ချဲလ်ဆီးမှာ ဂရေဟမ်ပေါ်တာ အညွှန့်ကျိုးသွားနိုင်တယ်လို့ တားမြစ်နေကြ

လက်ရှိအချိန်မှာတော့ လစ်လပ်သွားတဲ့ ချဲလ်ဆီးနည်းပြရာထူးအတွက် စကားပြောဆိုဆွေးနွေးဖို့ ဘရိုက်တန်က နည်းပြဂရေဟမ်ပေါ်တာကို ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်အတောအတွင်းမှာ အင်္ဂလန်သားနည်းပြပေါ်တာဟာ

စတမ်းဖို့ဒ်ဘရစ်ချ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာနိုင်တော့မှာဖြစ်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါပြီ။ ဒါပေမဲ့ ပေါ်တာအနေနဲ့ ချဲလ်ဆီးထိုင်ခုံပူကို မရွေးချယ်သင့်ဘူးလို့ ပြိုင်ဘက်အသင်း ပရိသတ်တွေကတော့ နည်းလမ်းပေါင်းစုံနဲ့

တားမြစ်နေကြပြီဖြစ်ပါတယ်။ ပေါ်တာလို အရည်အချင်းရှိတဲ့ နည်းပြတစ်ယောက်အတွက် ချဲလ်ဆီးဟာ ဇီဝိန်ချုပ်ပေးမယ့် နေရာမျိုးဖြစ်တယ်လို့ တချို့တွေကလည်း ပြောနေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးနည်းပြရာထူးအတွက်

ရေပန်းအစားဆုံး ဖြစ်နေတာက ပေါ်တာဖြစ်ပြီး သူ့နောက်မှာ စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းတို့လည်း စာရင်းပေါက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတချို့တောင် ထဲထဲဝင်ဝင်

ပြောဆိုလာနေကြတာကိုလည်း တွေ့ရပါတယ်။ ချဲလ်ဆီးဟာ ပေါ်တာအတွက်တော့ မှန်ကန်သင့်တော်တဲ့ အသင်းမျိုးမဟုတ်ဘူးလို့ ပြောတဲ့သူတွေလည်း ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေါ်တာအတွက် ချဲလ်ဆီးက လုံလောက်တဲ့

အချိန်အတိုင်းအတာမျိုး ပေးမှာမဟုတ်သလို နည်းပြရာထူးကနေပြီး မဖယ်ရှားပါဘူးဆိုတဲ့ အာမခံချက်မျိုးလည်း ပေးမှာမဟုတ်ပါဘူး။ ဒါကြောင့် ဘရိုက်တန်လိုအသင်းကို အရောင်တဖိတ်ဖိတ်လက်အောင် ပုံဖော်ပေးနေတဲ့ ပေါ်တာလို

လူကောင်းတစ်ယောက်ကို မဆုံးရှုံးစေချင်လို့ ဝိုင်းဝန်းပြောဆိုနေကြတာမျိုးတွေလည်း ရှိပါတယ်။ ‘’ကျွန်တော်သာ ဂရေဟမ်ပေါ်တာဆိုရင်တော့ ဖုန်းခေါ်တာမျိုးကိုတောင် လက်ခံမှာ မဟုတ်ပါဘူး’’ လို့ Talk Sport သတင်းဌာနအတွက်

အလုပ်လုပ်ပေးနေသူ အဒဲအိုလာဒီပိုက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ လက်ရှိတွေ့ကြုံနေရတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင်တော့ နည်းပြတစ်ယောက်ကို ထိုက်သင့်တဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ပေးရမှာဖြစ်တယ်လို့ အများစုက သုံးသပ်နေကြပါတယ်။

(zawgyi)

လက္ရွိအခ်ိန္မွာေတာ့ လစ္လပ္သြားတဲ့ ခ်ဲလ္ဆီးနည္းျပရာထူးအတြက္ စကားေျပာဆိုေဆြးေႏြးဖို႔ ဘ႐ိုက္တန္က နည္းျပဂေရဟမ္ေပၚတာကို ခြင့္ျပဳေပးလိုက္ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ မၾကာခင္အေတာအတြင္းမွာ အဂၤလန္သားနည္းျပေပၚတာဟာ

စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာႏိုင္ေတာ့မွာျဖစ္တယ္လို႔ ထင္ေၾကးေပးမႈေတြလည္း ရွိေနပါၿပီ။ ဒါေပမဲ့ ေပၚတာအေနနဲ႔ ခ်ဲလ္ဆီးထိုင္ခုံပူကို မေ႐ြးခ်ယ္သင့္ဘူးလို႔ ၿပိဳင္ဘက္အသင္း ပရိသတ္ေတြကေတာ့ နည္းလမ္းေပါင္းစုံနဲ႔

တားျမစ္ေနၾကၿပီျဖစ္ပါတယ္။ ေပၚတာလို အရည္အခ်င္းရွိတဲ့ နည္းျပတစ္ေယာက္အတြက္ ခ်ဲလ္ဆီးဟာ ဇီဝိန္ခ်ဳပ္ေပးမယ့္ ေနရာမ်ိဳးျဖစ္တယ္လို႔ တခ်ိဳ႕ေတြကလည္း ေျပာေနၾကၿပီျဖစ္ပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ခ်ဲလ္ဆီးနည္းျပရာထူးအတြက္

ေရပန္းအစားဆုံး ျဖစ္ေနတာက ေပၚတာျဖစ္ၿပီး သူ႔ေနာက္မွာ စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုနဲ႔ ရီးရဲလ္နည္းျပေဟာင္း ဇီဒန္းတို႔လည္း စာရင္းေပါက္ေနပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေဘာလုံးေရးရာ ေဝဖန္သုံးသပ္သူတခ်ိဳ႕ေတာင္

ထဲထဲဝင္ဝင္ ေျပာဆိုလာေနၾကတာကိုလည္း ေတြ႕ရပါတယ္။ ခ်ဲလ္ဆီးဟာ ေပၚတာအတြက္ေတာ့ မွန္ကန္သင့္ေတာ္တဲ့ အသင္းမ်ိဳးမဟုတ္ဘူးလို႔ ေျပာတဲ့သူေတြလည္း ရွိၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေပၚတာအတြက္ ခ်ဲလ္ဆီးက

လုံေလာက္တဲ့ အခ်ိန္အတိုင္းအတာမ်ိဳး ေပးမွာမဟုတ္သလို နည္းျပရာထူးကေနၿပီး မဖယ္ရွားပါဘူးဆိုတဲ့ အာမခံခ်က္မ်ိဳးလည္း ေပးမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ဘ႐ိုက္တန္လိုအသင္းကို အေရာင္တဖိတ္ဖိတ္လက္ေအာင္ ပုံေဖာ္ေပးေနတဲ့ ေပၚတာလို

လူေကာင္းတစ္ေယာက္ကို မဆုံးရႈံးေစခ်င္လို႔ ဝိုင္းဝန္းေျပာဆိုေနၾကတာမ်ိဳးေတြလည္း ရွိပါတယ္။ ‘’ကြၽန္ေတာ္သာ ဂေရဟမ္ေပၚတာဆိုရင္ေတာ့ ဖုန္းေခၚတာမ်ိဳးကိုေတာင္ လက္ခံမွာ မဟုတ္ပါဘူး’’ လို႔ Talk Sport သတင္းဌာနအတြက္

အလုပ္လုပ္ေပးေနသူ အဒဲအိုလာဒီပိုက တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ခ်ဲလ္ဆီးရဲ႕ လက္ရွိေတြ႕ႀကဳံေနရတဲ့ အက်ပ္အတည္းေတြကို ေျဖရွင္းႏိုင္ဖို႔ဆိုရင္ေတာ့ နည္းျပတစ္ေယာက္ကို ထိုက္သင့္တဲ့ အခ်ိန္အတိုင္းအတာတစ္ခုအထိ ေပးရမွာျဖစ္တယ္လို႔ အမ်ားစုက သုံးသပ္ေနၾကပါတယ္။