ချဲလ်ဆီးကို ရော်နယ်ဒို ရောက်လာတော့မယ်လို့ တူချယ် အရိပ်ပြတာများလား

အင်စတာဂရမ်မှာပျံ့နှံ့နေတဲ့ ဗွီဒီယိုမှတ်တမ်းတစ်ခုအရ ချဲလ်ဆီးကို ရော်နယ်ဒိုရောက်တော့မလားဆိုတာ ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ကို ပရိသတ်တစ်ယောက်က အမှတ်တရလက်မှတ်ထိုးခိုင်းရင်း ရော်နယ်ဒိုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တာပါ။

“ ကျွန်တော်တို့ ရော်နယ်ဒိုကို ခေါ်နိုင်မှာလား ” လို့ ပရိသတ်ကမေးခဲ့ပါတယ်။ ဒီတော့ တူချယ်က မိန့်မိန့်ကြီးပြုံးပြီး “ မင်းကို ငါ မပြောဘူး ” လို့ ပြန်ဖြေသွားခဲ့တာပါ။

အားလုံးသိတဲ့အတိုင်း ရော်နယ်ဒိုဟာ မန်ယူကထွက်ခွာခွင့်တောင်းထားတယ်ဆိုတဲ့ သတင်းထွက်လာတဲ့နောက် အပြောင်းအရွှေ့ဈေးကွက်ကို

ပေါ်တူဂီကြယ်ပွင့်အကြောင်းက လွှမ်းမိုးနေခဲ့ပါတယ်။ အစောပိုင်းမှာ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်၊ ပီအက်စ်ဂျီတို့နဲ့ သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့

ချဲလ်ဆီးလည်းပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ်ဘိုးလီက ရော်နယ်ဒိုကိုလိုချင်ပေမယ့် တူချယ်က သဘောမကျဘူးဆိုတဲ့သတင်းလည်း ထွက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ချဲလ်ဆီးဟာ အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် လူကာကူကို အင်တာမီလန်ဆီ အငှားပြန်ချလိုက်တာကြောင့် ဗဟိုတိုက်စစ်မှူးတစ်ဦးလိုအပ်နေတာလည်း မငြင်းနိုင်ပါဘူး။

ရီးရဲလ်နဲ့ဂျူဗင်တပ်တိုက်စစ်မှူးဟောင်းဟာ သူ့ရဲ့အစီအစဉ်တွေအတွက် အနှောင့်အယှက်ဖြစ်လာနိုင်တယ်လို့ စိုးရိမ်နေတဲ့တူချယ် စိတ်ပြောင်းသွားပြီလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

(zawgyi)

အင္စတာဂရမ္မွာပ်ံ႕ႏွံ႔ေနတဲ့ ဗြီဒီယိုမွတ္တမ္းတစ္ခုအရ ခ်ဲလ္ဆီးကို ေရာ္နယ္ဒိုေရာက္ေတာ့မလားဆိုတာ ပိုၿပီးစိတ္ဝင္စားစရာေကာင္းလာပါတယ္။

ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကို ပရိသတ္တစ္ေယာက္က အမွတ္တရလက္မွတ္ထိုးခိုင္းရင္း ေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္ခဲ့တာပါ။ “ ကြၽန္ေတာ္တို႔ ေရာ္နယ္ဒိုကို ေခၚႏိုင္မွာလား ” လို႔ ပရိသတ္ကေမးခဲ့ပါတယ္။

ဒီေတာ့ တူခ်ယ္က မိန႔္မိန႔္ႀကီးၿပဳံးၿပီး “ မင္းကို ငါ မေျပာဘူး ” လို႔ ျပန္ေျဖသြားခဲ့တာပါ။ အားလုံးသိတဲ့အတိုင္း ေရာ္နယ္ဒိုဟာ မန္ယူကထြက္ခြာခြင့္ေတာင္းထားတယ္ဆိုတဲ့ သတင္းထြက္လာတဲ့ေနာက္

အေျပာင္းအေ႐ႊ႕ေဈးကြက္ကို ေပၚတူဂီၾကယ္ပြင့္အေၾကာင္းက လႊမ္းမိုးေနခဲ့ပါတယ္။ အေစာပိုင္းမွာ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲလ္၊ ပီအက္စ္ဂ်ီတို႔နဲ႔ သတင္းထြက္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့

ခ်ဲလ္ဆီးလည္းပါဝင္လာခဲ့ပါတယ္။ ဒါ့အျပင္ ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ ေတာ့ဒ္ဘိုးလီက ေရာ္နယ္ဒိုကိုလိုခ်င္ေပမယ့္ တူခ်ယ္က သေဘာမက်ဘူးဆိုတဲ့သတင္းလည္း ထြက္ခဲ့ပါေသးတယ္။

ဒါေပမဲ့ ခ်ဲလ္ဆီးဟာ အသင္းရဲ႕စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ လူကာကူကို အင္တာမီလန္ဆီ အငွားျပန္ခ်လိုက္တာေၾကာင့္ ဗဟိုတိုက္စစ္မႉးတစ္ဦးလိုအပ္ေနတာလည္း မျငင္းႏိုင္ပါဘူး။

ရီးရဲလ္နဲ႔ဂ်ဴဗင္တပ္တိုက္စစ္မႉးေဟာင္းဟာ သူ႔ရဲ႕အစီအစဥ္ေတြအတြက္ အေႏွာင့္အယွက္ျဖစ္လာႏိုင္တယ္လို႔ စိုးရိမ္ေနတဲ့တူခ်ယ္ စိတ္ေျပာင္းသြားၿပီလားဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။