ခြေစမ်းပွဲမှာတောင် ဟန်ဆောင်လူးလှိမ့်ပြီး ပင်နယ်တီတောင်းတဲ့နေမာ ဝေဖန်ခံနေရ

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာ ဂမ်ဘာအိုဆာကာနဲ့ခြေစမ်းပွဲမှာ လူတိုင်းပါးစပ်ဟောင်းလောင်းဖြစ်သွားနိုင်တဲ့ ဖန်တီးမှုတစ်ခုလုပ်ခဲ့ပါတယ်။ မီဒီယာတွေကတော့ ဒီလုပ်ရပ်ကို

သူ့ရဲ့ကစားသမားဘ၀ အဆိုးရွားဆုံးဒိုင်ဗင်လို့ ဝေဖန်နေကြတာပါ။ ဒီပွဲမှာ လီဂူး-၁ ချန်ပီယံဟာ ၆-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး ပထမပိုင်းမှာတင် ၄-၁ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆာရာဘီရာ၊ နေမာ၊ နူနိုမန်ဒက်စ်နဲ့

မက်ဆီတို့ဟာ ပထမပိုင်း ၄၅ မိနစ်အတွင်းမှာတင် ဂိုးတွေသွင်းနိုင်ခဲ့ကြပါတယ်။ နေမာကတော့ ၂ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး မိနစ် ၆၀ မှာ ဒုတိယဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ သူရခဲ့တဲ့ ပထမဂိုးက

ပင်နယ်တီအကြောင်းကတော့ အတော်လေးကို အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၂၉ မိနစ်မှာ ဘယ်တောင်ပံကနေ ဂိုးဧရိယာထဲထိုးဖောက်ဝင်ရောက်လာတဲ့ နေမာကို အိုဆာကာနောက်ခံလူ

ဂျန်တာမီရာလျှောထိုးပြီး တားဆီးခဲ့ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူး လဲကျသွားတာကြောင့် ကွင်းလယ်ဒိုင်က အိုဆာကာကစားသမားတွေ တောင်းပန်နေတဲ့ကြားက ပင်နယ်တီပေးခဲ့ပါတယ်။

ဒါပေမဲ့ ဂျန်တာမီရာရဲ့ညာခြေထောက်က နေမာကို လုံးဝမထိခဲ့သလို ငြိမယ်လို့ထင်စရာရှိတဲ့ ဘယ်ခြေထောက်ကိုတောင် ပြန်ရုတ်သွားခဲ့တာပါ။ နေမာ အသားလွတ်ကြီး လဲှချခဲ့တာထင်ရှားသလို

သူလုပ်နေကျ အကယ်ဒမီရှော့မှာ ဒိုင်လူကြီးမျောပါသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံနေရသလို မီဒီယာတွေကလည်း

အဆိုးရွားဆုံးဒိုင်ဗင်လို့ ရှုတ်ချနေကြတာပါ။ “ ခြေစမ်းပွဲမှာတောင် ဘာကြောင့် သူ ဒိုင်ဗင်ထိုးနေရတာလဲ ” လို့ ပရိသတ်တစ်ယောက်က မေးခွန်းထုတ်ထားသလို  နောက်တစ်ယောက်ကလည်း “ ဒါက လိုအပ်လို့လားဗျာ။ သူတို့ နိုင်နေပြီပဲဟာ ” လို့

ဝေဖန်ထားပါတယ်။ ဒါ့အပြင် “ ဒီလိုလူမျိုးကတော့ နာကျင်ချင်ယောင်ဆောင်ပြီး မြေကြီးပေါ်မှာ အမြဲလူးလှိမ့်နေတော့တာပဲ ” ၊ “ ဒါက သူ့အကြောင်းသူ ပြတာပဲလေ ” စတဲ့ မှတ်ချက်တွေလည်း ပလူပျံသွားခဲ့တာပါ။

(zawgyi)

ပီအက္စ္ဂ်ီတိုက္စစ္မႉးေနမာဟာ ဂမ္ဘာအိုဆာကာနဲ႔ေျခစမ္းပြဲမွာ လူတိုင္းပါးစပ္ေဟာင္းေလာင္းျဖစ္သြားႏိုင္တဲ့ ဖန္တီးမႈတစ္ခုလုပ္ခဲ့ပါတယ္။ မီဒီယာေတြကေတာ့ ဒီလုပ္ရပ္ကို သူ႔ရဲ႕ကစားသမားဘ၀ အဆိုး႐ြားဆုံးဒိုင္ဗင္လို႔ ေဝဖန္ေနၾကတာပါ။

ဒီပြဲမွာ လီဂူး-၁ ခ်န္ပီယံဟာ ၆-၂ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ပထမပိုင္းမွာတင္ ၄-၁ ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဆာရာဘီရာ၊ ေနမာ၊ ႏူႏိုမန္ဒက္စ္နဲ႔ မက္ဆီတို႔ဟာ ပထမပိုင္း ၄၅ မိနစ္အတြင္းမွာတင္ ဂိုးေတြသြင္းႏိုင္ခဲ့ၾကပါတယ္။

ေနမာကေတာ့ ၂ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး မိနစ္ ၆၀ မွာ ဒုတိယဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒါေပမဲ့ သူရခဲ့တဲ့ ပထမဂိုးက ပင္နယ္တီအေၾကာင္းကေတာ့ အေတာ္ေလးကို အျငင္းပြားစရာျဖစ္ခဲ့ပါတယ္။ ပြဲခ်ိန္ ၂၉ မိနစ္မွာ ဘယ္ေတာင္ပံကေန

ဂိုးဧရိယာထဲထိုးေဖာက္ဝင္ေရာက္လာတဲ့ ေနမာကို အိုဆာကာေနာက္ခံလူ ဂ်န္တာမီရာေလွ်ာထိုးၿပီး တားဆီးခဲ့ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉး လဲက်သြားတာေၾကာင့္ ကြင္းလယ္ဒိုင္က အိုဆာကာကစားသမားေတြ ေတာင္းပန္ေနတဲ့ၾကားက

ပင္နယ္တီေပးခဲ့ပါတယ္။ ဒါေပမဲ့ ဂ်န္တာမီရာရဲ႕ညာေျခေထာက္က ေနမာကို လုံးဝမထိခဲ့သလို ၿငိမယ္လို႔ထင္စရာရွိတဲ့ ဘယ္ေျခေထာက္ကိုေတာင္ ျပန္႐ုတ္သြားခဲ့တာပါ။ ေနမာ အသားလြတ္ႀကီး လဲွခ်ခဲ့တာထင္ရွားသလို

သူလုပ္ေနက် အကယ္ဒမီေရွာ့မွာ ဒိုင္လူႀကီးေမ်ာပါသြားခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြကို ျပင္းျပင္းထန္ထန္ခံေနရသလို မီဒီယာေတြကလည္း အဆိုး႐ြားဆုံးဒိုင္ဗင္လို႔ ရႈတ္ခ်ေနၾကတာပါ။

“ ေျခစမ္းပြဲမွာေတာင္ ဘာေၾကာင့္ သူ ဒိုင္ဗင္ထိုးေနရတာလဲ ” လို႔ ပရိသတ္တစ္ေယာက္က ေမးခြန္းထုတ္ထားသလို ေနာက္တစ္ေယာက္ကလည္း “ ဒါက လိုအပ္လို႔လားဗ်ာ။ သူတို႔ ႏိုင္ေနၿပီပဲဟာ ” လို႔ ေဝဖန္ထားပါတယ္။

ဒါ့အျပင္ “ ဒီလိုလူမ်ိဳးကေတာ့ နာက်င္ခ်င္ေယာင္ေဆာင္ၿပီး ေျမႀကီးေပၚမွာ အၿမဲလူးလွိမ့္ေနေတာ့တာပဲ ” ၊ “ ဒါက သူ႔အေၾကာင္းသူ ျပတာပဲေလ ” စတဲ့ မွတ္ခ်က္ေတြလည္း ပလူပ်ံသြားခဲ့တာပါ။