အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ၂၀၂၂ ကမ္ဘာ့ဖလား
ခြေစစ်ပွဲအဖြစ် ပနားမားနဲ့ရင်ဆိုင်ခဲ့ရာမှာ ၅-၁ နဲ့အနိုင်ရခဲ့ပြီးနောက်
ခြေစစ်ပွဲအောင်ပြီလို့ထင်ပြီး ‘QUALIFIED’ လို့ဖော်ပြထားတဲ့ စာတမ်းနဲ့
ပရိသတ်တွေရှေ့မှောက်မှာအောင်ပွဲခံခဲ့မိတယ်လို့ သိရပါတယ်။
ဒီနိုင်ပွဲကြောင့် အမေရိကန်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ကွန်ကာကက်ဖ်ဇုန်
ခြေစစ်ပွဲမှာ ၁၃ ပွဲကစားပြီးချိန် ၂၅ မှတ်နဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။
ထိပ်ဆုံးမှာတော့ ကနေဒါရပ်တည်နေပြီးဂျမေကာကို ၄-၀ နဲ့နိုင်ခဲ့လို့
၂၈ မှတ်နဲ့ ခြေစစ်ပွဲအောင်သွားပြီဖြစ်ပါတယ်။ အမေရိကန်အသင်းဟာ
ဒီပွဲနိုင်ခဲ့လို့ ခြေစစ်ပွဲအောင်ဖို့ ၉၀ ရာခိုင်နှုန်းသေချာသွားပေမယ့်
ဗုဒ္ဓဟူးနေ့မှာ ကော်စတာရီကာ နဲ့ကစားရဖို့ကျန်နေသေးပြီး
ဒီပွဲမှာအနည်းဆုံး ၆ ဂိုးပြတ်ရှုံးရင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်တော့မှာ
မဟုတ်ဘဲ play off ကတစ်ဆင့်သာဆက်လက်ယှဉ်ပြိုင်ရမှာပါ။
အမေရိကန်အနေနဲ့ဒီလိုဂိုးပြတ်ရှုံဖို့ ဖြစ်နိုင်ခြေအင်မတန်နည်းပေမယ့်
စည်းမျဉ်းအရတရားဝင်ခြေစစ်ပွဲအောင်တဲ့အသင်းအဖြစ် သတ်မှတ်
ခံရခြင်းမရှိသေးပါဘူး။ ဒါပေမယ့်သူတို့ဟာခြေစစ်ပွဲအောင်ပြီလို့ထင်ပြီး
‘QUALIFIED’ လို့ဖော်ပြထားတဲ့ စာတမ်းနဲ့အောင်ပွဲခံခဲ့တာပါ။
ဒီလိုဖြစ်ခဲ့ပေမယ့် တိုက်စစ်မှူး ပူလီဆစ်ကတော့အခုအမှားဟာ
ရိုးရိုးသားသားမှားခဲ့တာသာဖြစ်ပြီး ကော်စတာရီကာ ကို
အထင်သေးတာမဟုတ်ဖူးလို့ ဖြေရှင်းသွားပါတယ်။
သူက” အသင်းသားတွေကတကယ်ကိုမသိခဲ့ကြတာပါ။
သူတို့ကိုဒီစာတမ်းလာပေးလို့ ဖြန့်ပြီးအောင်ပွဲခံလိုက်တာဖြစ်ပါတယ်။
ကျွန်တော်တို့သိလိုက်တဲ့အချိန်မှာတော့ ဒါကိုဆက်ပြီးမပြတော့ပါဘူး။
ကျွန်တော်တို့မှာ လုပ်စရာကျန်နေသေးတယ်မဟုတ်လား။
ကော်စတာရီကာနဲ့ပွဲကို အရင်ပြိုင်ဘက်တွေကိုချဉ်းကပ်သလိုမျိုးဘဲ ရင်ဆိုင်သွားမှာပါ။
ကျွန်တော်တို့အနိုင်ရမှဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးနဲ့သာ
ယှဉ်ပြိုင်သွားမှာပါ” လို့ပြောသွားပါတယ်။ အမေရိကန်အသင်းနည်းပြ
ဂါရက်ဘာဟော်လ်တာကလည်း သူတို့ဟာ စာတမ်းမှာဖော်ပြထားသလိုမျို
းမဟုတ်မှန်း မသိခဲ့လို့အောင်ပွဲခံခဲ့တာဖြစ်ပြီး ခြေစစ်ပွဲအောင်ဖို့အတွက်
ရည်မှန်းချက်ထားရှိမှုကို နောက်ဆုံးအချိန်အထိလေးစားသွားမှာဖြစ်ကြောင်း
ပြောသွားပါတယ်။ ဒါပေမယ့်အမေရိကန်ဟာ ၂၀၁၈ ကမ္ဘာဖလား
ခြေစစ်ပွဲတုန်းကလည်း နောက်ဆုံးပွဲမှာ ထရီနီဒက် ကို သရေကျရုံနဲ့
ခြေစစ်ပွဲအောင်မှာဖြစ်ပေမယ့် ၂-၁ နဲ့ရှုံးခဲ့လို့ ပြိုင်ပွဲနဲ့လွဲချော်ခဲ့ဘူးပါတယ်။
ကော်စတာရီကာနဲ့ပွဲကို အဝေးကွင်းဖြစ်တဲ့ ဆန်ဂျို့စ်မြို့မှာသွားကစားရမှာဖြစ်ပြီး
အမေရိကန်ဟာအဲဒီမြို့မှာကစားတိုင်း တစ်ခါမှအနိုင်မရခဲ့ဘူးကြောင်းလည်းသိရပါတယ်။
zawgyi
ခြေစစ်ပွဲမအောင်သေးဘဲ ပရိသတ်ရှေ့မှာ ‘QUALIFIED’ စာတမ်းနဲ့ အောင်ပွဲခံခဲ့တဲ့ အမေရိကန်