
ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့မှာ ဒေ့ါမွန်ကို
(၁-ဝ)ဂိုးနဲ့ရှုံးနိမ်ခဲ့ပြီးတဲ့နောက် ချယ်လ်ဆီးနည်းပြဂရေဟမ်ပေါ်တာက
သူတို့အသင်းဟာ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ကြွေးကြော်
လိုက်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒေ့ါမွန်ကို ရှုံးခဲ့ပေမယ့် ခြေစွမ်းကောင်းပြသနိုင်ပြီး
ဂိုးပေါက်ကန်သွင်းချက်(၂၁)ကြိမ်အထိရှိခဲ့သလို ယာအိုဖိလစ်ရဲ့ အပိုင်
အခွင့်အရေး(၂)ကြိမ် လွဲချော်မှုကြောင့်သာ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း
အာဂျင်တီးနားလူငယ်ကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်ကို ဗြိတိန်စံချိန်တင်
ပြောင်းရွှေ့ကြေး ပေါင်(၁၀၇)သန်းနဲ့ခေါ်ယူခဲ့တာအပါအဝင်
ကစားသမားသစ်တွေအတွက် ပေါင်သန်း(၃၀၀)အထိ အသုံးပြုပြီတော့
ပြင်ဆင်ခဲ့ပေမယ့် အသင်းက အခုအချိန်အထိ ရုန်းကန်နေရဆဲဖြစ်သလို
၂၀၂၃ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၉)ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့ပါတယ်။
ဒေ့ါမွန်နဲ့ပွဲအပြီးမှာ ဂရေဟမ်ပေါ်တာက “ကျွန်တော်တို့အသင်းဟာ
ဘယ်လိုအနေအထားမှာရောက်နေလဲဆိုတာနဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ
အများကြီးရှိတာကို ကစားသမားတွေအားလုံး နားလည်ထားပြီး
အဲဒီအတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။
ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက အကောင်းဆုံးအနေအထားဖြစ်နေပြီး
ကံလည်းနည်းနည်းကောင်းဖို့သာ လိုတယ်လို့ ကျွန်တော် ယူဆမိပါတယ်။
ဒီညပွဲက ခြေစွမ်းမျိုးကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားရမှာဖြစ်သလို အခုထက်
ပိုကောင်းအောင် အားထုတ်သွားရမှာပါ။ ဒါက ကျွန်တော်အပါအဝင်
အသင်းမှာရှိတဲ့သူတိုင်း ဆောင်ရွက်ရမယ့် တာဝန်ပါပဲ”လို့ပြောကြားခဲ့ပါတယ်။
[Zawgyi]
ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့မွာ ေဒ့ါမြန္ကို
(၁-ဝ)ဂိုးနဲ႔ရႈံးနိမ္ခဲ့ၿပီးတဲ့ေနာက္ ခ်ယ္လ္ဆီးနည္းျပဂေရဟမ္ေပၚတာက
သူတို႔အသင္းဟာ လမ္းေၾကာင္းမွန္ေပၚေရာက္ေနၿပီလို႔ ေႂကြးေၾကာ္
လိုက္ပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ ေဒ့ါမြန္ကို ရႈံးခဲ့ေပမယ့္ ေျခစြမ္းေကာင္းျပသႏိုင္ၿပီး
ဂိုးေပါက္ကန္သြင္းခ်က္(၂၁)ႀကိမ္အထိရွိခဲ့သလို ယာအိုဖိလစ္ရဲ႕ အပိုင္
အခြင့္အေရး(၂)ႀကိမ္ လြဲေခ်ာ္မႈေၾကာင့္သာ ရႈံးပြဲေတြ႕ခဲ့တာျဖစ္ပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း
အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ အန္ဇိုဖာနန္ဒက္ဇ္ကို ၿဗိတိန္စံခ်ိန္တင္
ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၁၀၇)သန္းနဲ႔ေခၚယူခဲ့တာအပါအဝင္
ကစားသမားသစ္ေတြအတြက္ ေပါင္သန္း(၃၀၀)အထိ အသုံးျပဳၿပီေတာ့
ျပင္ဆင္ခဲ့ေပမယ့္ အသင္းက အခုအခ်ိန္အထိ ႐ုန္းကန္ေနရဆဲျဖစ္သလို
၂၀၂၃ ခုႏွစ္အတြင္း ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ(၉)ပြဲမွာ (၁)ပြဲသာ အႏိုင္ရခဲ့ပါတယ္။
ေဒ့ါမြန္နဲ႔ပြဲအၿပီးမွာ ဂေရဟမ္ေပၚတာက “ကြၽန္ေတာ္တို႔အသင္းဟာ
ဘယ္လိုအေနအထားမွာေရာက္ေနလဲဆိုတာနဲ႔ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈေတြ
အမ်ားႀကီးရွိတာကို ကစားသမားေတြအားလုံး နားလည္ထားၿပီး
အဲဒီအတြက္လည္း ရင္ခုန္စိတ္လႈပ္ရွားမိပါတယ္။
ကစားသမားေတြရဲ႕ စိတ္ဓာတ္ပိုင္းက အေကာင္းဆုံးအေနအထားျဖစ္ေနၿပီး
ကံလည္းနည္းနည္းေကာင္းဖို႔သာ လိုတယ္လို႔ ကြၽန္ေတာ္ ယူဆမိပါတယ္။
ဒီညပြဲက ေျခစြမ္းမ်ိဳးကို ဆက္ထိန္းႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္သလို အခုထက္
ပိုေကာင္းေအာင္ အားထုတ္သြားရမွာပါ။ ဒါက ကြၽန္ေတာ္အပါအဝင္
အသင္းမွာရွိတဲ့သူတိုင္း ေဆာင္႐ြက္ရမယ့္ တာဝန္ပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။