ချဲလ်ဆီးကိုပြောင်းခဲ့မိတာမှားပြီး ဘယ်တုန်းကမှ အင်တာကနေ မထွက်ခဲ့သင့်ဘူးလို့ လူကာကူဝန်ခံ

အင်တာမီလန်ကနေ ချဲလ်ဆီးကိုပြောင်းရွှေ့ခဲ့တာဟာ အမှားတစ်ခုလုပ်ခဲ့မိတာလို့ လူကာကူက ဖွင့်ဟဝန်ခံလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးဟာ

ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၉၇.၅ သန်းနဲ့ ချဲလ်ဆီးကိုပြောင်းရွှေ့ခဲ့တာပါ။ အခုတော့ အင်တာမီလန်ကို အငှားစာချုပ်နဲ့ပြန်ရောက်လာခဲ့ပါတယ်။ အင်တာကိုပြန်ရောက်လာတာကြောင့်

ပျော်ရွှင်မိသလို စီးရီးအေမှာ သူ့ရဲ့အနာဂတ်တောက်ပလာလိမ့်မယ်လို့လည်း ဘယ်လ်ဂျီယံတိုက်စစ်မှူးက ယုံကြည်နေပါတယ်။ သူဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက

အင်တာဗျူးတစ်ခုမှာ တစ်နေ့ပြန်ရမယ်ဆိုတာသိလို့ မီလန်ကတိုက်ခန်းကိုတောင် ထိန်းသိမ်းထားတယ်လို့ပြောတာကြောင့် ချဲလ်ဆီးပရိသတ်တွေရဲ့အမုန်းဒဏ် ခံခဲ့ရပါသေးတယ်။

အခုလည်း အင်တာရဲ့ရာသီသစ်ဝတ်စုံမိတ်ဆက်ပွဲမှာ “ ကျွန်တော်ထွက်သွားခဲ့တယ်။ ဒါ အမှားတစ်ခုပါပဲ။ အခုတော့ ဒီဝတ်စုံကိုပြန်ဝတ်ရလို့ ပျော်ရပါပြီ။ ကျွန်တော်တို့ ဘာလိုတယ်ဆိုတာ

ဒီအသင်းကသိပါတယ်။ ဒီရာသီကတော့ ပွဲကြီးပွဲကောင်းဖြစ်လိမ့်မယ်။ အခုခြေစွမ်းကို ကျွန်တော်တို့ဆက်ထိန်းဖို့လိုပါတယ်။ အင်္ဂလန်မှာရှိတုန်းကတော့

ကမ္ဘာပေါ်မှာ အင်တာမီလန်ဟာ ဘယ်လောက်အရေးပါလဲဆိုတာ ကျွန်တော် နားလည်ခဲ့ရပါတယ် ” လို့ လူကာကူက ဖွင့်ဟလိုက်တာပါ။ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ

မီလန်ဆီကို ၁၀-၀ ဂိုးနဲ့အနိုင်ရတဲ့ခြေစမ်းပွဲမှာ ချဲလ်ဆီးမှာတုန်းကနဲ့ မတူတဲ့ခြေစွမ်းမျိုးပြနိုင်ခဲ့ပြီး အင်တာအတွက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

(zawgyi)

အင္တာမီလန္ကေန ခ်ဲလ္ဆီးကိုေျပာင္းေ႐ႊ႕ခဲ့တာဟာ အမွားတစ္ခုလုပ္ခဲ့မိတာလို႔ လူကာကူက ဖြင့္ဟဝန္ခံလိုက္ပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ

ေပါင္ ၉၇.၅ သန္းနဲ႔ ခ်ဲလ္ဆီးကိုေျပာင္းေ႐ႊ႕ခဲ့တာပါ။ အခုေတာ့ အင္တာမီလန္ကို အငွားစာခ်ဳပ္နဲ႔ျပန္ေရာက္လာခဲ့ပါတယ္။ အင္တာကိုျပန္ေရာက္လာတာေၾကာင့္ ေပ်ာ္႐ႊင္မိသလို စီးရီးေအမွာ

သူ႔ရဲ႕အနာဂတ္ေတာက္ပလာလိမ့္မယ္လို႔လည္း ဘယ္လ္ဂ်ီယံတိုက္စစ္မႉးက ယုံၾကည္ေနပါတယ္။ သူဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းက အင္တာဗ်ဴးတစ္ခုမွာ တစ္ေန႔ျပန္ရမယ္ဆိုတာသိလို႔ မီလန္ကတိုက္ခန္းကိုေတာင္

ထိန္းသိမ္းထားတယ္လို႔ေျပာတာေၾကာင့္ ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕အမုန္းဒဏ္ ခံခဲ့ရပါေသးတယ္။ အခုလည္း အင္တာရဲ႕ရာသီသစ္ဝတ္စုံမိတ္ဆက္ပြဲမွာ “ ကြၽန္ေတာ္ထြက္သြားခဲ့တယ္။

ဒါ အမွားတစ္ခုပါပဲ။ အခုေတာ့ ဒီဝတ္စုံကိုျပန္ဝတ္ရလို႔ ေပ်ာ္ရပါၿပီ။ ကြၽန္ေတာ္တို႔ ဘာလိုတယ္ဆိုတာ ဒီအသင္းကသိပါတယ္။ ဒီရာသီကေတာ့ ပြဲႀကီးပြဲေကာင္းျဖစ္လိမ့္မယ္။

အခုေျခစြမ္းကို ကြၽန္ေတာ္တို႔ဆက္ထိန္းဖို႔လိုပါတယ္။ အဂၤလန္မွာရွိတုန္းကေတာ့ ကမာၻေပၚမွာ အင္တာမီလန္ဟာ ဘယ္ေလာက္အေရးပါလဲဆိုတာ ကြၽန္ေတာ္ နားလည္ခဲ့ရပါတယ္ ” လို႔

လူကာကူက ဖြင့္ဟလိုက္တာပါ။ ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာ မီလန္ဆီကို ၁၀-၀ ဂိုးနဲ႔အႏိုင္ရတဲ့ေျခစမ္းပြဲမွာ ခ်ဲလ္ဆီးမွာတုန္းကနဲ႔ မတူတဲ့ေျခစြမ္းမ်ိဳးျပႏိုင္ခဲ့ၿပီး အင္တာအတြက္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။