ခြေစမ်းပွဲမှာတောင် ပြိုင်ဘက်ကိုထုတ်ပယ်ဖို့ ပြဿနာရှာခဲ့တဲ့ မော်ရင်ညို

ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းနဲ့ခြေစမ်းပွဲမှာ ဒေါသတွေပြင်းထန်နေတဲ့ မော်ရင်ညိုကိုကြည့်ပြီး အားလုံးအံ့သြခဲ့ကြရပြန်ပါတယ်။ ရိုးမားဟာ ဒီပွဲမှာ ၂-၀ ဂိုးနဲ့နိုင်ပေမယ့်

ပေါ်တူဂီသားနည်းပြကတော့ ဆန်းဒါးလန်းကွင်းလယ်လူ အိုနီယန်ကို အနီကတ်ပြဖို့ ကွင်းထဲဝင်ပြီးဖိအားပေးခဲ့တာပါ။ ဆန်းဒါးလန်းပရိသတ်တွေလည်း အံ့အားသင့်ပြီး ကြက်သေသေကုန်ကြပါတယ်။

မော်ရင်ညိုကတော့ အိုင်ဘာနက်ဇ်နဲ့ လေထဲမှာခေါင်းခုန်တိုက်ချိန်မှာ အိုနီယန်က တံတောင်နဲ့ဘယ်လိုတွတ်လိုက်တာ ဘာညာနဲ့ ဒိုင်လူကြီးကို သရုပ်ပြနေခဲ့တာပါ။

အိုနီယန်ဟာ အစောပိုင်းကတည်းက မော်ရင်ညိုရဲ့နည်းပြဝန်ထမ်းတွေကို ကွင်းထဲပြေးဝင်စေတဲ့ စိန်ခေါ်မှုကြောင့် အဝါကတ်အပြခံထားရသူဖြစ်ပါတယ်။

ဒါပေမဲ့ အခုဖြစ်ရပ်မှာတော့ အရေးယူမခံခဲ့ရဘဲ စပါယ်ရှယ်ဝမ်းနဲ့ ပြဿနာတက်ပြီးတဲ့နောက်မှာတော့ လူစားလဲခံခဲ့ရပါတယ်။ ဆန်းဒါးလန်းနည်းပြ အဲလက်စ်နေးလ်ကတော့

“ အိုနီယန် ကံမကောင်းခဲ့ပါဘူး။ သူက ခေါင်းတိုက်ဖို့သာကြိုးစားခဲ့တာဖြစ်ပြီး လက်မောင်းနဲ့ရိုက်မိသွားတာပါ။ မော်ရင်ညိုပြောသလို ကျွန်တော် မထင်ပါဘူး။

သူက နည်းနည်းတော့လွန်တယ်ထင်ပါတယ်။ ဒါပေမဲ့ ဒိုင်က ကျွန်တော့်ကို အသိပေးလာခဲ့ပါတယ်။ အိုနီယန်ကို လူစားမလဲရင် ထုတ်ပယ်ရလိမ့်မယ်ဆိုတာပါ ” လို့ ပြောသွားခဲ့ပါတယ်။

မော်ရင်ညိုဟာ ရိုးမားနည်းပြဘ၀ ပထမရာသီမှာ စီးရီးအေအမှတ်ပေးဇယား အဆင့် ၆ နေရာမှာသာရပ်တည်နိုင်ခဲ့ပေမယ့် ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။

(zawgyi)

ခ်န္ပီယံရွစ္ကလပ္ ဆန္းဒါးလန္းနဲ႔ေျခစမ္းပြဲမွာ ေဒါသေတြျပင္းထန္ေနတဲ့ ေမာ္ရင္ညိဳကိုၾကည့္ၿပီး အားလုံးအံ့ၾသခဲ့ၾကရျပန္ပါတယ္။ ႐ိုးမားဟာ ဒီပြဲမွာ ၂-၀ ဂိုးနဲ႔ႏိုင္ေပမယ့္ ေပၚတူဂီသားနည္းျပကေတာ့

ဆန္းဒါးလန္းကြင္းလယ္လူ အိုနီယန္ကို အနီကတ္ျပဖို႔ ကြင္းထဲဝင္ၿပီးဖိအားေပးခဲ့တာပါ။ ဆန္းဒါးလန္းပရိသတ္ေတြလည္း အံ့အားသင့္ၿပီး ၾကက္ေသေသကုန္ၾကပါတယ္။

ေမာ္ရင္ညိဳကေတာ့ အိုင္ဘာနက္ဇ္နဲ႔ ေလထဲမွာေခါင္းခုန္တိုက္ခ်ိန္မွာ အိုနီယန္က တံေတာင္နဲ႔ဘယ္လိုတြတ္လိုက္တာ ဘာညာနဲ႔ ဒိုင္လူႀကီးကို သ႐ုပ္ျပေနခဲ့တာပါ။

အိုနီယန္ဟာ အေစာပိုင္းကတည္းက ေမာ္ရင္ညိဳရဲ႕နည္းျပဝန္ထမ္းေတြကို ကြင္းထဲေျပးဝင္ေစတဲ့ စိန္ေခၚမႈေၾကာင့္ အဝါကတ္အျပခံထားရသူျဖစ္ပါတယ္။ ဒါေပမဲ့ အခုျဖစ္ရပ္မွာေတာ့ အေရးယူမခံခဲ့ရဘဲ

စပါယ္ရွယ္ဝမ္းနဲ႔ ျပႆနာတက္ၿပီးတဲ့ေနာက္မွာေတာ့ လူစားလဲခံခဲ့ရပါတယ္။ ဆန္းဒါးလန္းနည္းျပ အဲလက္စ္ေနးလ္ကေတာ့ “ အိုနီယန္ ကံမေကာင္းခဲ့ပါဘူး။

သူက ေခါင္းတိုက္ဖို႔သာႀကိဳးစားခဲ့တာျဖစ္ၿပီး လက္ေမာင္းနဲ႔႐ိုက္မိသြားတာပါ။ ေမာ္ရင္ညိဳေျပာသလို ကြၽန္ေတာ္ မထင္ပါဘူး။ သူက နည္းနည္းေတာ့လြန္တယ္ထင္ပါတယ္။

ဒါေပမဲ့ ဒိုင္က ကြၽန္ေတာ့္ကို အသိေပးလာခဲ့ပါတယ္။ အိုနီယန္ကို လူစားမလဲရင္ ထုတ္ပယ္ရလိမ့္မယ္ဆိုတာပါ ” လို႔ ေျပာသြားခဲ့ပါတယ္။

ေမာ္ရင္ညိဳဟာ ႐ိုးမားနည္းျပဘ၀ ပထမရာသီမွာ စီးရီးေအအမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာသာရပ္တည္ႏိုင္ခဲ့ေပမယ့္ ယူ႐ိုပါကြန္ဖရင့္လိဂ္ဖလားကို ရယူႏိုင္ခဲ့ပါတယ္။