ချဲလ်ဆီးကနေ နှုတ်ဆက်ထွက်ခွာတော့မယ့် ဗာနာ

ချယ်လ်ဆီးအသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရတဲ့ တိုက်စစ်

ကစားသမားဗာနာဟာ လာမယ့်နွေရာသီကျရင်အသင်းနဲ့လမ်းခွဲဖို့ရှိနေပြီလို့

ဂျာမန်မီဒီယာတွေကဖော်ပြနေကြပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ

ဗာနာဟာ ၂၀၂၀၊ ဇွန်လက လိုက်ပ်ဇစ်အသင်းကနေ ပေါင်(၅၃)သန်းနဲ့

ချယ်လ်ဆီးအသင်းဆီရောက်ရှိခဲ့ပြီး အခုအချိန်အထိ မျှော်လင့်သလောက်

ခြေစွမ်းမပြနိုင်သေးပါဘူး။ ဗာနာရဲ့စာချုပ်က ၂၀၂၅ ခုနှစ်အထိ သက်တမ်း

ကျန်ရှိနေပေမယ့် သူနဲ့အေးဂျင့်ဖြစ်သူတို့ဟာ လာမယ့်နွေရာသီကျရင်

ချယ်လ်ဆီးအသင်းကနေထွက်ခွာဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်မှာ (၁၄)ပွဲကစား၊ (၁)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁)ကြိမ်သာ

ပြုလုပ်ထားတဲ့ဗာနာကိုခေါ်ယူဖို့ ဒေ့ါမွန်အသင်းအပါအဝင် ဥရောပကလပ်

အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့လည်း

ခြေစွမ်းမပြနိုင်တဲ့ ဗာနာကို လက်လွှတ်သွားဖို့ရှိနေပြီး သူ့အတွက်

အနည်းဆုံးပေါင်(၃၄)သန်းရရင်ရောင်းချသွားဖို့ရှိတယ်လို့ ဂျာမန်မီဒီယာ

တစ်ခုဖြစ်တဲ့ Sport1 ကဖော်ပြခဲ့ပါတယ်။ ဗာနာဟာ ချယ်လ်ဆီးအသင်းမှာ

လစာအဖြစ်(၁)နှစ်ကို ပေါင်(၁၃.၅)သန်းအထိရရှိနေပြီး အသင်းရဲ့

စတုတ္ထမြောက်လစာငွေအများဆုံးကစားသမားဖြစ်နေတဲ့အတွက်

ချယ်လ်ဆီးအသင်းက လစာငွေအသုံးစရိတ်လျှော့ချဖို့အတွက် ဗာနာကို

ရောင်းချလိုနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက

ဗြိတိန်အစိုးရဟာ ချယ်လ်ဆီးအသင်းကို ကစားသမားအပြောင်းအရွှေ့

လုပ်ဆောင်ခွင့်ပိတ်ပင်ထားပြီး လာမယ့်နွေရာသီမတိုင်ခင် အဲဒီပြစ်ဒဏ်ကို

လျှော့ပေ့ါပေးမှသာ ဗာနာအနေနဲ့ အသင်းပြောင်းရွှေ့ခွင့်ရမှာပါ။

zawgyi

ခ်ဲလ္ဆီးကေန ႏႈတ္ဆက္ထြက္ခြာေတာ့မယ့္ ဗာနာ

ခ်ယ္လ္ဆီးအသင္းမွာ ပုံမွန္ကစားခြင့္ရဖို႔႐ုန္းကန္ေနရတဲ့ တိုက္စစ္

ကစားသမားဗာနာဟာ လာမယ့္ေႏြရာသီက်ရင္အသင္းနဲ႔လမ္းခြဲဖို႔ရွိေနၿပီလို႔

ဂ်ာမန္မီဒီယာေတြကေဖာ္ျပေနၾကပါတယ္။ အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ

ဗာနာဟာ ၂၀၂၀၊ ဇြန္လက လိုက္ပ္ဇစ္အသင္းကေန ေပါင္(၅၃)သန္းနဲ႔

ခ်ယ္လ္ဆီးအသင္းဆီေရာက္ရွိခဲ့ၿပီး အခုအခ်ိန္အထိ ေမွ်ာ္လင့္သေလာက္

ေျခစြမ္းမျပႏိုင္ေသးပါဘူး။ ဗာနာရဲ႕စာခ်ဳပ္က ၂၀၂၅ ခုႏွစ္အထိ သက္တမ္း

က်န္ရွိေနေပမယ့္ သူနဲ႔ေအးဂ်င့္ျဖစ္သူတို႔ဟာ လာမယ့္ေႏြရာသီက်ရင္

ခ်ယ္လ္ဆီးအသင္းကေနထြက္ခြာဖို႔အတြက္ ျပင္ဆင္မႈေတြျပဳလုပ္ေနၿပီျဖစ္ပါတယ္။

ဒီရာသီပရီးမီးယားလိဂ္မွာ (၁၄)ပြဲကစား၊ (၁)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁)ႀကိမ္သာ

ျပဳလုပ္ထားတဲ့ဗာနာကိုေခၚယူဖို႔ ေဒ့ါမြန္အသင္းအပါအဝင္ ဥေရာပကလပ္

အသင္းေတြက စိတ္ဝင္စားေနၾကပါတယ္။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔လည္း

ေျခစြမ္းမျပႏိုင္တဲ့ ဗာနာကို လက္လႊတ္သြားဖို႔ရွိေနၿပီး သူ႔အတြက္

အနည္းဆုံးေပါင္(၃၄)သန္းရရင္ေရာင္းခ်သြားဖို႔ရွိတယ္လို႔ ဂ်ာမန္မီဒီယာ

တစ္ခုျဖစ္တဲ့ Sport1 ကေဖာ္ျပခဲ့ပါတယ္။ ဗာနာဟာ ခ်ယ္လ္ဆီးအသင္းမွာ

လစာအျဖစ္(၁)ႏွစ္ကို ေပါင္(၁၃.၅)သန္းအထိရရွိေနၿပီး အသင္းရဲ႕

စတုတၳေျမာက္လစာေငြအမ်ားဆုံးကစားသမားျဖစ္ေနတဲ့အတြက္

ခ်ယ္လ္ဆီးအသင္းက လစာေငြအသုံးစရိတ္ေလွ်ာ့ခ်ဖို႔အတြက္ ဗာနာကို

ေရာင္းခ်လိုေနတာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ခုရွိတာက

ၿဗိတိန္အစိုးရဟာ ခ်ယ္လ္ဆီးအသင္းကို ကစားသမားအေျပာင္းအေ႐ႊ႕

လုပ္ေဆာင္ခြင့္ပိတ္ပင္ထားၿပီး လာမယ့္ေႏြရာသီမတိုင္ခင္ အဲဒီျပစ္ဒဏ္ကို

ေလွ်ာ့ေပ့ါေပးမွသာ ဗာနာအေနနဲ႔ အသင္းေျပာင္းေ႐ႊ႕ခြင့္ရမွာပါ။