ချယ်လ်ဆီးအသင်း ဒဏ်ရာပြဿနာနဲ့ အကြီးအကျယ်ရင်ဆိုင်နေရပြီး ဒဏ်ရာရ ကစားသမား(၁၀)ဦးအထိရှိ

ရလဒ်တွေဆိုးရွားနေတဲ့ ချယ်လ်ဆီးအသင်းအတွက် ‘မြွေပူရာ ကင်းမှောက်’

ဆိုသလို အသင်းမှာ စီနီယာကစားသမား(၁၀)ဦးအထိ ဒဏ်ရာပြဿနာနဲ့
ရင်ဆိုင်နေရပါတယ်။

မန်စီးတီးကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တောင်ပံတိုက်စစ်ကစားသမားတွေ
ဖြစ်တဲ့ ပူလီဆစ်နဲ့ စတာလင်တို့ဟာ ဒဏ်ရာရရှိခဲ့တာကြောင့် ပထမပိုင်းမိနစ်
(၂၀)အတွင်းမှာပဲ လူစားလဲခံခဲ့ရပါတယ်။

ဒီကစားသမားနှစ်ဦးအပြင် တခြားကစားသမား(၈)ဦးအထိ ဒဏ်ရာ
ရနေတာကြောင့် ဖိအားများနေတဲ့ နည်းပြဂရေဟမ်ပေါ်တာအတွက်
ကစားသမားရွေးချယ်မှုအပိုင်းမှာ ခေါင်းခဲစရာဖြစ်နေပါပြီ။

မန်စီးတီးနဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်မှာ ကွင်းလယ်တိုက်စစ်
ကစားသမား မေဆင်မောင့် ဒဏ်ရာရရှိခဲ့တာကြောင့် အဲဒီပွဲကို လွဲချော်ခဲ့သလို
သူနဲ့အတူ ဂိုးသမားမန်ဒီ၊ နောက်ခံလူတွေဖြစ်တဲ့ ရိစ်ဂျိမ်းစ်၊ ဖိုဖာနာ၊ ချီဝဲလ်၊

ကွင်းလယ်လူ ကွန်တေ၊ လော့ဖ်တက်စ်ချိခ်၊ တိုက်စစ်ကစားသမားတွေဖြစ်တဲ့
ဘရိုယာ၊ ပူလီဆစ်၊ စတာလင်တို့ အားလုံး ဒဏ်ရာရနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ FA ဖလားတတိယအဆင့်ပွဲအဖြစ် မန်စီးတီးကို
အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပြီး ဇန်နဝါရီလကုန်ပိုင်းမှာ လီဗာပူးလ်နဲ့
အန်ဖီးလ်ကွင်း ပရီးမီးယားလိဂ်ပွဲအဖြစ် ရင်ဆိုင်ရမှာဖြစ်သလို ပွဲကျပ်ကာလကို
ဖြတ်သန်းရမယ့်အချိန်မှာ ကစားသမားတွေ ဒဏ်ရာပြဿနာရှိနေလို့ ဂရေဟမ်ပေါ်တာ
အတွက် ကြီးမားတဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရတော့မှာပါ။

[Zawgyi]

ရလဒ္ေတြဆိုး႐ြားေနတဲ့ ခ်ယ္လ္ဆီးအသင္းအတြက္ ‘ေႁမြပူရာ ကင္းေမွာက္’
ဆိုသလို အသင္းမွာ စီနီယာကစားသမား(၁၀)ဦးအထိ ဒဏ္ရာျပႆနာနဲ႔

ရင္ဆိုင္ေနရပါတယ္။

မန္စီးတီးကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ေတာင္ပံတိုက္စစ္ကစားသမားေတြ

ျဖစ္တဲ့ ပူလီဆစ္နဲ႔ စတာလင္တို႔ဟာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ပထမပိုင္းမိနစ္
(၂၀)အတြင္းမွာပဲ လူစားလဲခံခဲ့ရပါတယ္။

ဒီကစားသမားႏွစ္ဦးအျပင္ တျခားကစားသမား(၈)ဦးအထိ ဒဏ္ရာ
ရေနတာေၾကာင့္ ဖိအားမ်ားေနတဲ့ နည္းျပဂေရဟမ္ေပၚတာအတြက္
ကစားသမားေ႐ြးခ်ယ္မႈအပိုင္းမွာ ေခါင္းခဲစရာျဖစ္ေနပါၿပီ။

မန္စီးတီးနဲ႔ပြဲမတိုင္ခင္ ေလ့က်င့္ခန္းအစီအစဥ္မွာ ကြင္းလယ္တိုက္စစ္
ကစားသမား ေမဆင္ေမာင့္ ဒဏ္ရာရရွိခဲ့တာေၾကာင့္ အဲဒီပြဲကို လြဲေခ်ာ္ခဲ့သလို
သူနဲ႔အတူ ဂိုးသမားမန္ဒီ၊ ေနာက္ခံလူေတြျဖစ္တဲ့ ရိစ္ဂ်ိမ္းစ္၊ ဖိုဖာနာ၊ ခ်ီဝဲလ္၊
ကြင္းလယ္လူ ကြန္ေတ၊ ေလာ့ဖ္တက္စ္ခ်ိခ္၊ တိုက္စစ္ကစားသမားေတြျဖစ္တဲ့

ဘ႐ိုယာ၊ ပူလီဆစ္၊ စတာလင္တို႔ အားလုံး ဒဏ္ရာရေနပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ FA ဖလားတတိယအဆင့္ပြဲအျဖစ္ မန္စီးတီးကို

အေဝးကြင္းပြဲက်ပ္ကစားရမွာျဖစ္ၿပီး ဇန္နဝါရီလကုန္ပိုင္းမွာ လီဗာပူးလ္နဲ႔
အန္ဖီးလ္ကြင္း ပရီးမီးယားလိဂ္ပြဲအျဖစ္ ရင္ဆိုင္ရမွာျဖစ္သလို ပြဲက်ပ္ကာလကို
ျဖတ္သန္းရမယ့္အခ်ိန္မွာ ကစားသမားေတြ ဒဏ္ရာျပႆနာရွိေနလို႔ ဂေရဟမ္ေပၚတာ
အတြက္ ႀကီးမားတဲ့စိန္ေခၚမႈနဲ႔ ရင္ဆိုင္ရေတာ့မွာပါ။