ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကြီးက ချန်ပီယံလိဂ်ပွဲ တစ်ခါမှ မကြည့်ဖူးဘူးတဲ့

ချန်ပီယံလိဂ်ပွဲ ကစားမယ့်အသင်းတစ်သင်းကို ကြီးကြပ်ကိုင်တွယ်တော့မယ့် နည်းပြတစ်ယောက်ဟာ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားတာကို တစ်ခါမှ မကြည့်ဖူးဘူးဆိုရင် ခင်ဗျားတို့စိတ်ထဲ ဘယ်လိုမျိုး အတွေးဝင်မိကြမှာလဲ။ တချို့ တွေးကောင်း တွေးမိနိုင်တာက အဲဒီလိုလူမျိုး ရှိပါ့မလားရယ်ပေါ့။

တကယ်တော့ အဲဒီလိုလူမျိုး တကယ်ရှိပါတယ်။ သူကတော့ ချဲလ်ဆီးကို ရောက်နေတဲ့ နည်းပြသစ် ဂရေဟမ်ပေါ်တာပဲဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဗုဒ္ဓဟူးညမှာ ဆဲလ်ဘတ်ကို ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်း လက်ခံကစားရမှာဖြစ်ပါတယ်။

အဲဒီပွဲစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တာက အခုလိုမျိုး ပြောဆိုခဲ့ပါတယ်။ ‘’အာရုံနောက်မနေပါဘူးဗျာ။ ကျွန်တော် ချန်ပီယံလိဂ်ပွဲ ကြည့်ခဲ့ဖူးတယ်လို့ မထင်ပါဘူး။ အခု နည်းပြခုံတန်းလျားကိုသွားရမယ့် အချိန် ကောင်းလို့ပဲ ထင်တယ်။

ဘာလို့ မထင်ရမှာလဲလေ။ ဘယ်နေရာကပဲ စစပေါ့၊ အဲဒါက နိဒါန်းတစ်ခုပဲလေ။ ကျွန်တော်တို့ စတင်တဲ့ နေရာတိုင်းက အတောက် ပဆုံး ဖြစ်နေရမှာ။ ဒီနေရာကနေပြီး ကျွန်တော်တို့ ဘာကြောင့် မစနိုင်ရမှာလဲ’’ လို့ ဂရေဟမ်ပေါ်တာက ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တာဟာ ချဲလ်ဆီး နဲ့အတူ ၅ နှစ်သက်တမ်း စာချုပ် ချုပ်ဆိုခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ စတုတ္ထမြောက် လုပ်ခလစာ အမြင့်မားဆုံး ရနေတဲ့ နည်းပြဖြစ်လာပြီး တစ်နှစ် ကို ပေါင် ၁၀ သန်း ရရှိမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နည်းပြတူချယ်ကို ရာထူးကနေ ထုတ်ပစ်ခဲ့ပြီးတဲ့နောက် ၂၄ နာရီအတွင်းမှာပဲ

ပေါ်တာကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တာက ချဲလ်ဆီးမှာ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ရှေ့လုပ်ငန်းစဉ်တွေ ရှိနေပြီဖြစ်တယ်လို့လည်း ထုတ်ပြောခဲ့ပါတယ်။ ‘’အဖြစ်အပျက်တွေက မယုံနိုင်စရာကောင်းလောက် အောင်ကို မြန်ဆန်နေတာပါ။

အသင်းပိုင်ရှင်တွေနဲ့အတူ ကျကျနန စကားပြောခဲ့ပြီးပါပြီ။ သူတို့ဟာ လူတော်လူကောင်းတွေဆိုတာကိုလည်း ကျွန်တော် ချက်ချင်းဆိုသလိုပဲ သိလိုက်ပါတယ်။ သူတို့ဟာ ပြင်ပဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတွေရယူထားနိုင်ခဲ့တဲ့ လူတော်တွေဖြစ်ကြပါတယ်။ ဒီမှာလည်း သူတို့ အောင်မြင်ချင်ကြပါတယ်။

သူတို့မှာ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စီမံကိန်းတွေရှိနေပါတယ်။ အသင်းကို ရှေ့ဆက်ဘယ်လို ချီတက် မယ်ဆိုတာ စိတ်လှုပ်ရှားစရာကောင်းတဲ့ စိတ်ကူးမျိုးတွေပါ။ တကယ့်ကို ဘဝင်ကျစရာပါပဲ’’ လို့ ပေါ်တာက ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

ခ်န္ပီယံလိဂ္ပြဲ ကစားမယ့္အသင္းတစ္သင္းကို ႀကီးၾကပ္ကိုင္တြယ္ေတာ့မယ့္ နည္းျပတစ္ေယာက္ဟာ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြ ကစားတာကို တစ္ခါမွ မၾကည့္ဖူးဘူးဆိုရင္ ခင္ဗ်ားတို႔စိတ္ထဲ ဘယ္လိုမ်ိဳး အေတြးဝင္မိၾကမွာလဲ။ တခ်ိဳ႕ ေတြးေကာင္း ေတြးမိႏိုင္တာက အဲဒီလိုလူမ်ိဳး ရွိပါ့မလားရယ္ေပါ့။

တကယ္ေတာ့ အဲဒီလိုလူမ်ိဳး တကယ္ရွိပါတယ္။ သူကေတာ့ ခ်ဲလ္ဆီးကို ေရာက္ေနတဲ့ နည္းျပသစ္ ဂေရဟမ္ေပၚတာပဲျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ဗုဒၶဟူးညမွာ ဆဲလ္ဘတ္ကို ခ်န္ပီယံလိဂ္ အုပ္စု ဒုတိယပြဲစဥ္အျဖစ္ အိမ္ကြင္း လက္ခံကစားရမွာျဖစ္ပါတယ္။ အဲဒီပြဲစဥ္နဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္း ပြဲမွာ

အသက္ ၄၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေပၚတာက အခုလိုမ်ိဳး ေျပာဆိုခဲ့ပါတယ္။ ‘’အာ႐ုံေနာက္မေနပါဘူးဗ်ာ။ ကြၽန္ေတာ္ ခ်န္ပီယံလိဂ္ပြဲ ၾကည့္ခဲ့ဖူးတယ္လို႔ မထင္ပါဘူး။ အခု နည္းျပခုံတန္းလ်ားကိုသြားရမယ့္ အခ်ိန္ ေကာင္းလို႔ပဲ ထင္တယ္။ ဘာလို႔ မထင္ရမွာလဲေလ။ ဘယ္ေနရာကပဲ စစေပါ့၊

အဲဒါက နိဒါန္းတစ္ခုပဲေလ။ ကြၽန္ေတာ္တို႔ စတင္တဲ့ ေနရာတိုင္းက အေတာက္ ပဆုံး ျဖစ္ေနရမွာ။ ဒီေနရာကေနၿပီး ကြၽန္ေတာ္တို႔ ဘာေၾကာင့္ မစႏိုင္ရမွာလဲ’’ လို႔ ဂေရဟမ္ေပၚတာက ေျပာဆိုသြားခဲ့ပါတယ္။ ေပၚတာဟာ ခ်ဲလ္ဆီး နဲ႔အတူ ၅ ႏွစ္သက္တမ္း စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီးတဲ့ေနာက္

ပရီးမီးယားလိဂ္မွာ စတုတၳေျမာက္ လုပ္ခလစာ အျမင့္မားဆုံး ရေနတဲ့ နည္းျပျဖစ္လာၿပီး တစ္ႏွစ္ ကို ေပါင္ ၁၀ သန္း ရရွိမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ နည္းျပတူခ်ယ္ကို ရာထူးကေန ထုတ္ပစ္ခဲ့ၿပီးတဲ့ေနာက္ ၂၄ နာရီအတြင္းမွာပဲ ေပၚတာကို အစားထိုးခန႔္အပ္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ေပၚတာက ခ်ဲလ္ဆီးမွာ အရမ္းကို စိတ္လႈပ္ရွားစရာေကာင္းတဲ့ ေရွ႕လုပ္ငန္းစဥ္ေတြ ရွိေနၿပီျဖစ္တယ္လို႔လည္း ထုတ္ေျပာခဲ့ပါတယ္။ ‘’အျဖစ္အပ်က္ေတြက မယုံႏိုင္စရာေကာင္းေလာက္ ေအာင္ကို ျမန္ဆန္ေနတာပါ။ အသင္းပိုင္ရွင္ေတြနဲ႔အတူ က်က်နန စကားေျပာခဲ့ၿပီးပါၿပီ။

သူတို႔ဟာ လူေတာ္လူေကာင္းေတြဆိုတာကိုလည္း ကြၽန္ေတာ္ ခ်က္ခ်င္းဆိုသလိုပဲ သိလိုက္ပါတယ္။ သူတို႔ဟာ ျပင္ပဘဝမွာ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြရယူထားႏိုင္ခဲ့တဲ့ လူေတာ္ေတြျဖစ္ၾကပါတယ္။ ဒီမွာလည္း သူတို႔ ေအာင္ျမင္ခ်င္ၾကပါတယ္။

သူတို႔မွာ အရမ္းကို စိတ္လႈပ္ရွားစရာ ေကာင္းတဲ့ စီမံကိန္းေတြရွိေနပါတယ္။ အသင္းကို ေရွ႕ဆက္ဘယ္လို ခ်ီတက္ မယ္ဆိုတာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ စိတ္ကူးမ်ိဳးေတြပါ။ တကယ့္ကို ဘဝင္က်စရာပါပဲ’’ လို႔ ေပၚတာက ေျပာဆိုသြားခဲ့ပါတယ္။