ချဲလ်ဆီးအသင်းပိုင်ရှင်တွေတော့ ရူးရူးမိုက်မိုက်နဲ့ကို လုပ်ချင်ရာ လုပ်နေကြပြီ

နည်းပြတူချယ်ကို ရာထူးကနေဖယ်ရှားလိုက်တဲ့ ချဲလ်ဆီးအသင်းရဲ့ လုပ်ရပ်ဟာ ရူးရူးမိုက်မိုက် ပုံစံမျိုးဖြစ်နေတယ်လို့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အဖြစ်ဆောင်ရွက်နေတဲ့ ဂျေမီကာရေဂါက ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။

ဒိုင်နမိုဇာဂရက်ကို ၁-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ပြီးတဲ့နောက်မှာ ချဲလ် ဆီးဟာ ဂျာမန်သားနည်းပြကို ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ အခု လိုရာထူးက ဖယ်ရှားခံလိုက်ရတဲ့ တူချယ်နဲ့ နည်းပြအဖွဲ့ဟာ စာချုပ်ပါအချက် အလက်အရ

ပေါင် ၁၅ သန်း ရရှိမှာဖြစ်ပြီး တူချယ်က ပေါင် ၁၃ သန်း၊ နောက် လိုက်အဖွဲ့က ၂ သန်း အသီးသီး ရရှိကြမှာ ဖြစ်ပါတယ်။ အခုလိုမျိုး ရူးရူးမိုက် မိုက်နဲ့ ဆုံးဖြတ်လိုက်တဲ့ အသင်းပိုင်ရှင်တွေရဲ့ လုပ်ရပ်ကြောင့် ချဲလ်ဆီးဟာ ဒီရာသီအတွက်

ရည်မှန်းချက်တွေအကုန်လုံး ပျက်စီးဖို့ လမ်းစမြင်နေရပြီလို့ ကာရေဂါက ပြောဆိုဝေဖန်ခဲ့ပါတယ်။ ‘’ရာသီအစ ၇ ပွဲပဲရှိသေးတယ် နည်းပြ တစ်ယောက်ကို ထုတ်လိုက်တာဟာ အဓိပ္ပာယ်မရှိလိုက်တာ။ တူချယ်လို အဆင့်အတန်းရှိတဲ့နည်းပြတစ်ယောက်ကို

ထုတ်ပစ်လိုက်တာဟာ ရူးမိုက်တာပါပဲ။ ပိုင်ရှင်သစ် တော့ဒ်ဘိုလေအနေနဲ့ ဘယ်လို အကြောင်းပြချက်မျိုးပဲ ပေးပေး နည်းပြတစ်ယောက်ကို သီတင်းပတ် ၆ ပတ်အတွင်းမှာ ထုတ်ပစ် လိုက်တာဟာ အဓိပ္ပာယ်ကို မရှိဘူး။

အပြောင်းအရွှေ့ဈေးကွက်က ပိတ်ရုံပဲ ရှိသေးတယ်လေ။ တစ်သင်းလုံးက နည်းပြရဲ့ စိတ်တိုင်းကျရှိနေဖို့ ဖြစ်နိုင် မတဲ့လား’’ လို့ ကာရေဂါက ပြောဆိုခဲ့တဲ့အကြောင်းကို တယ်လီဂရပ်သတင်း စာက ဖော်ပြသွားခဲ့ပါတယ်။ နောက်ပြီး သူသာ ချဲလ်ဆီးပရိသတ်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်

လက်ရှိအသင်း အုပ်ချုပ်သူတွေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရတော့မယ်လို့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ပြောဆိုခဲ့ပြီး လန်ဒန်ကလပ်ကလည်း ဒီရာသီမှာ အဆင့် ၄ အတွင်း ဝင်နိုင်ဖို့တောင် အသည်းအသန် ရုန်းကန်ရတော့မှာဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

(zawgyi)

နည္းျပတူခ်ယ္ကို ရာထူးကေနဖယ္ရွားလိုက္တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ လုပ္ရပ္ဟာ ႐ူး႐ူးမိုက္မိုက္ ပုံစံမ်ိဳးျဖစ္ေနတယ္လို႔ ေဘာလုံးေရးရာ ေဝဖန္သုံးသပ္သူ အျဖစ္ေဆာင္႐ြက္ေနတဲ့ ေဂ်မီကာေရဂါက ေဝဖန္တိုက္ခိုက္လိုက္ပါတယ္။

ဒိုင္နမိုဇာဂရက္ကို ၁-၀ ဂိုးနဲ႔ ရႈံးခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ၿပီးတဲ့ေနာက္မွာ ခ်ဲလ္ ဆီးဟာ ဂ်ာမန္သားနည္းျပကို ရာထူးကေန ဖယ္ရွားခဲ့တာျဖစ္ပါတယ္။ အခု လိုရာထူးက ဖယ္ရွားခံလိုက္ရတဲ့ တူခ်ယ္နဲ႔ နည္းျပအဖြဲ႕ဟာ စာခ်ဳပ္ပါအခ်က္ အလက္အရ

ေပါင္ ၁၅ သန္း ရရွိမွာျဖစ္ၿပီး တူခ်ယ္က ေပါင္ ၁၃ သန္း၊ ေနာက္ လိုက္အဖြဲ႕က ၂ သန္း အသီးသီး ရရွိၾကမွာ ျဖစ္ပါတယ္။ အခုလိုမ်ိဳး ႐ူး႐ူးမိုက္ မိုက္နဲ႔ ဆုံးျဖတ္လိုက္တဲ့ အသင္းပိုင္ရွင္ေတြရဲ႕ လုပ္ရပ္ေၾကာင့္ ခ်ဲလ္ဆီးဟာ

ဒီရာသီအတြက္ ရည္မွန္းခ်က္ေတြအကုန္လုံး ပ်က္စီးဖို႔ လမ္းစျမင္ေနရၿပီလို႔ ကာေရဂါက ေျပာဆိုေဝဖန္ခဲ့ပါတယ္။ ‘’ရာသီအစ ၇ ပြဲပဲရွိေသးတယ္ နည္းျပ တစ္ေယာက္ကို ထုတ္လိုက္တာဟာ အဓိပၸာယ္မရွိလိုက္တာ။

တူခ်ယ္လို အဆင့္အတန္းရွိတဲ့နည္းျပတစ္ေယာက္ကို ထုတ္ပစ္လိုက္တာဟာ ႐ူးမိုက္တာပါပဲ။ ပိုင္ရွင္သစ္ ေတာ့ဒ္ဘိုေလအေနနဲ႔ ဘယ္လို အေၾကာင္းျပခ်က္မ်ိဳးပဲ ေပးေပး နည္းျပတစ္ေယာက္ကို သီတင္းပတ္ ၆ ပတ္အတြင္းမွာ ထုတ္ပစ္ လိုက္တာဟာ

အဓိပၸာယ္ကို မရွိဘူး။ အေျပာင္းအေ႐ႊ႕ေဈးကြက္က ပိတ္႐ုံပဲ ရွိေသးတယ္ေလ။ တစ္သင္းလုံးက နည္းျပရဲ႕ စိတ္တိုင္းက်ရွိေနဖို႔ ျဖစ္ႏိုင္ မတဲ့လား’’ လို႔ ကာေရဂါက ေျပာဆိုခဲ့တဲ့အေၾကာင္းကို တယ္လီဂရပ္သတင္း စာက ေဖာ္ျပသြားခဲ့ပါတယ္။

ေနာက္ၿပီး သူသာ ခ်ဲလ္ဆီးပရိသတ္တစ္ေယာက္ ျဖစ္ခဲ့မယ္ဆိုရင္ လက္ရွိအသင္း အုပ္ခ်ဳပ္သူေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္မကင္း ျဖစ္ရေတာ့မယ္လို႔ လီဗာပူးေနာက္ခံလူေဟာင္း ကာေရဂါက ေျပာဆိုခဲ့ၿပီး လန္ဒန္ကလပ္ကလည္း ဒီရာသီမွာ အဆင့္ ၄ အတြင္း ဝင္ႏိုင္ဖို႔ေတာင္ အသည္းအသန္ ႐ုန္းကန္ရေတာ့မွာျဖစ္တယ္လို႔ သုံးသပ္သြားခဲ့ပါတယ္။