားပြိုင်ပွဲ (၂)ကြိမ်ဆက် ဗိုလ်လုပွဲတက်ခဲ့ပြီး လက်ရှိချန်ပီယံဘွဲ့ကို

ကာကွယ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

[Zawgyi]

ခံစစ္စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔ ဆီမီးဖိုင္နယ္အဆင့္အထိ တက္ခဲ့တဲ့

ေမာ္႐ိုကိုကေတာ့ လက္ရွိခ်န္ပီယံျပင္သစ္နဲ႔ပြဲမွာ မိနစ္(၉၀)အတြင္း (၂)ဂိုးေပးခဲ့ရၿပီး
ကမာၻ႔ဖလားဗိုလ္လုပြဲအဆင့္ တက္ခြင့္ရမယ့္ ပထမဆုံး အာဖရိကအသင္း
ျဖစ္လာမယ့္ အခြင့္အေရးေကာင္း လက္လႊတ္လိုက္ရပါတယ္။

ရလဒ္အရ ကင္မ႐ြန္းတို႔ ရႈံးနိမ့္ခဲ့ေပမယ့္ ကြင္းတြင္းေျခစြမ္းပိုင္းေတာ့ လုံးဝမရႈံးခဲ့ပါဘူး။
ေခ်ပဂိုးျပန္ရႏိုင္တဲ့ အခြင့္အေရးေကာင္းေတြ ရရွိခဲ့ေပမယ့္ ကင္မ႐ြန္းကစားသမားေတြရဲ႕
တစ္ဦးခ်င္း အဆုံးသတ္ပိုင္းစြမ္းရည္ ညံ့လြန္းလို႔သာ တစ္ဂိုးမွ ျပန္မရခဲ့တာပါ။

အခုပြဲမွာ ျပင္သစ္ရဲ႕ေျခစြမ္းက ေဝဖန္ခ်င္စရာျဖစ္ၿပီး လက္ရွိခ်န္ပီယံဆိုတဲ့ ဂုဏ္နဲ႔
မလိုက္ေအာင္ ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ပါတယ္။ အထူးသျဖင့္ ဒုတိယပိုင္း
တစ္ပိုင္းလုံး ခံစစ္မွာပဲ အခ်ိန္ကုန္ခဲ့ရၿပီး ဘာေပကလည္း ေဘာလုံးဆြဲထုတ္ၿပီးေတာ့

ေျပးတာကလြဲလို႔ က်န္တာ ဘာမွထူးထူးျခားျခားမလုပ္ႏိုင္ဘဲ ကင္မ႐ြန္းခံစစ္က
ဟာကီမီ၊ ဒါရီတို႔ကို မေက်ာ္ျဖတ္ႏိုင္ခဲ့ဘူး။

ပြဲအစ (၄)မိနစ္၊ (၃၉)စကၠန႔္မွာပဲ ဂိုးေရွ႕မွာ ရႈပ္ယွက္ခတ္ေနတဲ့အေနအထားကေန
တိုက္စစ္ကို လိုက္လာတဲ့ ေနာက္ခံလူ သီယိုဟာနန္ဒက္ဇ္က ပိတ္သြင္းခဲ့တာျဖစ္ၿပီး
သီယိုဟာနန္ဒက္ဇ္ဟာ အခု ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေမာ္႐ိုကိုအသင္းဘက္ကို
ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာပါတယ္။

ေမာ္႐ိုကိုကြင္းလယ္က အမ္ရာဘတ္၊ အူနာဟီတို႔ရဲ႕ ႐ုန္းအားက ေတာ္ေတာ္ေလး
အားရဖို႔ေကာင္းၿပီး ျပင္သစ္ကြင္းလယ္တစ္ခုလုံးကို လႈပ္လို႔မရေအာင္ ထိန္းခ်ဳပ္ခဲ့တယ္။
ျပင္သစ္အသင္းဘက္မွာ ရာဘီယူ မပါႏိုင္တာက အားနည္းခ်က္ျဖစ္ၿပီး Box To Box

ေကာင္းေကာင္းကစားႏိုင္မယ့္သူ မပါတာေၾကာင့္ ကြင္းလယ္နဲ႔ တိုက္စစ္ကို
ခ်ိတ္ဆက္ေပးမႈအပိုင္းက အလုပ္မျဖစ္ခဲ့ဘူး။

ဒုတိယပိုင္းတစ္ပိုင္းလုံး ကင္မ႐ြန္းတို႔ ကစားအားေကာင္းေကာင္းနဲ႔ ဖိကစားႏိုင္ေပမယ့္
အသင္းႀကီးေတြရဲ႕ ထုံးစံအတိုင္း ဂိုးကေတာ့ ျပင္သစ္ပဲ သြင္းႏိုင္ခဲ့ၿပီး လူစားဝင္လာတဲ့
တိုက္စစ္မႉးမူအာနီက ဘာေပရဲ႕ကန္ခ်က္ လူထိထြက္လာတာကို ေျပးဝင္ပိတ္သြင္းခဲ့တာပါ။

ပြဲၿပီးခါနီးမွာ ေမာ္႐ိုကိုကြင္းလယ္လူ အူနာဟီရဲ႕ အပိုင္အခြင့္အေရးတစ္ႀကိမ္ကို ျပင္သစ္
ေနာက္ခံလူ ခြန္ဒဲလ္ ကာကြယ္ႏိုင္ခဲ့လို႔ ေမာ္႐ိုကိုတို႔ ေခ်ပဂိုး မရဘဲ ဆီမီးဖိုင္နယ္အဆင့္နဲ႔ပဲ
ေက်နပ္ခဲ့ရပါတယ္။ ျပင္သစ္တို႔ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအျဖစ္
ကမာၻ႔ဖလားၿပိဳင္ပြဲ (၂)ႀကိမ္ဆက္ ဗိုလ္လုပြဲတက္ခဲ့ၿပီး လက္ရွိခ်န္ပီယံဘြဲ႕ကို

ကာကြယ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ . . .