





အရိုးငေါထွက်လာတဲ့အထိဒဏ်ရာပြင်းထန်ခဲ့တဲ့ ဂရူသာဖက်နောက်ခံလူ
ဂရူသာဖက်အသင်းနောက်ခံလူ မာကိုမိုင်ယာဟော့ဖာ ဟာ စနေနေ့က





ဖရန့်ဖတ် နဲ့ပွဲမှာပြိုင်ဘက်ကစားသမားတစ်ဦးနဲ့ မတော်တဆထိခိုက်မိပြီး
ခြေချင်းဝတ်လည်ထွက်ခဲ့ရာမှာဒဏ်ရာပြင်းထန်လွန်းတဲ့အတွက် ခြေစွပ်ထဲကနေ
အရိုးငေါထွက်လာတဲ့ အထိဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။





ဒီလိုကြောက်စရာကောင်းတဲ့ ဒဏ်ရာရသွားတဲ့ပုံရိပ်တွေ အွန်လိုင်းပေါ်မှာ
ပျံနှံ့လာပြီးနောက် ပရိသတ်တွေက မိုင်ယာဟော့ဖာ အတွက်ကရုဏာသက်နေကြပါတယ်။





ဖြစ်ပုံက ဂရူသာဖက်ရဲ့ညာနောက်ခံလူဖြစ်တဲ့ မိုင်ယာဟော့ဖာ ဟာ
ဖရန့်ဖတ်အသင်းက ယန်းပက်တာဟော့ဂ်နဲ့ ခြေထောက်ခြင်းချိတ်မိခဲ့ပြီး
ပြုတ်ကျခဲ့ရာမှာသူကအပေါ်ကနေဖြစ်ပေမယ့် ညာခြေထောက်ကတော့





ပက်တာဟော့ဂ်ရဲ့ ခန္ဓာကိုယ်အောက်မှာကျန်ခဲ့ပြီး ခြေချင်းဝတ်လည်သွားခဲ့တာပါ။
ဂျာမန်သားဖြစ်တဲ့ မိုင်ယာဟော့ဖ်ရဲ့ ခြေထောက်ပေါ်ကို နော်ဝေသား





ပက်တာဟော့ဂ် ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးဖိမိသလိုဖြစ်သွားတဲ့အတွက်
ခြေချင်းဝတ်ထိခိုက်သွားတာဖြစ်ပြီး ကံလည်းဆိုးခဲ့တဲ့အတွက် ခြေချင်းဝတ်
အရိုးကလုံးဝကျိုးသွားကာ အရိုးက ခြေစွပ်ထဲကနေတောင်ငေါထွက်နေခဲ့တာဖြစ်ပါတယ်။





မိုင်ယာဟော့ဖာရဲ့ဒဏ်ရာကိုတွေ့လိုက်တဲ့အတွက် ပက်တာဟော့ဂ် ဟာ
တုန်လှုပ်သွားခဲ့ရပြီး မျက်ရည်တွေလည်းကျတဲ့အထိဖြစ်ခဲ့တာပါ။





ကွင်းထဲကိုဝင်လာတဲ့ဆေးအဖွဲ့ကလည်း မိုင်ယာဟော့ဖာရဲ့ဒဏ်ရာကို
ကနဦးပြုစုပေးပြီးနောက် ထမ်းစင်နဲ့သယ်ထုတ်သွားကာ ဆေးရုံကို
ချက်ခြင်းတင်ပို့ခဲ့ရပါတယ်။ ကွင်းထဲကနေထမ်းစင်နဲ့ထွက်လာချိန်မှာသူဟာ





ပရိသတ်တွေကိုလက်မထောင်ပြခဲ့သေးလို့ အရမ်းကိုရဲရင့်တဲ့သူအဖြစ်လည်း
ဂျာမန်မီဒီယာတွေကချီးကျူးကြပါတယ်။ သူ့ဒဏ်ရာကိုခွဲစိတ်ကုသခဲ့ရပြီး





အောင်မြင်ခဲ့ပေမယ့် ဒဏ်ရာပြင်းလွန်းတဲ့အတွက် မိုင်ယာဟော့ဖာဟာ
အနည်းဆုံး ၆ လကနေ ၈ လအထိအနားယူရတော့မှာဖြစ်ပါတယ်။
ဒီပွဲကိုသူ့ဇနီးသည် ကက်သရီနာနဲ့ သူ့မိဘတွေလည်းလာကြည့်ချိန်ဖြစ်လို့





အားလုံးကပိုပြီးစိတ်မကောင်းဖြစ်နေကြတာပါ။ ဒီပွဲဟာဂိုးမရှိသရေကျခဲ့ပြီး
ပွဲအပြီးမှာ ဂရူသာဖက်အသင်ခေါင်းဆောင်ရော ဖရန့်ဖတ်အသင်းခေါင်းဆောင်တို့ကပါ





မိုင်ယာဟော့ဖာအတွက် စိတ်မကောင်းဖြစ်ကြပြီး အမြန်ဆုံးပြန်ကောင်းဖို့
ဆုတောင်းပေးခဲ့ကြပါတယ်။
zawgyi





ေျခစြပ္ထဲကေန အ႐ိုးေငါထြက္ခဲ့တဲ့အထိ ဒဏ္ရာျပင္းထန္လြန္းခဲ့တဲ့ မာကိုမိုင္ယာေဟာ့ဖာ
အ႐ိုးေငါထြက္လာတဲ့အထိဒဏ္ရာျပင္းထန္ခဲ့တဲ့ ဂ႐ူသာဖက္ေနာက္ခံလူ





ဂ႐ူသာဖက္အသင္းေနာက္ခံလူ မာကိုမိုင္ယာေဟာ့ဖာ ဟာ စေနေန႔က
ဖရန႔္ဖတ္ နဲ႔ပြဲမွာၿပိဳင္ဘက္ကစားသမားတစ္ဦးနဲ႔ မေတာ္တဆထိခိုက္မိၿပီး
ေျခခ်င္းဝတ္လည္ထြက္ခဲ့ရာမွာဒဏ္ရာျပင္းထန္လြန္းတဲ့အတြက္ ေျခစြပ္ထဲကေန





အ႐ိုးေငါထြက္လာတဲ့ အထိျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။
ဒီလိုေၾကာက္စရာေကာင္းတဲ့ ဒဏ္ရာရသြားတဲ့ပုံရိပ္ေတြ အြန္လိုင္းေပၚမွာ





ပ်ံႏွံ႔လာၿပီးေနာက္ ပရိသတ္ေတြက မိုင္ယာေဟာ့ဖာ အတြက္က႐ုဏာသက္ေနၾကပါတယ္။
ျဖစ္ပုံက ဂ႐ူသာဖက္ရဲ႕ညာေနာက္ခံလူျဖစ္တဲ့ မိုင္ယာေဟာ့ဖာ ဟာ
ဖရန႔္ဖတ္အသင္းက ယန္းပက္တာေဟာ့ဂ္နဲ႔ ေျခေထာက္ျခင္းခ်ိတ္မိခဲ့ၿပီး





ျပဳတ္က်ခဲ့ရာမွာသူကအေပၚကေနျဖစ္ေပမယ့္ ညာေျခေထာက္ကေတာ့
ပက္တာေဟာ့ဂ္ရဲ႕ ခႏၶာကိုယ္ေအာက္မွာက်န္ခဲ့ၿပီး ေျခခ်င္းဝတ္လည္သြားခဲ့တာပါ။





ဂ်ာမန္သားျဖစ္တဲ့ မိုင္ယာေဟာ့ဖ္ရဲ႕ ေျခေထာက္ေပၚကို ေနာ္ေဝသား
ပက္တာေဟာ့ဂ္ ခႏၶာကိုယ္အေလးခ်ိန္တစ္ခုလုံးဖိမိသလိုျဖစ္သြားတဲ့အတြက္
ေျခခ်င္းဝတ္ထိခိုက္သြားတာျဖစ္ၿပီး ကံလည္းဆိုးခဲ့တဲ့အတြက္ ေျခခ်င္းဝတ္





အ႐ိုးကလုံးဝက်ိဳးသြားကာ အ႐ိုးက ေျခစြပ္ထဲကေနေတာင္ေငါထြက္ေနခဲ့တာျဖစ္ပါတယ္။
မိုင္ယာေဟာ့ဖာရဲ႕ဒဏ္ရာကိုေတြ႕လိုက္တဲ့အတြက္ ပက္တာေဟာ့ဂ္ ဟာ





တုန္လႈပ္သြားခဲ့ရၿပီး မ်က္ရည္ေတြလည္းက်တဲ့အထိျဖစ္ခဲ့တာပါ။
ကြင္းထဲကိုဝင္လာတဲ့ေဆးအဖြဲ႕ကလည္း မိုင္ယာေဟာ့ဖာရဲ႕ဒဏ္ရာကို
ကနဦးျပဳစုေပးၿပီးေနာက္ ထမ္းစင္နဲ႔သယ္ထုတ္သြားကာ ေဆး႐ုံကို





ခ်က္ျခင္းတင္ပို႔ခဲ့ရပါတယ္။ ကြင္းထဲကေနထမ္းစင္နဲ႔ထြက္လာခ်ိန္မွာသူဟာ
ပရိသတ္ေတြကိုလက္မေထာင္ျပခဲ့ေသးလို႔ အရမ္းကိုရဲရင့္တဲ့သူအျဖစ္လည္း





ဂ်ာမန္မီဒီယာေတြကခ်ီးက်ဴးၾကပါတယ္။ သူ႔ဒဏ္ရာကိုခြဲစိတ္ကုသခဲ့ရၿပီး
ေအာင္ျမင္ခဲ့ေပမယ့္ ဒဏ္ရာျပင္းလြန္းတဲ့အတြက္ မိုင္ယာေဟာ့ဖာဟာ
အနည္းဆုံး ၆ လကေန ၈ လအထိအနားယူရေတာ့မွာျဖစ္ပါတယ္။





ဒီပြဲကိုသူ႔ဇနီးသည္ ကက္သရီနာနဲ႔ သူ႔မိဘေတြလည္းလာၾကည့္ခ်ိန္ျဖစ္လို႔
အားလုံးကပိုၿပီးစိတ္မေကာင္းျဖစ္ေနၾကတာပါ။ ဒီပြဲဟာဂိုးမရွိသေရက်ခဲ့ၿပီး





ပြဲအၿပီးမွာ ဂ႐ူသာဖက္အသင္ေခါင္းေဆာင္ေရာ ဖရန႔္ဖတ္အသင္းေခါင္းေဆာင္တို႔ကပါ
မိုင္ယာေဟာ့ဖာအတြက္ စိတ္မေကာင္းျဖစ္ၾကၿပီး အျမန္ဆုံးျပန္ေကာင္းဖို႔
ဆုေတာင္းေပးခဲ့ၾကပါတယ္။





Leave a Reply