ချဲလ်ဆီးကို ရောင်းထုတ်ပြီး ရုန်းကန်နေရတဲ့ လာလီဂါကလပ်ကို မိုဗစ် ဝယ်ယူတော့မယ်

ရိုမန် အေဗရာမိုဗစ်ဟာ ချဲလ်ဆီးအသင်းကို ရောင်းချပြီးတာနဲ့ စပိန်ကလပ်

ဗလင်စီယာကို ဝယ်ယူဖို့ ကြိုးစားလိမ့်မယ်လို့ သူ့ရဲ့ ပြိုင်ဘက်အနေနဲ့ ကမ်းလှမ်းမယ့်သူက

ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အေဗရာမိုဗစ်က ပြီးခဲ့တဲ့လအတွင်း ချဲလ်ဆီးကို

ရောင်းချမယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ ရုန်းကန်နေရတဲ့

လာလီဂါကလပ်ကို ဝယ်ယူပြီး ဘောလုံးလောကထဲကို အလျင်အမြန်ဝင်ရောက်ဖို့

အလားအလာရှိနေပါတယ်။ စင်ကာပူစီးပွားရေးသမား Peter Lim က ဗလင်စီယာကို

အရောင်းစာရင်းတင်လိုက်ကြောင်း သတင်းတွေထွက်ပေါ်နေပြီး စပိန်စီးပွားရေးသမား

Miguel Zorio က ယူရို ( ၂၄၈ ) သန်းနဲ့ ကမ်းလှမ်းပြီး ဝယ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။

နောက်ပြီး လက်ရှိအသင်းပိုင်ရှင်က အေဗရာမိုဗစ်ထံကနေလည်း ကမ်းလှမ်းမှု

လက်ခံရရှိထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ Zorio က “Peter Lim က

လန်ဒန်မှာ အသင်းကို ယူရို သန်း ( ၂၅၀ ) နဲ့ ရောင်းချဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်သေးပါဘူး။

နောက်ပိုင်းမှာ သူက ကျွန်တော် နှင့် ချဲလ်ဆီးရဲ့ ရုရှားသူဌေးတို့ထံကနေ ကမ်းလှမ်းမှု

( ၂ ) ခု လက်ခံရရှိထားကြောင်း နိုင်ငံတကာ သတင်းဌာနတွေကို ဖွင့်ချခဲ့ပါတယ်။” လို့

ပြောကြားခဲ့ကြောင်း Plaza Deportiva သတင်းဌာနက ‌ရေးသားထားပါတယ်။

ဗလင်စီယာပရိသတ်တွေဟာ မကြာသေးမီက ဘောလုံးရာသီတွေအတွင်း

သူတို့ရဲ့ အသင်းပိုင်ရှင်ကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး အသင်းကို

ရောင်းချဖို့ထိ တိုက်တွန်းခဲ့ကြပါတယ်။ ဗလင်စီယာအသင်းဟာ ( ၂၀၀၀ ) နှင့်

( ၂၀၀၁ ) ခုနှစ်တွေမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေ တက်ရောက်နိုင်ခဲ့ပြီး

( ၂၀၀၂ ) နှင့် ( ၂၀၀၄ ) ခုနှစ်တွေမှာ လာလီဂါချန်ပီယံဖြစ်ခဲ့ကာ

( ၂၀၁၇ ) နှင့် ( ၂၀၁၈ ) ခုနှစ်တွေမှာ ( ၂ ) ရာသီဆက် အဆင့် ( ၄ ) အတွင်း

ဝင်ရောက်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ အဆင့် ( ၁၃ ) နေရာနဲ့သာ

ရာသီကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

zawgyi

ခ်ဲလ္ဆီးကို ေရာင္းထုတ္ၿပီး ႐ုန္းကန္ေနရတဲ့ လာလီဂါကလပ္ကို မုိဗစ္ ဝယ္ယူေတာ့မယ္

႐ိုမန္ ေအဗရာမိုဗစ္ဟာ ခ်ဲလ္ဆီးအသင္းကို ေရာင္းခ်ၿပီးတာနဲ႔ စပိန္ကလပ္

ဗလင္စီယာကို ဝယ္ယူဖို႔ ႀကိဳးစားလိမ့္မယ္လို႔ သူ႔ရဲ႕ ၿပိဳင္ဘက္အေနနဲ႔ ကမ္းလွမ္းမယ့္သူက

ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ေအဗရာမိုဗစ္က ၿပီးခဲ့တဲ့လအတြင္း ခ်ဲလ္ဆီးကို

ေရာင္းခ်မယ့္အေၾကာင္း အတည္ျပဳေျပာၾကားခဲ့ေပမယ့္ လက္ရွိမွာေတာ့ ႐ုန္းကန္ေနရတဲ့

လာလီဂါကလပ္ကို ဝယ္ယူၿပီး ေဘာလုံးေလာကထဲကို အလ်င္အျမန္ဝင္ေရာက္ဖို႔

အလားအလာရွိေနပါတယ္။ စင္ကာပူစီးပြားေရးသမား Peter Lim က ဗလင္စီယာကို

အေရာင္းစာရင္းတင္လိုက္ေၾကာင္း သတင္းေတြထြက္ေပၚေနၿပီး စပိန္စီးပြားေရးသမား

Miguel Zorio က ယူ႐ို ( ၂၄၈ ) သန္းနဲ႔ ကမ္းလွမ္းၿပီး ဝယ္ယူဖို႔ႀကိဳးစားေနတာျဖစ္ပါတယ္။

ေနာက္ၿပီး လက္ရွိအသင္းပိုင္ရွင္က ေအဗရာမိုဗစ္ထံကေနလည္း ကမ္းလွမ္းမႈ

လက္ခံရရွိထားေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ Zorio က “Peter Lim က

လန္ဒန္မွာ အသင္းကို ယူ႐ို သန္း ( ၂၅၀ ) နဲ႔ ေရာင္းခ်ဖို႔ ႀကိဳးစားခဲ့ၿပီး မေအာင္ျမင္ေသးပါဘူး။

ေနာက္ပိုင္းမွာ သူက ကြၽန္ေတာ္ ႏွင့္ ခ်ဲလ္ဆီးရဲ႕ ႐ုရွားသူေဌးတို႔ထံကေန ကမ္းလွမ္းမႈ

( ၂ ) ခု လက္ခံရရွိထားေၾကာင္း ႏိုင္ငံတကာ သတင္းဌာနေတြကို ဖြင့္ခ်ခဲ့ပါတယ္။” လို႔

ေျပာၾကားခဲ့ေၾကာင္း Plaza Deportiva သတင္းဌာနက ‌ေရးသားထားပါတယ္။

ဗလင္စီယာပရိသတ္ေတြဟာ မၾကာေသးမီက ေဘာလုံးရာသီေတြအတြင္း

သူတို႔ရဲ႕ အသင္းပိုင္ရွင္ကို ဆန႔္က်င္ဆႏၵျပမႈေတြ ျပဳလုပ္ခဲ့ၿပီး အသင္းကို

ေရာင္းခ်ဖို႔ထိ တိုက္တြန္းခဲ့ၾကပါတယ္။ ဗလင္စီယာအသင္းဟာ ( ၂၀၀၀ ) ႏွင့္

( ၂၀၀၁ ) ခုႏွစ္ေတြမွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေတြ တက္ေရာက္ႏိုင္ခဲ့ၿပီး

( ၂၀၀၂ ) ႏွင့္ ( ၂၀၀၄ ) ခုႏွစ္ေတြမွာ လာလီဂါခ်န္ပီယံျဖစ္ခဲ့ကာ

( ၂၀၁၇ ) ႏွင့္ ( ၂၀၁၈ ) ခုႏွစ္ေတြမွာ ( ၂ ) ရာသီဆက္ အဆင့္ ( ၄ ) အတြင္း

ဝင္ေရာက္ႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီမွာေတာ့ အဆင့္ ( ၁၃ ) ေနရာနဲ႔သာ

ရာသီကုန္ဆုံးခဲ့တာျဖစ္ပါတယ္။