ချဲလ်ဆီး နည်းပြတူချယ် အထုတ်ခံလိုက်ရတာ ဒီနှစ်ကောင်ကြောင့် များလား

ဒိုင်နမိုဇာဂရက်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အသင်းပိုင်ရှင်တွေဟာ ချဲလ်ဆီးနည်းပြတူချယ်ကို ရာထူးကနေ ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။ ဒီပွဲစဉ်ကို အသင်းပိုင်ရှင် တော့ဒ်ဘိုလေနဲ့အတူ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ အက်ဂ်ဘာလီလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

အသင်းပိုင်ရှင်တွေရဲ့ ရှေ့တည့်တည့် ကျမှပဲ ချဲလ်ဆီးက ရှုံးပွဲကြုံတဲ့အပြင် ကစားပုံကလည်း စွဲမက်စရာမရှိတာ ကြောင့် နည်းပြအထုတ်ခံရတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ နည်းပြတူချယ်ကို ရာထူးကနေ ထုတ်ပစ်ရလောက်တဲ့အထိ

တွန်းအားပေးတဲ့ ကိစ္စမျိုးက ပွဲပြီးခါနီးမှာ ဖြစ်ခဲ့တာပါ။ ပွဲချိန် ၉၀+၆ မိနစ်မှာ ချဲလ်ဆီးက ဒိုင်န မိုဇာဂရက်အသင်း ပင်နယ်တီဧရိယာ အစပ်နားမှာ ဖရီးကစ်ကန်ခွင့် ရခဲ့ပါ တယ်။ တကယ့်ကို နေရာကောင်းဖြစ်ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ရင် ပွဲရလဒ် ကိုပါ

ပြောင်းလဲပစ်နိုင်မယ့် အခြေအနေမျိုးပါ။ ဒါပေမဲ့ ဒီဖရီးကစ်ကို တောင်ပံကစားသမား ဇီယက်ချ်နဲ့ နောက်ခံလူ ရစ်ဆီဂျိမ်းစ်တို့ သူကန်မယ်၊ ငါကန် မယ်ဆိုပြီး လုနေကြတာ မြင်မကောင်းခဲ့ပါဘူး။ နောက်ဆုံး အချင်းချင်း အပြန် အလှန် ပြောရင်းဆိုရင်းနဲ့

ဇီယက်ချ်ကပဲ ကန်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ မော်ရိုကိုသားရဲ့ကန်ချက်ဟာ လူတံတိုင်းကိုထိပြီး ပြန်ထွက်လာခဲ့ကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဂျိမ်းစ်တစ်ယောက် အလိုမကျဖြစ်ခဲ့ပြီး မျက်စိပျက် မျက်နှာပျက်ဖြစ်ခဲ့ရပါတယ်။

နောက်ပြီး ဒီဖရီးကစ်ဟာလည်း နောက် ဆုံးမှာ ဂိုးလွန်ဘောနဲ့သာ အဆုံးသတ်သွားခဲ့ရလို့ အိမ်ရှင်ဂိုးသမားက အောင်ပွဲခံသွားခဲ့ပါတယ်။ အရေးပါတဲ့ ဖရီးကစ်သွင်းဂိုးတစ်ခုကို အရေးပါတဲ့ ပွဲချိန် အတောအတွင်းမှာ တိကျပိုင်နိုင်တဲ့

နည်းဗျူဟာမျိုးမရှိဘဲ သူကန်မယ်၊ ငါ ကန်မယ်ဆိုပြီး အငြင်းပွားနေတာကြောင့် ချဲလ်ဆီးနည်းပြတူချယ်ဟာ သူ့ အသင်းသားတွေကိုတောင် နိုင်နိုင်နင်းနင်း မထိန်းကျောင်းနိုင်တော့ဘူးလား ဆိုတဲ့ မေးခွန်းတွေ ပွဲအပြီးမှာ ထွက်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးက တူချယ်ကို ထုတ်ပယ်လိုကပြီဖြစ်တာကြောင့် ဂျာမန်သားကြီး ရာထူးက ဆင်းပေးလိုက်ရတာ ဒီနှစ်ကောင်ကြောင့်များလားလို့ မေးခွန်းတွေ ထွက်လာနေပြီဖြစ်ပါတယ်။

(zawgyi)

ဒိုင္နမိုဇာဂရက္ကို ၁-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ အသင္းပိုင္ရွင္ေတြဟာ ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကို ရာထူးကေန ဖယ္ရွားလိုက္ၿပီျဖစ္ပါတယ္။ ဒီပြဲစဥ္ကို အသင္းပိုင္ရွင္ ေတာ့ဒ္ဘိုေလနဲ႔အတူ ပူးတြဲပိုင္ရွင္ျဖစ္တဲ့ အက္ဂ္ဘာလီလည္း သြားေရာက္ၾကည့္ရႈခဲ့ပါတယ္။

အသင္းပိုင္ရွင္ေတြရဲ႕ ေရွ႕တည့္တည့္ က်မွပဲ ခ်ဲလ္ဆီးက ရႈံးပြဲႀကဳံတဲ့အျပင္ ကစားပုံကလည္း စြဲမက္စရာမရွိတာ ေၾကာင့္ နည္းျပအထုတ္ခံရတာလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ဒါေပမဲ့ နည္းျပတူခ်ယ္ကို ရာထူးကေန

ထုတ္ပစ္ရေလာက္တဲ့အထိ တြန္းအားေပးတဲ့ ကိစၥမ်ိဳးက ပြဲၿပီးခါနီးမွာ ျဖစ္ခဲ့တာပါ။ ပြဲခ်ိန္ ၉၀+၆ မိနစ္မွာ ခ်ဲလ္ဆီးက ဒိုင္န မိုဇာဂရက္အသင္း ပင္နယ္တီဧရိယာ အစပ္နားမွာ ဖရီးကစ္ကန္ခြင့္ ရခဲ့ပါ တယ္။ တကယ့္ကို ေနရာေကာင္းျဖစ္ၿပီး ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့ရင္ ပြဲရလဒ္ ကိုပါ

ေျပာင္းလဲပစ္ႏိုင္မယ့္ အေျခအေနမ်ိဳးပါ။ ဒါေပမဲ့ ဒီဖရီးကစ္ကို ေတာင္ပံကစားသမား ဇီယက္ခ်္နဲ႔ ေနာက္ခံလူ ရစ္ဆီဂ်ိမ္းစ္တို႔ သူကန္မယ္၊ ငါကန္ မယ္ဆိုၿပီး လုေနၾကတာ ျမင္မေကာင္းခဲ့ပါဘူး။ ေနာက္ဆုံး အခ်င္းခ်င္း အျပန္ အလွန္ ေျပာရင္းဆိုရင္းနဲ႔

ဇီယက္ခ်္ကပဲ ကန္သြင္းခဲ့ပါတယ္။ ဒါေပမဲ့ ေမာ္႐ိုကိုသားရဲ႕ကန္ခ်က္ဟာ လူတံတိုင္းကိုထိၿပီး ျပန္ထြက္လာခဲ့ေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ ဂ်ိမ္းစ္တစ္ေယာက္ အလိုမက်ျဖစ္ခဲ့ၿပီး မ်က္စိပ်က္ မ်က္ႏွာပ်က္ျဖစ္ခဲ့ရပါတယ္။

ေနာက္ၿပီး ဒီဖရီးကစ္ဟာလည္း ေနာက္ ဆုံးမွာ ဂိုးလြန္ေဘာနဲ႔သာ အဆုံးသတ္သြားခဲ့ရလို႔ အိမ္ရွင္ဂိုးသမားက ေအာင္ပြဲခံသြားခဲ့ပါတယ္။ အေရးပါတဲ့ ဖရီးကစ္သြင္းဂိုးတစ္ခုကို အေရးပါတဲ့ ပြဲခ်ိန္ အေတာအတြင္းမွာ

တိက်ပိုင္ႏိုင္တဲ့ နည္းဗ်ဴဟာမ်ိဳးမရွိဘဲ သူကန္မယ္၊ ငါ ကန္မယ္ဆိုၿပီး အျငင္းပြားေနတာေၾကာင့္ ခ်ဲလ္ဆီးနည္းျပတူခ်ယ္ဟာ သူ႔ အသင္းသားေတြကိုေတာင္ ႏိုင္ႏိုင္နင္းနင္း မထိန္းေက်ာင္းႏိုင္ေတာ့ဘူးလား ဆိုတဲ့

ေမးခြန္းေတြ ပြဲအၿပီးမွာ ထြက္လာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ခ်ဲလ္ဆီးက တူခ်ယ္ကို ထုတ္ပယ္လိုကၿပီျဖစ္တာေၾကာင့္ ဂ်ာမန္သားႀကီး ရာထူးက ဆင္းေပးလိုက္ရတာ ဒီႏွစ္ေကာင္ေၾကာင့္မ်ားလားလို႔ ေမးခြန္းေတြ ထြက္လာေနၿပီျဖစ္ပါတယ္။