





ချဲလ်ဆီးနည်းပြတူချယ်ဟာ သူ့ဇနီးသည်နဲ့ အိမ်ထောင်ရေးပြိုကွဲသွားပြီလို့
အင်္ဂလန်က Daily Mail သတင်းစာက ဖော်ပြလိုက်ပါတယ်။





သူ့ဇနီးသည်ဖြစ်တဲ့ဆစ်ဆီဟာ ပြီးခဲ့တဲ့အပတ်ကပဲ ကွာရှင်းဖို့အတွက်
လုပ်စရာရှိတာတွေကို စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြန်လည်ပေါင်းထုပ်ဖို့ မျှော်လင့်ချက်ထားကြချိန်မှာ နှစ်ဖက်စလုံးက





လက်လျှော့လိုက်ကြပြီလို့ မိတ်ဆွေသူငယ်ချင်းတွေက ပြောတာပါ။
”ဆစ်ဆီနဲ့သောမတ်စ်တို့ဟာ အိမ်ထောင်ရေးပြိုကွဲမှုကို ရှောင်လွှဲဖို့





ကြိုးစားခဲ့ပေမယ့် အဆုံးသတ်မှာတော့ အခြားနည်းလမ်းမရှိခဲ့ပါဘူး။
အဲဒါဟာ အရမ်းဝမ်းနည်းစရာကောင်းပါတယ်။
အခုတော့ သူတို့သမီးတွေ အဆင်ပြေဖို့က အဓိကဦးစားပေးဖြစ်သွားပါတယ်။





ကွာရှင်မှုလုပ်ဖို့ စာရွက်စာတမ်းတွေကို ပြီးခဲ့တဲ့အပတ်က စီစဉ်ခဲ့ပါတယ်”လို့
နီးစပ်တဲ့သတင်းရင်းမြစ်တစ်ခုက Daily Mail ကို ပြောပါတယ်။





ဂျာနယ်လစ်ဟောင်းလည်းဖြစ်တဲ့ ဆစ်ဆီဟာ ပြီးခဲ့တဲ့သြဂုတ်လကမှ
ဗြိတိန်ကို ပြောင်းရွှေ့လာခဲ့တာပါ။ ၄၈ နှစ်အရွယ် တူချယ်တစ်ယောက်
ပီအက်စ်ဂျီကနေ ချဲလ်ဆီးကို ပြောင်းလာပြီး ၇ လအကြာမှာ ဖြစ်ပါတယ်။





တူချယ်ဟာ အစောပိုင်းကတော့ ဟိုတယ်မှာ နေခဲ့ပေမယ့် နောက်မှသာ
ချဲလ်ဆီးလေ့ကျင့်ရေးကွင်းအနီးက ကော့ဟမ်အရပ်မှာ မိသားစုနဲ့အတူ





ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။ တစ်နှစ်ကို ပေါင် ၇ သန်းရနေတဲ့တူချယ်ဟာ
အခုတော့ ပေါင်သန်းပေါင်းများစွာတန်ကြေးရှိတဲ့ ကွာရှင်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။
လွန်ခဲ့တဲ့ ၁၀ လကပဲ ပေါ်တိုအိမ်ကွင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ





အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် ဆစ်ဆီဟာ ကွင်းကိုဖြတ်ပြေးပြီး တူချယ်ရဲ့
ရင်ခွင်ထဲကိုဝင်ကာ ခင်ပွန်းသည်ရဲ့အောင်မြင်မှုအတွက် ပျော်ရွှင်ကြည်နှုးခဲ့တာပါ။





zawgyi
ခ်ဲလ္ဆီးနည္းျပရဲ႕ ၁၃ ႏွစ္ၾကာအိမ္ေထာင္ေရးတစ္ခန္းရပ္သြားၿပီ
ခ်ဲလ္ဆီးနည္းျပတူခ်ယ္ဟာ သူ႔ဇနီးသည္နဲ႔ အိမ္ေထာင္ေရးၿပိဳကြဲသြားၿပီလို႔





အဂၤလန္က Daily Mail သတင္းစာက ေဖာ္ျပလိုက္ပါတယ္။
သူ႔ဇနီးသည္ျဖစ္တဲ့ဆစ္ဆီဟာ ၿပီးခဲ့တဲ့အပတ္ကပဲ ကြာရွင္းဖို႔အတြက္





လုပ္စရာရွိတာေတြကို စတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
ျပန္လည္ေပါင္းထုပ္ဖို႔ ေမွ်ာ္လင့္ခ်က္ထားၾကခ်ိန္မွာ ႏွစ္ဖက္စလုံးက
လက္ေလွ်ာ့လိုက္ၾကၿပီလို႔ မိတ္ေဆြသူငယ္ခ်င္းေတြက ေျပာတာပါ။





”ဆစ္ဆီနဲ႔ေသာမတ္စ္တို႔ဟာ အိမ္ေထာင္ေရးၿပိဳကြဲမႈကို ေရွာင္လႊဲဖို႔
ႀကိဳးစားခဲ့ေပမယ့္ အဆုံးသတ္မွာေတာ့ အျခားနည္းလမ္းမရွိခဲ့ပါဘူး။





အဲဒါဟာ အရမ္းဝမ္းနည္းစရာေကာင္းပါတယ္။
အခုေတာ့ သူတို႔သမီးေတြ အဆင္ေျပဖို႔က အဓိကဦးစားေပးျဖစ္သြားပါတယ္။
ကြာရွင္မႈလုပ္ဖို႔ စာ႐ြက္စာတမ္းေတြကို ၿပီးခဲ့တဲ့အပတ္က စီစဥ္ခဲ့ပါတယ္”လို႔





နီးစပ္တဲ့သတင္းရင္းျမစ္တစ္ခုက Daily Mail ကို ေျပာပါတယ္။
ဂ်ာနယ္လစ္ေဟာင္းလည္းျဖစ္တဲ့ ဆစ္ဆီဟာ ၿပီးခဲ့တဲ့ၾသဂုတ္လကမွ





ၿဗိတိန္ကို ေျပာင္းေ႐ႊ႕လာခဲ့တာပါ။ ၄၈ ႏွစ္အ႐ြယ္ တူခ်ယ္တစ္ေယာက္
ပီအက္စ္ဂ်ီကေန ခ်ဲလ္ဆီးကို ေျပာင္းလာၿပီး ၇ လအၾကာမွာ ျဖစ္ပါတယ္။
တူခ်ယ္ဟာ အေစာပိုင္းကေတာ့ ဟိုတယ္မွာ ေနခဲ့ေပမယ့္ ေနာက္မွသာ





ခ်ဲလ္ဆီးေလ့က်င့္ေရးကြင္းအနီးက ေကာ့ဟမ္အရပ္မွာ မိသားစုနဲ႔အတူ
ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့တာပါ။ တစ္ႏွစ္ကို ေပါင္ ၇ သန္းရေနတဲ့တူခ်ယ္ဟာ





အခုေတာ့ ေပါင္သန္းေပါင္းမ်ားစြာတန္ေၾကးရွိတဲ့ ကြာရွင္းမႈနဲ႔ ရင္ဆိုင္ေနရပါတယ္။
လြန္ခဲ့တဲ့ ၁၀ လကပဲ ေပၚတိုအိမ္ကြင္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ
အႏိုင္ရဗိုလ္စြဲခဲ့ၿပီးေနာက္ ဆစ္ဆီဟာ ကြင္းကိုျဖတ္ေျပးၿပီး တူခ်ယ္ရဲ႕





ရင္ခြင္ထဲကိုဝင္ကာ ခင္ပြန္းသည္ရဲ႕ေအာင္ျမင္မႈအတြက္ ေပ်ာ္႐ႊင္ၾကည္ႏႈးခဲ့တာပါ။
Leave a Reply